ကွန်ပြူတာသင်တန်း အကျိုးရှိဟု ကရင်လူငယ်များ ပြောဆို

ကွန်ပြူတာသင်တန်း အကျိုးရှိဟု ကရင်လူငယ်များ ပြောဆို
by -
နန်းဖော့ဂေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်လောင်းကိုင် ကျေးရွာတွင် တစ်လကြာ သင်ကြားပို့ချခဲ့သည့် ကွန်ပြူတာသင်တန်းမှာ အကျိုးရှိသည်ဟု သြဂုတ်လ ၂၉ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သင်တန်းဆင်းပွဲတွင် ပါ၀င်တက်ရောက်ခဲ့သူ ကရင်လူငယ် သင်တန်းသား များက ပြောဆိုသည်။

ကွန်ပြူတာသင်တန်းဖွင့်ပွဲ အခမ်းအနား (Photo-KIC)ဖလုံပညာတိုးတက်ရေးယူနစ် (Plone Education Development Unit-PEDU) မှ ဦးစီးပံ့ပိုးခဲ့သည့် အဆိုပါသင်တန်းကို ဇူလိုင် လ ၃၁ရက်နေ့မှ သြဂုတ်လ ၂၉ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရဟန်းသံဃာ အပါအဝင် လူထုပရိဿတ် ၃၀၀ကျော် တက် ရောက်ခဲ့ကြသည်ဟု သိရသည်။

သင်တန်းတက်ရောက်ခဲ့သူ လောင်းကိုင်ရွာခံတစ်ဦးက “ကျနော်တို့ လောင်းကိုင်ရွာမှာ ဒီလိုကွန်ပြူတာ သင်တန်း တခါမှမလုပ် ဖူးဘူး။ ကွန်ပြူတာကို မြင်တောင်မမြင်ဖူးဘူး။ အခုလို PEDU အဖွဲ့က ဦးစီးပြီး လုပ်ပေးတာ ကျနော်တို့ရွာခံအနေနဲ့ အတော်ပဲ ၀မ်းသာမဆုံး ဖြစ်ရပါတယ်။”ဟု ပြောသည်။

သင်တန်းတွင် ကော့ကရိတ်မြို့နယ်ရှိ လောင်းကိုင်၊ သမိန့်ဒို၊ ၀ိဇ္ဖာကုန်းနှင့် အခြားရွာတရွာတို့မှကရင်လူငယ် မောင်မယ် ရ၀ဦး သင်ယူခဲ့ကြပြီး PEDU အဖွဲ့မှ ကရင်လူငယ် ရဦးက ဆရာအဖြစ် သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်သည်။

Student_learningကွန်ပြူတာသင်တန်းဆရာ စ'စံသာကလည်း “ဒီကွန်ပြူတာ သင်တန်းဟာ သင်တန်းကာလ ၁လဆိုပေမယ့် မြို့တွေမှာလို သင် ကြားမယ်ဆိုရင် ၁နှစ်စာလောက် ရှိတယ်။ ဒီသင်တန်းတစ်လဟာ သင်တန်းသူသင်တန်း သားတွေအတွက် ဘဝ အာမခံချက် ပေးနိုင်ပါတယ်။ သင်တန်းသားတွေသာ မိမိတို့ပညာရပ်ကိုအသုံးချတတ် ဖို့ပဲ လိုတော့တယ်။”ဟု မှာကြားပြောဆိုခဲ့သည်။

ကွန်ပြူတာ ၂၃လုံးဖြင့် သင်ကြားခဲ့သည့် ၎င်းသင်တန်းတွင် အခြေခံ စာစီစာရိုက်၊ Power point, Pagemaker, Photoshop, Video editing, Hardware, MP3-VCD-DVD ပြုလုပ်နည်းများကိုသင်ကြား ပေးသွားခဲ့ပြီး သင်တန်းသားများအနေဖြင့် ပညာ တော်သင် သွားရောက်ရာတွင်အကျိုးရှိနိုင် ကြောင်းလည်း သင်တန်းဆရာများက ပြောဆိုသည်။

သင်တန်းသူ နော်အဲဖောကလည်း ကွန်ပြူတာသင်တန်းတက်ရတာ အားရကျေနပ်မိကြောင်း၊ စိတ်ရှည်စွာ စေတနာထား သင် ကြားပေးသည့် ဆရာများနှင့် သင်တန်းဖြစ်မြောက်ရေး ကော်မတီကိုလည်း အထူး ကျေးဇူးတင်ကြောင်းနှင့် အလားတူ သင် တန်းမျိုး ဆက်လက် လုပ်ဆောင်သွားစေလိုကြောင်း ကေအိုင်စီကို ပြောဆိုသည်။

PEDU အဖွဲ့ကို ၂၀၀၃ခုနှစ်ခန့်က တောင်ကလေး ဆရာတော် ဦးပညာသာမိနှင့် ကရင်လူငယ်များ ပါ၀င်ဖွဲ့ စည်းထားခြင်းဖြစ်ပြီး ကရင်ကျေးရွာများတွင် အင်္ဂလိပ်စာသင်တန်းများနှင့်ကွန်ပြူတာသင်တန်းများ ကို လိုက်လံဆောင်ရွက်ပေးလျှက်ရှိသည်။

လာမည့် စက်တင်ဘာလ ၄ ရက်နေ့တွင်လည်း နိုင်ငံတကာ အဆင့်မီ အင်္ဂလိပ်စာသင်တန်းကို ၃ လကြာ သင်ကြားပို့ချသွားမည် ဟုလည်း သိရသည်။

Most read this week