နမ်ဆန်ယန် မြန်မာစစ်စခန်းအား KIA မီးရှို့ ဖျက်ဆီး

နမ်ဆန်ယန် မြန်မာစစ်စခန်းအား KIA မီးရှို့ ဖျက်ဆီး
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်တောင်ပိုင်း မြစ်ကြီးနားလိုင်ဇာလမ်း ပိုင်းတစ်နေရာ နမ်ဆန်ယန် (Namsan Yang) ကျေးရွာရှိ မြန်မာအစိုးရတပ်စခန်း ၃ ခုအနက် တစ်ခုအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က တနင်္လာနေ့ ညပိုင်းတွင် မီးရှို့ဖျက်ဆီးလိုက်သည် ဟု KIA အရာရှိများအတည်ပြုပြောသည်။

Nam_san_yang_myen

၎င်းကျေးရွာရှိ လဇိန်ကောင် (Lazing Kawng) ပေါ်မှ မြန်မာစစ်တပ်၏ အဓိက တပ်စခန်း အဆောက်အအုံ ၃ ခုသည် ဒေသစံတော်ချိန် ည ၁၀ နာရီခန့်တွင် KIA ၏ ရှို့မီးကြောင့် လုံးဝ ပြာကျသွားသည်ဟုကျေးရွာ သားတစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။

ယင်းစခန်းသည် မြစ်ကြီးနား-လိုင်ဇာလမ်းဘေးတွင်တည်ရှိကာ ဖြတ်သန်းသွားလာသူများ အားရပ်တန့် ကာ ၎င်းတို့သယ်ယူလာသည့်ကုန်ပစ္စည်းများအတွက် ပိုက်ဆံကောက်ခံသည့်အပြင်ခရီးသွား များအား ယင်းစခန်းထဲ ခေါ်သွင်းပြီး မေးမြန်း စစ်ဆေးလေ့ရှိသည်ဟု ထပ်ဆိုသည်။

ယခုအဖြစ်အပျက် မတိုင်ခင် ၅ ရက်အလိုတွင် ၎င်းတပ်စခန်းမှမြန်မာစစ်သားများမှာ ရွာထဲ အခြားစခန်း၂ ခုသို့ ရွှေ့ပြောင်းသွားသည့်အတွက်ကြောင့် မီးရှို့မှုတွင် တစ်စုံတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဟု ရွာသားများ ပြောသည်။

ဇွန် ၉ ရက်မှစတင်ကာ မြန်မာအစိုးရစစ်တပ်က ဆန်ဂန် KIA စစ်စခန်းကို ထိုးစစ်ဆင်လာပြီးနောက်ပိုင်း နမ်ဆန်ယန်ကျေးရွာသည် စစ်ပွဲဖြစ်ရာ ဒေသထဲ ပါ၀င်လာသည်။

Most read this week