ဘီအန်အိုင်မှကြီးမှူးကျင်းပသော အမျိုးသမီးအင်တန် သင်တန်းဆင်းပြီး

ဘီအန်အိုင်မှကြီးမှူးကျင်းပသော အမျိုးသမီးအင်တန် သင်တန်းဆင်းပြီး

အမျိုးသမီးများ စွမ်းရည်မြင့်တင်ရေး အတွက်ဘီအန် အိုင်မှ ကြီးမှူးကျင်းပသော အမျိုးသမီးအင်တန် သင်တန်း ကို စက်တင်ဘာ (၁၅) ရက်နေ့တွင်ပြီး ဆုံးပြီး သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

အဆိုပါအမျိုးသမီးသင်တန်းကို ဘီအန်အိုင်အဖွဲ့ ၀င်တိုင်းရင်းသားသတင်းဌာနအသီးသီးမှ သင်တန်းသူ(၇ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၃)လကြာမြင့်သည်။ အမျိုးသမီးအင်တန် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ် ချက်နှင့်ပက်သက်ပြီး ဘီအန်အိုင်အဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဦးခင်မောင်ရွှေမှယခုလိုပြောသည်။

    အမျိုးသမီးသတင်းထောက်အင်တန်လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာဖို့ဖြစ်တယ်။ နောက်တစ်ခုကတော့ မြန်မာပြည်မှာ အမျိုးသမီးတွေနဲ့ ခလေးတွေရဲ့ခံစားချက်အသံလေးတွေ အားနဲနေသေးတယ်။ ဒါကိုကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေချင်တယ်။

ဒါပေမဲ့ဒီသင်တန်းပြီးသွားတာနဲ့ သူတို့တတွေချက်ချင်းလက်ငင်း အလုပ်ဖြစ်တယ်ဟာမျိုးတော့ပြောလို့မရသေးဘူး။ သူတို့မှာအတွေ့အကြံုဗဟုသုတတွေ ထပ်ပြီးတော့လေ့လာရမယ်။ ရေးသားရမယ် စသည်ဖြင့်အများကြီးရှိဦးမယ်။ အဲဒီလိုတဖြေးဖြေးပျိုးထောင်ပေးရမယ်လေ။ ကျွန်တော်တို့သင်တန်း(၃)လပေးပြီးတော့ သက်ဆိုင်ရာ သူတို့သတင်းဌာနအယ်ဒီတာတွေနဲ့တွဲပြီးထပ်လေ့ကျင့်ရမယ်။

    အဆိုပါအမျိုးသမီးအင်တန်သင်တန်းကို ဇူလိုင်လ(၁၆)ရက်နေ့တွင် စတင်လေ့ကျင့်သင်ကြားခဲ့သည်။ သင်တန်းလေ့ကျင့်ပေးမှုနှင့်ပက်သက်ပြီး ၄င်းတို့အတွက်အကျိုးရှိသည်ဟု ရှမ်းသံတော်ဆင့်သတင်းဌာနမှ သင်တန်းသူတစ်ဦး ဖြစ်သူ မမွေဖှမှ ယခုလိုပြောပါသည်။

    ကျွန်မအရင်တုန်းက သတင်းသင်တန်း Feature သင်တန်း ရေဒီယိုသင်တန်း တခါမှမတက်ဘူးဘူး။ အမျိုးသမီးနဲ့ပက်သက်တဲ့အကြောင်းတွေလဲမသိခဲ့ဘူး။ ဒီသင်တန်းတက်ပြီးမှ သတင်းဘယ်လိုရေးရသလဲ Feature ဘယ်လိုရေးရသလဲသိလာတယ်။ အသေးစိပ်သင်ပေးတဲ့အတွက် သတင်းတွေလဲရေးတတ်လာတယ်။

    သင်တန်းကာလအစပိုင်းအတွင်း လက်တွေ့သတင်းလိုက်နေရသောကြောင့် အခက်အခဲရှိသော်လည်း နောက်ပိုင်းကာလများတွင် သတင်းပိုရေးဖြစ်ခဲ့သည်ဟု ရွှေဟင်္သာ(ပေါ့ထော)သတင်းဌာနမှ သင်တန်းသူတစ်ဦးဖြစ် သူ မိဖြူဖြူကိုမှပြောသည်။

    သတင်းလိုက်ဖို့ဖုန်းနဲ့အဆက်အသွယ်ယူတဲ့နေရာမှာ အစတုန်းကဆိုရင်ကျွန်မတို့အပေါ် လူတွေက ယုံကြည်မှုမရှိဘူး။ တခြားကိုယ့်အယ်ဒီတာနာမည်ကိုပြောဆိုမိတ်ဆက်ပေးပြီးမှ ဆက်သွယ်ရတယ်။ အခုဒီသင်တန်း မှကျတော့ သတင်းဆိုရင်ကျွန်မတို့ကိုယ်တိုင်အင်တာဗျူးရတယ်။ ကိုယ်ကိုယ်တိုင်ရေးတတ်လာ တယ်ပေါ့နော်။ ဆောင်းပါးဆိုရင်လဲဆောင်းပါးမို့လို့ပေါ့နော်။ လက်တွေ့ကျကျကျွန်မတို့ပိုရေးတတ်လာတယ်။

    ဘီအန်အိုင်ခေါ် နိုင်ငံတကာမြန်မာသတင်းဌာနကို (၂၀၀၃)ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဝင်အဖြစ် လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ကချင်သတင်းဌာန၊ ကုလာတန်သတင်းဌာန၊ ကန္တာရဝတီတိုင်း(ကရင်နီ) သတင်းဌာန၊ ရွှေဟင်္သာ(ပေါ့ထော)သတင်းဌာန၊ ကေအိုင်စီ(ကရင်)သတင်းဌာန၊ ခိုနှုံးထုန်(ချင်း)သတင်းဌာန၊ မဇ္စျိမသတင်းဌာန၊ နိရဥ္စရာသတင်းဌာန၊ သတင်းနှင့်မီဒီယာကွန်ယက်၊ ရှမ်းသံတော်ဆင့်သတင်းဌာန အစရှိသည့် တိုင်းရင်းသားသတင်းဌာန(၁၀)ဖွဲ့ဖြင့် စုဖွဲ့ထားပါသည်။