ကရင်ပြည်နယ် ကော့ကရိတ်မြို့အရှေ့ဘက်တွင် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တိုးတက်သော ဗုဒ္ဓဘာသာကရင် အမျိုးသား တပ်မတော် (DKBA)ပူးပေါင်းတပ် ဖွဲ့ များနှင့် အစိုးရဘက်မှ တပ်ရင်း(၉၇)တို့ ယနေ့ တိုက်ပွဲဖြစ်ပွားရာ မြန်မာအစိုးရစစ်သည် ၁ ဦး ကျ ဆုံးသွားခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။
ယနေ့ မွန်းတည့် ၁၂နာရီတွင် ကော့ကရိတ်မြို့မှ ၂မိုင်အကွာအဝေးရှိသည့် တတန်ကူးရွာအနားတွင် ဗိုလ်ကြီး စောကညော ဦး ဆောင်သည့် KNLA တပ်ရင်း(၁၀၁)နှင့် ဗိုလ်စောနော့မု ဦးဆောင်သည့် DKBA ကလိုထူးဝါး စစ်ဗျူဟာ တပ်ရင်း(၉၀၇) ပူးပေါင်း တပ်ဖွဲ့ဝင်များသည် စကခ(၁၂) လက်အောက်ခံ ခလရ(၉၇)တပ်ရင်းနှင့် တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း DKBA ကလို့ထူးဘောဗျူဟာမှဗိုလ်မှူးစောဆန်း အောင်က ကေအိုင်စီကို ပြောသည်။
ဗိုလ်မှူးစောဆန်းအောင်က “ဒီနေ့ နေ့လည် ၁၂နာရီမှာ ကျနော်တို့ DKBA နဲ့ KNLA တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရန်သူတပ်ကို ၀င်တိုက်ကြတယ်။ တိုက်ပွဲကတော့ မိနစ် ၅၀ကျော် ကြာပြီး ရန်သူ့ဘက်က ၁ ယောက်ကျ တယ်။”ဟု ပြောသည်။
အဆိုပါတိုက်ပွဲမှာ လုံခြံုရေးအရ လှုပ်ရှားသွားလာနေသည့် အစိုးရစစ်တပ်များကို ပြောက်ကျားစနစ်ဖြင့် အလစ် ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ မိမိတို့ဘက်မှ ထိခိုက်၊ ကျဆုံးမှုမရှိဟုလည်း ဗိုလ်မှူးဆန်းအောင်က ဆက် လက် ပြောဆိုသည်။
ကော့ကရိတ်မြို့နယ်တွင် ကလို့ထူးဝါး စစ်ဗျူဟာ လက်အောက်ခံ တပ်ရင်းများဖြစ်သည့် (၉၀၁)၊ (၉၀၂)နှင့် (၉၀၇)တပ်ရင်းများ KNLA တပ်မဟာ(၇) လက်အောက်ခံ တပ်ရင်း(၁၀၁)တို့ အခြေစိုက် လှုပ်ရှားလျှက်ရှိပြီး အစိုးရဘက်မှ စကခ(၁၂) လက် အောက်ခံ တပ်ရင်းများ စစ်ရေးလှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။
ထို့အပြင် မြဝတီမြို့နယ်၊ ဝေါ်လေဂွင်ရှိ ၀ါ့မီထာ့နေရာတွင် ယနေ့ည ၆ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွား နေသည် ဟု ကေအိုင်စီ က သတင်းရရှိသော်လည်း မည်သည့်အဖွဲ့များဖြစ်ပြီး ထိခိုက်မှု မည်သို့ရှိသည်ကိုမူ ကေအိုင်စီက အသေးစိတ် မသိရှိရသေး ဘဲ စုံစမ်းဆက်သွယ်နေဆဲ ဖြစ်သည်။