SSPP/SSA ခြုံခိုတိုက်ခိုက်မှုကြောင့် ပွိုင့်ထိုး လမ်းပြသည့် အသွင်ပြောင်းတပ်ဖွဲ့ပါဒဏ်ရာရ

SSPP/SSA ခြုံခိုတိုက်ခိုက်မှုကြောင့် ပွိုင့်ထိုး လမ်းပြသည့် အသွင်ပြောင်းတပ်ဖွဲ့ပါဒဏ်ရာရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်  SSPP/SSA ၏ ခြုံခိုတိုက် ခိုက် မှုကြောင့် မြန်မာစစ်တပ်နှင့်အတူလိုက်ပါလမ်းပြ သော လားရှိုး ဟန်နားပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦး အပြင်းအထန်ဒဏ်ရာရကာရန်ကန်မင်္ဂလာဒုံစစ်ဆေး ရုံသို့ ပို့ဆောင်ကုသခံ နေရ ကြောင်းသျှမ်းပြည် မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။

 သျှမ်းပြည်တပ်မတော်သားများ
ပြီးခဲ့သည့် တနင်္ဂနွေနေ့က လားရှိုးမြို့ နမ့်မ-မောက်တောင်း အနီး၌တကြိမ်၊ ကျေးသီးမြို့ ဝမ့်ဝပ်၌တကြိမ် နှင့် မိုင်းရှူးမြို့ ဟိုင်းပါအုပ်စု၌ တကြိမ် SSPP/SSA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများဖြစ်ပွါးခဲ့ရာမြန်မာ စစ်တပ်ဖက် အသေ အကျများ ပြား ခဲ့ကြောင်း သျှမ်းပြည်တပ်မတော် အသိုင်းအဝိုင်းထံမှ သိရသည်။

“ ဦးလွယ်မောဝ်း ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ပေါ့။ လားရှိုးမြို့ ဟန်နားရွာက ပြည်သူ့စစ် စိုင်းလောင် တဲ့။ သူတို့က မြန်မာစစ်တပ်ကို လိုက်ပါလမ်းပြပေးနေတာကြာပြီ။ သျှမ်းပြည်တပ်မတော်ကိုထိုးစစ်ဆင် တယ်။ ရမ်းတမ်းပစ်ခတ်လို့ ကျေးလက်လူထု သေကြေကြရတယ် ” - ဟုသျှမ်းပြည်တပ်မတော်အရာရှိ တဦးက ပြောသည်။

ယခုလ ၄ ရက်နေ့ မနက် ၁၁ နာရီ မိနစ် ၃၀ ခန့်  သျှမ်းပြည်တပ်မတော်၏ မြို့နယ် အမှတ် ၁၀ လုံခြုံရေး တပ် တပ်ကြပ် စိုင်းဟန်နှင့် အပေါင်းအပါ ၂ ယောက်က  စကခ ၁၆ လက်အောက်ခံလားရှိုး အခြေစိုက် ခမရ ၅၂၂ မှအင်အား ၂၄ ယောက် ပါ စစ်ကြောင်းတကြောင်းအား ခြုံခိုတိုက်ခိုက်ရာ မြန်မာစစ်တပ်ဖက် ၃ ယောက် သေဆုံးကာ ဗိုလ်ကြီးတယောက်နှင့်အတူ လိုက်ပါလမ်းပြသောဟန်နား ပြည်သူ့စစ်စိုင်းလောင်တို့ ဒဏ်ရာ အပြင်းအထန်ရခဲ့ကြခြင်းဖြစ်ကြောင်း လားရှိုးရောက် ဟန်နားရွာသားတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

“ စိုင်းလောင်နဲ့ အဲ့ဒီဗိုလ်ကြီးကို လားရှိုးဆေးရုံကနေ ရန်ကုန် မင်္ဂလာဒုံဆေးရုံကို ပို့လိုက်ပြီ။ သူတို့ကို သျှမ်းအဖွဲ့ က ဟန်နား အုပ်စု နားဟစ်ရွာနဲ့ မောက်တောင်းရွာကြားမှာ ခြုံခိုပစ်ခတ်တာ” ဟု ၎င်းက ပြောသည်။

အလားတူ ထိုနေ့ရက် မနက် ၁၀ နာရီကလည်း ကျေးသီးမြို့နယ် ဝမ့်ဝပ်အုပ်စု ကောင်းလန်းရွာအနီး၌ (အမည် မသိရသေး သည့်) နမ့်ပုတ်ဂိတ်မှ မြန်မာစစ်ကြောင်းတကြောင်းအား  သျှမ်းပြည်တပ်မတော် တပ်မဟာ ရ၄ က ခြုံခိုတိုက်ခိုက်ရာ မြန်မာ စစ်တပ်ဖက်မှ ၆ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း၊ ၎င်းတို့၏ ဝမ့်ဝပ်ဘုန်းကြီးကျောင်းရောက် ဒဏ်ရာရစစ်သားများကို စစ်ကား ၅ စီးဖြင့် ဝမ့်ဖျက်ဖက်သို့ သယ်သွားကြောင်း ကျေးသီးရောက် ကောင်းလန်းရွာသားတဦး ကပြောသည်။

အဆိုပါနေ့ရက်၏ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်တွင်မူ (၂ ရက်နေ့ကတည်းက) မိုင်းရှူးမှ ထွက်လာသည့် မြန်မာစစ်တပ် အင် အား ၈၀ ကျော်ပါစစ်ကြောင်းတကြောင်းအား ဟိုင်းပါအုပ်စုအနီး ဖတ်းကီးရွာနှင့် ဟိုင်းဟွမ် ရွာ ကြား၌ ၁၅ မိနစ်ကြာ ခြုံခို တိုက်ခိုက်ရာ မြန်မာစစ်တပ်ဖက် ၃ ယောက်သေဆုံး၍ ၂ယောက် ဒဏ်ရာရသည် ကိုတွေ့ရကြောင်း သျှမ်းပြည် တပ် မတော် မှ အရာရှိတဦးကပြောသည်။

တိုင်းပြည်အေးချမ်းရေးအတွက်ဟုဆိုက ပြည်ထောင်စုလွှတ်တော်မှ ရွေးကောက်ခံလွှတ်တော်အမတ် များအား တိုင်းရင်း သားရေးရာ နှင့် ပြည်တွင်းငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီဖွဲ့စည်းသော်လည်း ရှေ့တန်းစစ်မျက် နှာ၌ အစိုးရတပ် စစ်အင်အားရုပ်သိမ်းခြင်းမရှိသော ကြောင့် နေ့စဉ်ရက်ဆက်တိုက်ပွဲ များဖြစ်ပွားလျက်ရှိသည်။

Most read this week