ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးမြန်မာအစိုးရ စစ်တပ်၏ ကားလမ်းဂိတ်စခန်း ၃ခုကိုတိုးတက် သောဗုဒ္ဓဘာသာ ကရင်အ မျိုးသားတပ်မတော်-DKBA က ယမန်နေ့ ညနေ ၁နာရီကျော်အချိန်တွင် ပြောက်ကျားစနစ်ဖြင့် တပြိုင်နက်တည်း ၀င်ရောက် တိုက်ခိုက်ခဲ့သည်။
အစိုးရစစ်တပ် တပ်မ(၁၂)လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ(၃၅၅) အခြေစိုက်လျှက်ရှိသည့် ကော့ကရိတ်မြို့နှင့် တစ်မိုင် ကျော်အကွာရှိ ရန်ကုတ်၊ အောက်ဘိုတဲနှင့် သစ်ခြောက်ပင်အစိုးရဂိတ်စခန်း များကို ကလို့ထူးဘောဌာနချုပ် လက်အောက်ခံ ကလို့ထူးဝါး စစ်ဗျူဟာတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ကလို့ထူးဘောဗျူဟာမှ ဗိုလ်မှူးစောဆန်းအောင်က “ကျနော်တို့ DKBA မရှိတော့ဘူးလို့ အစိုးရ သတင်းစာမှာ ဖော်ပြခဲ့တဲ့အ ပေါ် အစိုးရတပ်တွေကို ကျနော်တို့ ဒီလိုတိုက်ပွဲမျိုး ဆင်လာတာ ဖြစ်ပါတယ်။”ဟု ပြောသည်။
အဆိုပါ တိုက်ပွဲများအတွင်း နှစ်ဦးနှစ်ဘက် ၁နာရီခန့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီး DKBA က၎င်းတို့ ဘက်တွင် ထိခိုက်ဒဏ် ရာရမှု မရှိသလို အစိုးရတပ်ဘက်တွင် ထိခိုက်မှု ရှိမရှိကိုမူ မသိရှိရကြောင်း ၎င်းက ဆက်ပြောသည်။
လွန်ခဲ့သည့် ရက်ပိုင်းအတွင်း DKBA ကလို့ထူးဘောစစ်ဗျူဟာကို စနစ်တကျ ပြန်လည်ဖွဲ့စည်းလိုက်ပြီဟု DKBA ဘက်မှ ပြော ဆိုခဲ့ပြီးနောက် ယခုတိုက်ပွဲမှာ ပထမဆုံးအကြိမ် ဖြစ်ပွားသည့် တိုက်ပွဲလည်း ဖြစ်သည်။
ဗိုလ်မှူးကြီးစောကျော်သက် ဦးဆောင်သည့် ကလို့ထူးဝါး စစ်ဗျူဟာ ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ဂိတ်စခန်း ၃ခုမှာ စခန်းတခု လျင် မြန်မာစစ်တပ်အင်အား ၂၀ နှင့် ၃၀ အကြားတွင် ရှိသည်ဟု DKBA က ပြောသည်။
DKBA ကို ပြန်လည်ဖွဲ့ပြီးသည့်နောက် စက်တင်ဘာလ ၆ရက်နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူရှိ ကရင်နယ် ခြားစောင့်(BGF) တပ်ဖွဲ့ဝင် ၂၀ကျော်သည် ထိုဒေသတဝိုက် လှုပ်ရှားနေသည့် ဗိုလ်မှူးစောဘိ ဦးစီးသော DKBA တပ်ဖွဲ့များထံ သို့ လာရောက်ပူးပေါင်းခဲ့သည်။
ထိုသို့ လာရောက်ပူးပေါင်းသည့် BGF တပ်ဖွဲ့ဝင်များမှာ ဗိုလ်မှူးစိုးနိုင် ဦးစီးသည့် (၁၀၁၁)တပ်ရင်းနှင့် ဗိုလ်မှူး မောင်ချစ် ဦးစီး သည့် (၁၀၁၄)တပ်ရင်းမှ လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်သည်။စက်တင် ဘာလ ၂ ရက် နေ့က ဘားအံမြို့အခြေစိုက် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ KSDDP က DKBA ကို အသိအမှတ် မပြုတော့ကြောင်း အစိုးရပိုင်သတင်းစာတွင် ဖော်ပြခဲ့သည်။ ထိုထုတ်ပြန်ချက်ကို DKBA က ငြင်းဆိုခဲ့ပြီး ၎င်း တို့အဖွဲ့ရှိသေးကြောင်း ပြသသည့်အနေဖြင့် BGF နှင့် အစိုးရတပ်အခြေစိုက်ရာ နေရာကို မကြာသေးခင်က ၀င်ရောက်တိုက် ခိုက်ခဲ့ဖူးသည်။