နယ်မြေခံ စစ်တပ်က ရခိုင် ကွမ်းသီး ခြံပိုင်ရှင်များထံမှ ငွေကောက်

နယ်မြေခံ စစ်တပ်က ရခိုင် ကွမ်းသီး ခြံပိုင်ရှင်များထံမှ ငွေကောက်
by -
ခိုင်သိန်း

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အခြေစိုက် ခမရ ၃၇၀ တပ်ရင်းက အနီးအနားရှိ ကွမ်းသီးခင်းပိုင်ရှင် များထံမှ ငွေကောက်ခံနေသည်ဟု သတင်းရရှိ သည်။

ကွမ်းသီးခင်းပိုင်ရှင်များထံမှ ငွေကောက်ခံခဲ့သည့် တပ်ရင်းမှာ မြောက်ဦးအခြေစိုက် ခမရ ၃၇၀ ဖြစ်ပြီး တပ်ရင်း ဗိုလ်ကြီး စန်းလွင် ဦးဆောင်ပြီး ကောက်ခံနေသည်ဟု ငပကွ ကျေးရွာသား တဦးက နိရဥ္စရာသို့ ပြောသည်။

betelnut" ခမရ ၃၇၀ တပ်က ဗိုလ်ကြီး စန်းလွင်က ကျွန်တော်တို့ရွာကို လာပြီး ကွမ်းသီးခင်းတဧကကို ကျပ်ငွေ ၅၀၀၀ ကျစီ ယခုလ ၁၈ ရက်ကနေ ၂၀ ထိ ကာက်ခံခဲ့ပါတယ်။ ကျွန်တော်တို့ ဒေသမှာက အဓိက ကွမ်းသီးခင်း လုပ်ကိုင် စားသောက်သူတွေများ ပါတယ်။ တချို့မှာဆိုရင် ကွမ်း သီးခင်း ဧက ၂၀ ကျော် ထိရှိကြပါတယ်။ သူတို့ဆီမှာလည်း ဧကအရေအတွက် အလိုက် ငွေကောက်ခံ နေပါ တယ်။ အယင်တုန်းက ဒီလို ကောက်ခံတာ မရှိပါဘူး။ အခု အရပ်သား အစိုးရလက်ထက်ကျမှ ကောက်ခံလာ တာ ဖြစ်ပါတယ်။"

ငွေကောက် ခံနေရသော ကျေးရွာများမှာ မြောက်ဦးမြို့မှ ၁၂ မိုင်အကွာတွင်ရှိသော လေးမြို့စားရွာ၊ ခမောင်း တောရွာ၊ လက်သန်းချေရွာ၊ ကြက်မကျီီရွာ၊ တန်းပျက်ကြီးရွာ၊ ပါးတော်ရွာ၊ ငမဲပြင်ရွာ၊ ငပကွရွာနှင့် ကျွဲတဲရွာများ ဖြစ်သည်။

၎င်းအပြင် စစ်တပ်မှ သိမ်းယူထားသော မြေကွက်လပ်များတွင် ကွမ်းသီးပင် စိုက်ပျိုးရန်အတွက် ကွမ်းသီး ပျိုးပငများကို စျေးနှိမ်ပြီး မရောင်းမနေရ ခြိမ်းခြောက်ပြီး ၀ယ်ယူနေသည်ဟုလည်း သူက ပြောသည်။

" ကွမ်းသီးပျိုးပင် တစ်ပင်ကို အပြင်မှာ ကျပ်ငွေ ၁၅၀ ရှိပါတယ်။ ဗိုလ်ကြီး စန်းလွင်ဦးဆောင်တဲ့အဖွဲ့က သူတို့ စစ်တပ်က သိမ်းထားတဲ့ မြေကွက်တွေမှာ စိုက်ပျိုုးဖို့ဆိုပြီးတော့ တရွာဝင်တရွာထွက်ကွမ်းသီးပျိုး ပင် တပင်ကို ကျပ် ၁၀၀ စီပေးပြီး အတင်းလိုက်ဝယ်နေပါတယ်။ ပိုင်ရှင်တွေက မရောင်းဘူးဆိုရင် ရေနဲ့မြေဆိုတာ အစိုးရက ပိုင်တယ်။ ခင်ဗျားတို့ ကွမ်းသီးခင်းတွေအားလုံးကို သိမ်းပစ်လို့ရတယ် ဆိုပြီး ခြိမ်းခြောက်တော့ တပင်ကို ကျပ် ငွေ ၁၀၀ စီနဲ့ ရောင်းနေကြရပါတယ်။"

ယခုကဲ့သို့ ကွမ်းသီးခြံ ပိုင်ရှင်များထံမှ ကွမ်းသီးခင်းတဧကကို ကျပ်ငွေ ၅၀၀၀ စီကောက်ခံသည်ကို မကြေနပ်၍ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် အာဏာပိုင်များကို တိုင်ကြားသော်လည်း ယခုအချိန်ထိ တစုံတရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိဟု သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်စွဲထားသော စစ်တပ်၊ ရေတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက သူတို့ဌာန ရံပုံငွေ ရရှိရေးကို အကြောင်းပြပြီး ပြည်သူများ လုပ်ကိုင်စားသောက်နေကြသော ပင်လယ်ပြင်နှင့် လယ်ယာ၊ဥယျာဉ်ခြံမြေများ ကို လျော်ကြေးတစုံတရာ မပေးဘဲ သိမ်းယူသည့်အပြင် ဒေသခံများ တပိုင်တနိုင် လုပ်ကိုင် စားသောက် နေကြသော ပင်လယ် ငါးဖမ်းလုပ်ငန်း၊ ဥယျာဉ်ခြံမြေ လုပ်ငန်းများတွင်လည်း ယခုကဲ့သို့ အခွန်များ ကောက်ခံနေကြသဖြင့် ဒေသခံ ရခိုင်ပြည်သူများမှာ ယခင်ကထက် ပိုမို၍ ဆင်းရဲကျပ်တည်းလာကြ သည်ဟု စုံစမ်းသိရှိရသည်။

Most read this week