ပုသိမ်မီးလောင် သိန်း ၁၂ဝ ကျော်ဖိုး ဆုံးရှုံး

ပုသိမ်မီးလောင် သိန်း ၁၂ဝ ကျော်ဖိုး ဆုံးရှုံး
by -
ဇွဲခန့်

နယူးဒေလီ(မဇ္စျိမ)။        ။ ဆိုင်ခန်းပေါင်း ၁၂ ဆိုင်မီးလောင်ကာ ကာလတန်ဖိုး ကျပ်သိန်း ၁၂ဝ ကျော်ဆုံးရှုံးခဲ့ ရသည့် မီးလောင်မှုတခု ပုသိမ်မြို့၊ ဗဟိုစျေးအနီး ကုန်သည်လမ်းနှင် ရွှေဆိုင်တန်း လမ်းဒေါင့်ရှိဆိုင်ခန်းတန်း တွင် တနင်္ဂနွေနေ့က ဖြစ်ခဲ့သည်ဟု ပုသိမ်မြို့ မီးသတ်ဦးစီးဌာနမှ ပြောသည်။

မီးလောင်မှုကြောင့် ကုန်သည်လမ်းရှိ ဇင်မျိုးအေး၊ ပြည့်ဝ၊ သရဝဏ်နှင့် ရွှေသမင် စသည့် ရွှေဆိုင်များ မီးထဲပါသွားခဲ့ သည်။ မီးလောင် သွားသည့်ဆိုင်ခန်းများမှာ နှစ်ထပ်တိုက်ခန်းများဖြစ်ပြီး ပုသိမ်မြို့ အချက်အချာ အကျဆုံး မြို့လယ်ကောင် တွင်ရှိသည့် ဆိုင်ခန်း များဖြစ်သည်။

“မီးပျက်သွားတဲ့ အချိန် မီးစက်နိုးတာလေ။ မီးစက် အသေးလေးကိုတဲ့ နိုးတာ။ ဆီဖြည့်ပြီးတော့ ဆီပြည့် မပြည့်ပေါ့နော် မီးခြစ် ခြစ်ပြီးတော့ ကြည့်တယ်တဲ့ အဲဒီကနေ စလောင်တာ” ဟု တိုင်းမီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။ ည ရ နာရီမှ စတင်လောင်သည့်မီးသည် ည ၁ဝ နာရီတွင် ငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဆိုင်ခန်းများ၏ အနောက်ဖက်တွင် ရိုးမဘဏ်၊ တောင်ဖက်ခြမ်းတွင် မြဝတီဘဏ်နှင့် M.O.B စ သည့် ပုဂ္ဂလိက ဘဏ်များလဲရှိပြီး မီးလောင်မှု ဖြစ်ပွားစဉ် သံဃာတော်များနှင့် မီးလောင်မှု အနီး တွင်ရှိသည့် ဗလီကျောင်းရှိ မွတ်စလင် ဘာသာဝင်များမှလည်း လာရောက် ကူညီပေးကြသည်ဟုမျက်မြင် သက်သေ တဦးမှ ဆိုသည်။

ပုသိမ်မြို့နယ်တွင် ယခုနှစ် မိုးတွင်းကာလအစပိုင်းအတွင်း ယခုလိုကြီးမားသည့် မီးလောင်မှုမျိုးကမ်းနားလမ်း တွင်လည်း တကြိမ် ဖြစ်ခဲ့ဖူးသည်ဟု ဆိုသည်။

တိုင်းမီးသတ်ဦးစီးဌာနမှ ရဲစခန်းနှင့် သက်ဆိုင်ဌာနများကို သတင်းပေးပို့ထားပြီးှ ယခုအခါ အဆိုပါမီးလောင်မှု ကိုပေါ့ဆမီး အဖြစ် မှတ်ချက်ပေးထားကာ ပုဒ်မ ၂၂၇/၂ဝ၁၁၊ ပုဒ်မ ၂၈၅ ဖြင့်အရေးယူထားကြောင်းသိရ သည်။