မိုးသည်းထန် ရေကြီး၍ တီးတိန် တွင် တံတား ၁၄ စင်း နှင့် လူနေအိမ်များပျက်စီး

မိုးသည်းထန် ရေကြီး၍ တီးတိန် တွင် တံတား ၁၄ စင်း နှင့် လူနေအိမ်များပျက်စီး
by -
ခိုနူမ်ထုန် သတင်းဌာန

ချင်းပြည်နယ်အထက်ပိုင်း တီးတိန်မြို့နယ်တွင် ပြီး ခဲ့သည့်ရက်ပိုင်းကမိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်း ရေကြီး မှုကြောင့် တံတား ၁၄ စင်း နှင့် လူနေအိမ် ၂၀ ခန့် ပျက်စီး သွားခဲ့သည်ဟု သိရသည်။

Tedim1-300x224တီးတိန်နှင့် တွန်းဇံမြို့ဆက်သွယ်ထားသော အရှည် ပေ ၁၄၀ ခန့်ရှိသည့် ဇလွင်း တံတားအပါအဝင်တီးတိန်မြို့ နယ်အတွင်းရှိ ရွာချင်း ဆက်သွယ်သော တံတားများနှင့် လူနေအိမ်များပျက်စီးသွားခြင်း ဖြစ်သည်ဟုတီးတိန် မြို့အခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်(UNDP)ရုံးမှ တာဝန်ရှိသူတဦးကပြောသည်။

‘‘ပြီးခဲ့တဲ့အပတ် စနေ နှင့် တနင်္ဂနွေနေ့တုန်းက နေ့ရော ညပါ မိုးအသည်းအသန်ဆက်တိုက်ရွာပြီးတော့ ရေအရှိန်ဟုန် မြင့်တက်လာပြီး တံတားတွေပျက်၊ မြေတွေပြိုကျကုန်တာ’’ဟု သူက ပြောသည်။

ယခုနှစ်သည် နှစ်ပေါင်း ၃၀ ကျော်အတွင်း မိုးများ ရေကြီးမှုကြောင့် အဆိုးဝါးဆုံးပျက်စီးမှုဖြစ်သည်ဟု ဒေသခံလူကြီးများက ပြောဆိုကြောင်း အဆိုပါ UNDP တာဝန်ရှိသူက ပြောသည်။ ၁၉၇၇ ခုနှစ်ကတီးတိန်မြို့ ပေါ်တွင် ယခုကဲ့သို့မိုးများ ရေကြီးပြီး လမ်းတံတား အများအပြား ပျက်စီးခဲ့ဖူးကြောင်း သိရသည်။

တီးတိန်မြို့၏ အဓိက လျှပ်စစ်ဓာတ်အားရယူသော ဇလွင်းချောင်းရေကြီးမှုကြောင့်လည်းလျှပ်စစ်မီးများပြတ် တောက် သွားခဲ့ပြီး ရေ သွယ်ယူသော ရေပိုက်များပျက်စီးသွားသောကြောင့် တီးတိန်မြို့ပေါ်တွင်သောက်သုံး ရေမရသည်မှာ တပတ်ခန့်ရှိပြီ ဖြစ်ကြောင်း မြို့ခံ များက ပြောကြသည်။

‘‘ရေ နဲ့ မီး မလာတာ ၄ ရက်လောက်ရှိပါပြီ၊ လိုင်းကားတွေမသွားနိုင်တာလည်း ၄ ရက်လောက်ရှိပြီ”ဟု တီးတိန်မြို့ခံ တဦးက ပြော သည်။

လက်ရှိအခြေအနေတွင် မိုးရွာသွန်းခြင်းမရှိတော့သော်လည်း ပျက်စီးသွားသောတံတားများပြုပြင်နိုင်ခြင်း မရှိသေးခြင်း၊ ချောင်းရေ ပြန်မကျသေးခြင်းတို့ကြောင့် အသွားအလာလုပ်၍ မရသေးကြောင်း UNDPတာဝန်ရှိ သူကလည်း ပြောဆိုသည်။

‘‘တံတားကပျက် ရေကကြီးနေသေးတော့ သွားလို့မရဘူး၊ တချို့နေရာမှာ မြေပြိုသွားတဲ့အခါကျတော့လူသွား လမ်းကို ပျောက်သွားတယ်’’ဟု သူက ပြောသည်။

မြေပြို့မှုကြောင့် အိမ်ပျက်သွားသည့် ဒေသခံများသည် နီးစပ်ရာ ဆွေမျိူးများထံသို့ လောလောဆယ်သွား ရောက် နေထိုင်နေကြရ သည်ဟု တီးတိန်မြို့ခံက ပြောသည်။

Tedim-2-300x224ပျက်စီးသွားသော တံတားများမှာ လွယ်လို ၊ ဇလွင် ၊ ဟိုင်းကျင်း ၊ ငါသန် ၊ လိုင်းဘုံ ၊ ဘုံဇန် ၊ သွီးဆာ၊ ဟန်းသာ ၊ ခွါသော၊ စီတန်၊ ဖွန်လိုလ် တို့ဖြစ်ပြီး ကလေး-တီးတိန် ကားလမ်းမပေါ်ရှိ ဆွမ်ပီး ကျေးရွာတွင် မြေပြိုကျမှုကြောင့် အိမ်ခြေ ၈ လုံးနှင့် ထန်းနွိုင်း ကျေး ရွာတွင် အိမ်ခြေ ၁၂ လုံးပျက်စီးခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ်၏ အခြားမြို့ကြီးများဖြစ်ကြသော ဟားခါး၊ ဖလမ်း စသည်တို့တွင်မူ အပျက်အစီးသိပ်မရှိကြောင်း UNDP တာဝန်ရှိသူ ကပြောသည်။

သို့သော်လည်း ချင်းမျိူးနွယ်စုအများအပြားနေထိုင်ကြသည့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် မိုးများပြီး မြစ်သာမြစ်ရေ မြင့်တက် လာကာ ကလေးမြို့ပေါ်ရှိ အောင်င်္ဂလာ နှင့် အောင်စပေ ရပ်ကွက်အတွင်းရေလွှမ်း ခြင်း ကြောင့် အိမ်ခြေ ၁၂၅ ခန့် ရေနစ်မြုပ် နေကြောင်းနှင့် မြစ်သာမြစ်ဘေးမှ စပါးစိုက်ခင်း ဧက တစ်ရာခန့် ရေ လွှမ်းမိုးသွားခဲ့သည်ဟု ကလေးမြို့ဒေသခံ တဦးက ပြော သည်။

ကလေးမြို့ပေါ်နှင့် ချင်းကျေးရွာများ ဆက်သွယ်ထားသော အဓိကတံတား၂ စင်းခန့် ရေထဲမျောပါ ပျက်စီးသွားခဲ့ကြောင်းလည်း ၄င်းကပြောဆိုသည်။