အစိုးရဝန်ထမ်းကိစ္စ UWSA အစည်းအဝေးကျင်းပ

အစိုးရဝန်ထမ်းကိစ္စ UWSA အစည်းအဝေးကျင်းပ
by -
မွေခေါဝ်

ဝ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ကမိမိတို့နယ်မြေအတွင်းပြန်လည်ဝင် ရောက်လာ မည့် အစိုးရ ဝန်ထမ်းများနှင့်ပတ်သက် ၍ ဗဟိုဌာန ချုပ် ပန်ဆန်း၌ အစည်းအဝေးတစ် ရပ်ယနေ့ပြုလုပ် ကြောင်း တရုတ်-မြန်မာနယ်စပ် သတင်းများအရ သိရသည်။

“ဝ ဘက်ကလဲ သူတို့လူတွေကို အစိုးရထိန်းချုပ်နယ်မြေထဲပို့ပြီး ဆက်ဆံရေးရုံးတွေ ပြန်ဖွင့်တော့မယ်။ အစိုးရလဲ သူတို့ ရဲ့ဝန်ထမ်းတွေကို ဝ နယ်မြေထဲ ပြန်ပို့လာတော့မယ်ဆိုတော့ အစိုးရဝန်ထမ်းတွေအတွက် ဘယ်လိုစီစဉ် ပေးမှာလဲဆိုတဲ့ ကိစ္စတွေနဲ့  ပတ်သက်ပြီး အစည်းအဝေးလုပ်တာပါ” ဟု တရုတ -မြန်မာ နယ်စပ်မှဒေသခံတစ်ဦး က ပြောပါသည်။

ပန်ဆန်းမြို့

UWSA မှ အစိုးရဝန်ထမ်းများဖြစ်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေ(နတလ) ဝန်ထမ်း များ၊ လယ်ယာစိုက်ပျိုးရေးဝန်ထမ်းများ၊ ဆရာ/ဆရာမ၊ ဆရာဝန်၊ ဆောက်လုပ်သား စုစုပေါင်း ၁၀၀ အထိ လက်ခံခဲ့ သည်ဟုဆို၏။ ဝ နှင့်စစ်အစိုးရတို့ကြား အခြေအနေတင်းမာလာသဖြင့် စစ်အစိုးရဘက်မှ၎င်းတို့ ၏ဝန်ထမ်းများအားလုံး ကို ၂၀၁၀ ဧပြီလ၌ ပြန်လည်ခေါ်ယူခဲ့သည်။

“နယ်ခြားစောင့်တပ်နဲ့ ပတ်သက်ပြီး ကျနော်တို့နဲ့ စစ်အစိုးကြား အခြေအနေတင်းမာလာတယ်။ နှစ်ဖက် ဆက်ဆံ ရေးလဲ ပျက်ပြားလာတာကြောင့် အစိုးရဝန်ထမ်းတွေလဲ ပြန်သွားကြတယ်။အခုအခြေအနေက အရင်ကနဲ့မတူ တော့ ကြိုတင် ပြင်ဆင်ရတာပေါ့” ဟု ဝ အရာရှိနှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသည်။

UWSA နှင့် အရင်းနှီးဆုံး မဟာမိတ်ဖြစ်သော အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစုသျှမ်းပြည် အရှေ့ပိုင်း NDAA - ESS မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေ မိုင်းလားနှင့်တာလော့ နယ်စပ်ကူးဂိတ်ရှိသည့် အတွက် အစိုးရဘက်မှ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက)နှင့် အကောက်ခွန်ရုံးကိုပါလာရောက်ဖွင့်လှစ်ထား သည်။

“ကျနော်တို့ဖက်ကတော့ သတိထားပြီး အစိုးရဝန်ထမ်းတွေနဲ့ ဆက်ဆံသွားမှာပါ။ လက်ရှိအစိုးရဟာအရေခွံ လဲ ထားတဲ့ မြွေလိုပါဘဲ။ အရေခွံသစ်ဖြစ်လာပေမဲ့ မြွေသစ်မဖြစ်လာပါဘူး” ဟု မိုင်းလားအရာရှိတစ်ဦး ကပြောပါ သည်။

စက်တင်ဘာ ၆ ရက် UWSP ကိုယ်စားလှယ်များ၊ စက်တင်ဘာ ရ ရက် NDAA ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ် စား လှယ်များ တွေ့ဆုံစဉ် “နှစ်ဖက်ဆက်ဆံရေးရုံးများ နဂိုမူလအတိုင်း ပြန်လည်ဖွင့်လှစ်ခြင်း”အပါ အဝင် အချက် ၄ ချက်ကို သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

Most read this week