သတ္တုတူးတရုတ်လောပန်း မတွေ့သဖြင့် ရွာသားများအား ငွေဒဏ်တပ်

သတ္တုတူးတရုတ်လောပန်း မတွေ့သဖြင့် ရွာသားများအား ငွေဒဏ်တပ်
by -
မွေခေါဝ်

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု - သျှမ်းပြည်အရှေ့ပိုင်း NDAA - ESS မိုင်းလား တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အနီး လှုပ်ရှားနေသော မြန်မာ စစ်တပ်က ရွာသားများသတ္တုလာရောက်တူးဖော် သော တရုတ်လောပန်းအား မတွေ့သ ဖြင့်ငွေ ဒဏ်တပ် ကြောင်း သံလွင်အရှေ့ခြမ်းသတင်း ရပ်ကွက်အရ သိရှိရပါသည်။

“တရုတ်လောပန်းတွေ ထင်းရူးဆီလာဝယ်တာ၊ သတုလာတူးတာတွေ့လားလို့ ရွာသူကြီးကိုမေးတယ်။ မတွေ့မိဘူးလို့ ဖြေ တော့ တအိမ်ကို တရုတ်ယွမ်ငွေ ၁၀၀ ( မြန်မာငွေကျပ် ၁၆၀၀၀ ခန့်) ပိုက်ဆံထည့် ရ မယ်။ မထည့်တဲ့အိမ်ဆို ပြစ်ဒဏ်ပေး ခြင်းခံရမယ်လို့ကိုပြောတာ။ ရွာသူကြီးကို ချက်ချင်းကောက်ပြီး ပေးခိုင်းတယ်။ ဒီလ ၁၅ ရက်နေ့ကပေါ့။ ပို်က်ဆံမရှိတဲ့သူ တွေက သူများဆီငှားပြီး ပေးရတယ်” ဟု ကျိုင်းတုံရောက်ဒေသခံ အခါအမျိုးသားတစ်ဦးကပြောပါ သည်။

မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စု ၀မ့်ဟွေမူးရွာ၊ ဟွေ့ပွန်းရွာမှ ဆုတ်ခွာလာသော မိုင်းယန်း အခြေစိုက် ခလရ ၂၇၉ က အိမ်ခြေ ၁၄ ရှိ ၀မ့်မတ်လော(တ်)ကောင် အခါရွာဘက်ရွှေ့ပြောင်းလှုပ်ရှား နေကြောင်း၊ မိုင်း လွေကျေးရွာ အုပ်စု အတွင်း အဆိုပါကျေးရွာဘက်တွင် ငွေစင်သတုထွက်ရှိသဖြင့် သတုတူးဖော်ခြင်းနှင့် ထင်းရူးဆီအဝယ် လိုက် သော တရုတ်လော ပန်းများသတင်းသွားရောက်မေးမြန်း ခြင်းဖြစ်ကြောင်းမိုင်းယန် းမြို့ပေါ်ရောက် ဒေသခံများက ပြောပါသည်။

“တရုတ်လောပန်းတွေကိုတွေ့ရင် သတင်းပို့ပေးရမယ်။ သတင်းမပို့ဘူးဆိုရင် တစ်ရွာလုံးကို မီးရှို့ပစ်မယ် လို့ခြိမ်း ခြောက် သွားတယ်။ တရုတ်လောပန်း တွေလာရင်ပိုက်ဆံတောင်းဖို့ဘဲနေမှာပေါ့”ဟုအဆိုပါ ဒေသခံကဆက်လက် ပြော ပါသည်။

ခလရ ၂၇၉ ၀မ့်ဟွေမူးမှ ထွက်ခွာသွားသောကြောင့် ရွာသူရွာသားများ ပျော်ရွှင်နေကြသည်ဟုဆို၏။

“၀င်လာတုန်းက ပိုက်ဆံပေးပြီး စည်းရုံးပေမဲ့ ရွာသားတွေရဲ့ ကြက် ၀က်တွေကို အများကြီး ယူစား တယ်။ မိန်းကလေး တွေ ရေချိုးရင်လဲ သွားချောင်းကြည့်တယ်။ ဗမာစစ်သားတွေ ထွက်သွားလို့အားလုံးပျော်နေ ကြတာ” ဟု ဒေသခံ နောက်တစ်ဦး ကလည်း ပြောပါသည်။

ငွေစင်သတ္တုထွက်ရှိသော မိုင်းလွေကျေးရွာအုပ်စုရှိ ရွာ ရ ရွာအတွင်း သြဂတ်စ်လဆန်းပိုင်းက မိုင်းယန်း အခြေစိုက် ခလရ ၂၇၉ ၀င်ရောက်လာစဉ် ရွာငယ်ကျပ်ငါးသောင်း၊ ရွာကြီးကျပ်တစ်သိန်း ပေးကာ ရွာသားများ အားစည်းရုံးခဲ့ဖူးသည်။