ပြည်နယ်ရဲမှူးကြီး လူယုံတော်ကြောင့် ရဲအရာရှိအများအပြားပြောင်းရွှေ့ခံရ

ပြည်နယ်ရဲမှူးကြီး လူယုံတော်ကြောင့် ရဲအရာရှိအများအပြားပြောင်းရွှေ့ခံရ
by -
သျှမ်းသံတော်ဆင့်

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ကြပ် စိုးဝင်းကျော်သည် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ရှိ Blue Sky ဟိုတည် အထူးခန်း၌ အခန်းပြတ်ငှား၍ ရဲတပ်ဖွဲ့ဝင် များ၏ အခြေအနေကို ထောက်လှမ်းသတင်းပေးပို့  နေ သည်မှာ ၆ လခန့်ရှိပြီ ဖြစ်သည်။

သျှမ်းပြည်နယ် ရဲမှူးကြီးစိန်ဝင်း၏ လူယုံ ဖြစ်ပြီး မူစယ်ခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ သတင်းနေ့စဉ်မနက် တစ်ကြိမ် ၊ ညတစ်ကြိမ် ဖုန်းဖြင့်တင်ပြရသူ ဖြစ်သည်။

ရဲများအပေါ် မိုက်ကြေးခွဲနေသူဟု မူစယ်ခရိုင် ရဲအသိုင်းအဝိုင်းက ၎င်းအား သမုတ်ကြသည်။ ထို့အပြင်ရဲတပ်ဖွဲ့ ဝင်များ အနေဖြင့်လည်း ရာထူးနေရာမြဲရေးအတွက် ပြည်နယ်မှူးကို ကပ်ဖားနေရသည်ဟု ဆိုသည်။

ယခုရက်ပိုင်း မမှန်သတင်း တင်ပြမှုကြောင့် ရဲအရာရှိ ၄ ဦးခန့် ပြောင်းရွှေ့ခံခဲ့ရပြီး မူစယ်၊ နမ့်ခမ်း၊ ပန်ဆိုင်းနှင့် ကွတ်ခိုင်မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင် အားလုံးက ၎င်းအား ကြောက်ရွံ့နေရသည်ဟု ဆိုသည်။

သာမန်ရဲတပ်ကြပ်တစ်ဦး၏ လစာမှာ ကျပ် ၄ သောင်းခန့်သာ ရှိသော်လည်း ရဲမှူးကြီး၏ လူယုံ တပ်ကြပ် စိုးဝင်းကျော်မှာ စားသောက်စားရိတ်မပါ နေ့စဉ် ဟော်တည် အခန်းခ ကျပ် ၁၅၀၀၀ နှင့် ဂေါက်ရိုက်ခ ၃၀၀၀၀ ခန့် သုံးဖြုန်းနိုင်ကြောင်း သိရသည်။