မီဇိုရမ် နှင့် မြန်မာအစိုးရက ၎င်းတို့အလိုရှိသော ပုဂ္ဂိုလ်စာရင်း အပြန်အလှန်ပေးအပ်

မီဇိုရမ် နှင့် မြန်မာအစိုးရက ၎င်းတို့အလိုရှိသော ပုဂ္ဂိုလ်စာရင်း အပြန်အလှန်ပေးအပ်
by -
ခိုနူမ်ထုန် သတင်းဌာန

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည် နယ်အစိုးရ နှင့် မြန်မာအစိုးရတို့က ၎င်းတို့အလို ရှိနေသော(wanted List) ရာဇဝတ် ပြစ်မှုကျူး လွန်သူ စာရင်းများကိုအပြန်အလှန်ပေးအပ်ခဲ့ကြ သည်ဟုသိရသည်။

ယခုလ ၁၈ ရက်နေ့က ချင်းပြည်နယ် ဖလမ်းမြို့တွင် ကျင်းပခဲ့သည့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ရေးရာ အရာရှိများ တွေ့ဆုံပွဲ (Border Liaison Officer Meeting) တွင် ယခုကဲ့သို့အပြန်အလှန်ပေးအပ်ခဲ့ကြ ခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်တွင် လက်နက်မှောင်ခို၊ လူသတ်မှု နှင့် မကောင်းမှုဒုစရိုက်အမျိူးမျိူးကျူးလွန်ပြီးမြန်မာနိုင်ငံ ဘက်သို့ ထွက် ပြေးသွားသူဟု ယူဆရသည့် ပုဂ္ဂိုလ် ၂၆ ဦး၏ အမည်စာရင်းကိုမြန်မာအစိုးရ ထံပေးအပ်ခဲ့ပြီး မြန်မာအစိုးရဘက် မှ လည်း ၎င်းတို့အလိုရှိနေသော ပုဂ္ဂိုလ်တဦး၏ အမည်စာရင်းကို မီဇိုရမ်အစိုးရထံပေး အပ်ခဲ့သည်ဟု မီဇိုရမ်နေ့စဉ်ထုတ် The Zozam Times သတင်းစာတွင်ဖော်ပြထားသည်။

ယခုကဲ့သို့ အလိုရှိနေသော ပုဂ္ဂိုလ်များကို မိမိနိုင်ငံအသီးသီးတွင် ရှာဖွေဖော်ထုတ်ကြပြီး ဖမ်းဆီးရမိပါက အပြန် အလှန်ပေးအပ်ကြမည်ဟု ဆွေးနွေးပွဲတွင်တက် ရောက်ခဲ့သူ ကျန်ဖိုင်း Superintendent of Police (SP) Pu C. Lalthanmawia ကပြောသည်။

‘‘ မီဇိုရမ်အစိုးရက အလိုရှိနေတဲ့ ပုဂ္ဂိုလ်တွေကို မြန်မာအာဏာပိုင်တွေက ဖမ်းမိရင်တော့ကျနော်တို့လက်ထဲ ကို ပြန်အပ် ရမယ်၊ မြန်မာအစိုးရက အလိုရှိနေတဲ့ ပုဂ္ဂိုလ်ကိုလည်း ကျနော်တို့ဖမ်းမိရင် မြန်မာအစိုးရထံကို ပြန်အပ်မှာပေါ့’’ ဟု သူက ပြောသည်။

အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အသုံးပြုကာ မူးယစ်မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေသူများ၊ မီဇိုရမ်တွင် ခိုးဆိုးလုယက်မှုလုပ်နေသော မြန်မာနိုင်ငံသားများ နှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်သူများအား ဖမ်းဆီးနိုင်ရန် ယခင် ကထက် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် သက်ဆိုင်ရာ အရာရှိများ၏ တယ်လီဖုန်းနံ ဘတ်များကိုလည်း အပြန်အလှန်ပေး အပ်ခဲ့ကြသည်ဟုသတင်းစားကဆိုသည်။

ထို့အပြင် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင်  မြန်မာဘက်မှ အရာရှိများအား အင်္ဂလိပ်စာ သင်ကြားပေးရန် ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြပြီး ဖလမ်းမြို့ အထွေထွေအုပ်ချူပ်ရေးမှူးရုံးတွင် မီဇိုးဘာသာစကား ကျွမ်းကျင်သော ၀န်ထမ်းတဦးကို ခန့်အပ်ရန်လည်း သဘောတူညီခဲ့ကြသည်ဟုသိရသည်။

ယခုလ ၁၈ ရက်နေ့က တွေ့ဆုံပွဲတွင် အိန္ဒိယအစိုးရဘက်မှ  ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ Narcotic Control Bureau လက်ထောက် ဒါရိုက်တာ Vijay Kumar Shahasane ဦးဆောင်ပြီးမြန်မာအစိုးရကိုယ်စား လှယ်အဖြစ် ဖလမ်းမြို့ နယ် အုပ်ချူပ်ရေးမှူး ဦးခင်မောင်ဝင်းက ဦးဆောင်သည်ဟုသိ ရသည်။

Most read this week