အမှောင်ထဲမှာ စမ်းတဝါး

အမှောင်ထဲမှာ စမ်းတဝါး
by -
ညီသစ်

စာအိတ်ပါးလေးတွေကို တင်းတင်းရင်းရင်း ဆုပ်ကိုင်ပြီး စက်ရုံပေါက်ဝကနေ မျှော်ငေး နေတတ်ကြတဲ့ မိသားစုတွေ လက်ထဲ ထည့်ပေးလိုက်ရင်ဖြင့် လကုန်ရက် ဆိုတာ ပြက္ခဒိန် ကြည့်စရာမလိုတဲ့ မြင်ကွင်းကို အခုတော့ တွေ့ရတော့မှာ မဟုတ်ပါဘူး။

linhtetworker

မကြာသေးခင်ကပဲ ပိတ်သွားခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်ထဲက ထိုင်ဝမ်နိုင်ငံသားပိုင် အထည်ချုပ် စက်ရုံမှာ လာလုပ်ခဲ့တဲ့ သူတွေဟာ ရန်ကုန်နဲ့ အလှမ်းမဝေးလှတဲ့ ခရမ်း၊ သုံးခွ စတဲ့မြို့တွေက ဖြစ်ပါတယ်။

လခ ထုတ်ရက်ဆိုရင် သူတို့ရဲ့ မိသားစုဝင်တွေဟာ တလကို နှစ်သောင်းကျပ်၊ သုံးသောင်းကျပ် သာသာရှိမယ့် လစာအိတ်ကလေးအတွက် တနေကုန် လာထိုင်စောင့်မျှော်တတ်ကြပါတယ်။

ဒီလို လာစောင့်ကြတဲ့ သူတွေထဲမှာ သက်ကြီး ရွယ်အိုတွေလည်း ပါလေရဲ့။ စက်ရုံ အပေါက်ဝ နားမကပ်ရဲ တော့ အနီးအနားရှိတဲ့ မိုးခိုလို့ရ မယ့် နေရာလေးတွေမှာ အထုတ်ကလေးတွေ ချထိုင်ပြီးထိုင်ပေါ့။ အစိမ်းရောင် စက်ရုံ သံတခါးကြီးကတော့ ပိတ်လျက်သားကြီးဒီလိုလာစောင့်ကြတဲ့ သူတွေထဲမှာသက်ကြီး ရွယ်အိုတွေလည်း ပါလေရဲ့။ စက်ရုံ အပေါက်ဝနား မကပ်ရဲတော့ အနီးအနားရှိတဲ့ မိုးခိုလို့ရမယ့်နေရာလေး တွေမှာအထုတ် ကလေးတွေ ချထိုင်ပြီးထိုင်ပေါ့။ အစိမ်းရောင် စက်ရုံ သံတခါးကြီးကတော့ပိတ်လျက်သား ကြီး။

တံခါးရဲ့ လူထွက်ပေါက် သေးသေးလေးကမှ ခေါင်းလေး ပြူထွက်လာတဲ့ ကိုယ့်သားသမီး၊ ညီအကို မောင်နှမတွေကို အမောတကော ပြေးကြို၊ ရလာတဲ့ လစာအိတ်ကလေးကို သိမ်းပြီးမှ ကိုယ့်နေရပ်ကို ကမန်းကတန်း အမီပြန်ကြရတဲ့ သူတွေ။ သူတို့တွေထဲမှာ စက်ဆွဲတွေလည်း ပါတယ်။ စက်ကိုင်၊အထည်စီ တာက အစ ထုတ်ပိုးမှု၊ အုပ်ချုပ်မှု အပိုင်းအဆုံး။

လင်းထက် သိုးမွှေးစက်ရုံ မပိတ်ခင်က လုပ်ငန်းခွင် ဝင်ရန် လာသော အလုပ်သမများ ။ ဓာတ်ပုံ- မဇ္ဈိမ

အလုပ်အကိုင် ရှားပါးပြီး တနေ့လုပ် တနေ့စားရတဲ့ နယ်တွေမှာ နေတဲ့သူတွေ အဖို့တော့ လစဉ်ဝင်ငွေလေး တခုရှိပြီးနေစရာ၊ စားစာရာအတွက်ပါ ရထားတဲ့ အလုပ်ဆိုတာဟာ ဘုရားပေးတဲ့ဆုတခု အလားပါ။

အထည်ချုပ် စက်ရုံတွေမှာ များသောအားဖြင့် ရပ်ဝေးက လာလုပ်တဲ့ သူတွေကို နေစရာအဆောင် (အဆောင် ဆိုပေမယ့်လည်း အိပ်လို့ရရုံ သုံးပေပတ်လည် နေရာမျိုး)နဲ့ နေ့လည်စာ (အများအားဖြင့် အသီးရွက်ဟင်း) ကျွေးတယ် ဆိုရင်ပဲ ပညာ အရည်အချင်း နိမ့်ပါးပြီး ဆင်းရဲနွမ်းပါးတဲ့ မိန်းကလေးငယ်တွေ အတွက်တော့ မဆိုးလှဘူးဆိုရမှာလို့  အလုပ်သမားအများစုက ပြောပါတယ်။

အထည်ချုပ် လုပ်ငန်းမှာ အမျိုးသမီး လုပ်သားအများစုဖြစ်ပြီး အသက် ၁၆နှစ်ကနေ အသက် ၄ဝ ကျော် အထိရှိတဲ့  အမျိုးသမီး အထည်ချုပ် အလုပ်သမ အရေအတွက်ဟာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ ရှိတဲ့ စက်မှုဇုံတွေမှာတင် ခုနှစ်သောင်းကျော် ရှိတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက အချက်အလက်တွေရ သိရပါတယ်။

အထည်ချုပ် စက်ရုံပေါင်းကတော့ ရန်ကုန်တိုင်း ဒေသကြီးနဲ့ ပဲခူးတိုင်း ဒေသကြီး နှစ်ခုပေါင်း ၁၃၀ ကျော်ခန့် ရှိနေပါသေးတယ်။

အလုပ်အကိုင် ရှားပါးပြီး တနေ့လုပ် တနေ့စား ရတဲ့ နယ်တွေမှာ နေတဲ့ သူတွေ အဖို့တော့ လစဉ် ဝင်ငွေလေး တခုရှိပြီး နေစရာ၊ စားစရာ အတွက်ပါ ရထားတဲ့ အလုပ်ဆိုတာဟာ ဘုရားပေးတဲ့ ဆုတခု အလားပါပြီးခဲ့ တဲ့ ဇွန်လဆန်းပိုင်းကစပြီး အမေရိကန် ဒေါ်လာ ငွေလဲ လှယ်နှုန်းဟာ တယူနစ်ကို ကျပ် ၈၀၀ ကျော်ကနေ ကျပ် ရ၅၀ အောက်အထိ ဆင်းချသွားပါတယ်။ အဲဒီကနေ တအိအိ ဆင်းနေလိုက်တာ အခုချိန်မှာ တယူနစ်ကို ကျပ် ရ၆၀ကျော်ကျော်ပဲ ရှိပါတော့တယ်။ ပို့ကုန်ကနေ ရတဲ့ ပို့ကုန်ရငွေ ကလည်း တယူနစ်ကို ကျပ် ၈၀၀ တောင် မပြည့်ချင်တော့ပါဘူး။

ဒီလိုအနေအထားမှာ ပြည်ပပို့နေတဲ့ စက်ရုံ တော်တော်များများ၊ အထည်ချုပ် စက်ရုံတွေ ရေလုပ်ငန်းအအေး ခန်း စက်ရုံတွေ ပရိဘောဂ စက်ရုံတွေ အစရှိတဲ့ လုပ်ငန်း တော်တော်များများ လုပ်ငန်းတွေ ရပ်စဲလုမတတ်
ဖြစ်လာကြပါတယ်။ ဆက်မလုပ်လို့ ပိတ်ပြန်ရင်လည်း အလုပ်သမားတွေ အတွက် နစ်နာမှုတွေဖြစ်တော့မယ် လို့ပြောပါတယ်။

တချို့ အထည်ချုပ် စက်ရုံတွေက ကျွမ်းကျင်တဲ့ အလုပ်သမားတွေကို မဆုံးရှုံးချင်လို့ အလုပ်ပါးပေမယ့် ဆက်ထိန်းထားရတယ်လို့ ဆိုပါတယ်။ CMP (Cutting, Manufacturing,Packing) လို့ခေါ်တဲ့ လုပ်ခစား စနစ်ကြောင့်အထည်ချုပ် စက်ရုံတွေက ပြည်ပပို့တဲ့ တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းသာ ရပါတယ်။ ပြိီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် အတွင်းမှာပြည်ပကို တင်ပို့တဲ့ အထည်ချုပ် လုပ်ငန်းက ပို့ကုန် ပမာဏဟာ အမေရိကန်ဒေါ်လာ ၄၈၅ သန်း ရှိခဲ့ပါတယ်။ အခုချိန်မှာတော့ အော်ဒါများလေ လုပ်နိုင်စွမ်း နည်းလာလေလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

“ အလုပ်ကောင်းရင်တော့ အိုဗာတိုင်ရှိလို့ လစာနဲ့ ပေါင်းပြီး တလ လေးသောင်းလောက်တော့ အရင်က ရတယ်။ အလုပ်စပြီး မကောင်းလာတာက မနှစ်လောက်က စတာ။ ပြီးခဲ့တဲ့ သုံးလလောက်က စပြီးတော့ အိုဗာတိုင်ကို မရှိတော့ဘူး ” လို့ လင်းထက် သိုးမွှေးစက်ရုံမှာ လုပ်သက် ၁ဝနှစ်ကျော် ရှိခဲ့တဲ့ အထည်ချုပ် အလုပ်သမ တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းဟာ တယူနစ်ကို ကျပ် ၈၀၀ ကျော်ကနေ ကျပ် ရ၅၀ အောက်အထိ ဆင်းချသွားပါတယ်။ အဲဒီကနေ တအိအိ ဆင်းနေလိုက်တာ အခုချိန်မှာ တယူနစ်ကို
ကျပ် ရ၆၀ ကျော်ကျော်ပဲ ရှိပါတော့တယ်။ ပို့ကုန်ကနေရတဲ့ ပို့ကုန်ရငွေကလည်း တယူနစ် ကို ကျပ် ၈၀၀ တောင် မပြည့်ချင်တော့ပါဘူးဒီလိုအခြေအနေမှာ ၁၉၉၇ခုနှစ် ကတည်းက လုပ်ကိုင်နေတဲ့ လင်းထက် သိုးမွေး အထည်ချုပ် စက်ရုံကတော့ စက်ရုံပိတ်ဖို့ လုပ်တဲ့အခါ အလုပ်သမားတွေကို တန်ရာတန်ကြေး နစ်နာကြေး မပေးတဲ့ အတွက် ဇူလိုင် ၂၂ရက် နေ့ကစပြီး လုပ်ခ ရလိုမှုနဲ့ ပတ်သက်ပြီး မကျေနပ်မှုတွေ ဖြစ်ပွားကြပါတယ်။

နစ်နာကြေးအဖြစ် အခြေခံလစာကို တလကို ကျပ် ရ,၀၀၀ နှုန်းနဲ့ တွက်ပေးပြီး လုပ်သက် သုံးလအထိရှိသူ တွေကို ရ,၀၀၀ ကျပ် ပေးပြီး လုပ်သက် ၁၀ နှစ်အထက် လုပ်သားတွေကိုတော့ ကျပ်ခြောက်သောင်းစက်ရုံ ပိုင်ရှင်ကပေးဖို့ ကမ်းလှမ်းပါတယ်။

လုပ်သားတွေဘက်က တောင်းဆိုတာက လုပ်သက် တလကနေ သုံးလအထိကို တလစာ ကျပ်သုံးသောင်း၊ သုံးလကနေ တနှစ်အထိကို နှစ်လစာ၊ တနှစ်ကနေ နှစ်နှစ်က လေးလစာနဲ့ သုံးနှစ်နဲ့ အထက်ဆိုရင်ငါးလစာ ပေးဖို့။

စက်ရုံအနီးက လက်ဖက်ရည်ဆိုင် ကလေးမှာ အလုပ်သမားတွေ စုကြရင်း အလုပ်သမား ခေါင်းဆောင်ကနေ တဆင့် သင်္ဃန်းကျွန်းမြို့နယ်က လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ လမ်းညွှန်မှုကိုယူရင်း အလုပ် သမား ဝန်ကြီးဌာနနဲ့ စက်ရုံပိုင်ရှင်တွေ ဆွေးနွေးမှုကို ပြီးခဲ့တဲ့ ဇူလိုင် ၂၉ရက်နေ့ကစောင့်နေ ခဲ့ကြတဲ့အခါ နောက်ဆုံးမှာ အလုပ်သမားတွေ လိုချင်တဲ့အတိုင်း နစ်နာကြေးတွေ ပိုရဖို့ ကတိရခဲ့ပါတယ်။

သြဂုတ်လ ၃ရက်နေ့ကတော့ မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့အချိန်မှာ သူတို့ရဲ့ နောက်ဆုံးလစာ စာအိတ် ကလေးတွေကို ကိုင်ပြီး စက်ရုံထဲကနေ တယောက်ပြီး တယောက် ထွက်လာကြပါတယ်။ရယ်တဲ့ သူက ရယ်၊ မှိုင်နေသူက မှိုင်။ အမေ့လက်ထဲက လစာ စာအိတ်ကိုကြည့်ပြီး စူးစမ်းနေတဲ့ သားငယ်တွေ ရှိသလို စာအိတ်ရေမစိုအောင် ပလတ်စတစ်အိတ်နဲ့ ထုတ်လာတဲ့သူတွေလည်း ထုတ်လို့။

“ ဒီအလုပ်သမတွေကို ဆက်မထိန်းထားရင် သူတို့ ဘာတွေ ဖြစ်သွားကြမလဲ လမ်းပေါ်ပဲ ရောက်သွားမှာပေါ့။
စက်ရုံတွေ ပိတ်ပြီ ဆိုတာနဲ့ လမ်းပေါ်ရောက်သွားကြတာ မိန်းကလေးတွေပဲ ” လို့ အထည်ချုပ် လုပ်ငန်းရှင် တဦးက ဆိုပါတယ်။

သူတို့တွေအတွက် ဘဝ အာမခံချက် ရှိစေမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေကို အစိုးရသစ်ကကောင်း ကောင်း လုပ်ဆောင်ပေးနိုင်ပြီလား ဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်လာသလို ၁၉၆၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အလုပ်သမားတွေ အတွက် အခွင့်အရေးနဲ့ တာဝန်တွေက တော်တော် ဟောင်းနွမ်းနေသလို အသုံးချမှုလည်း မရှိတာကြာနေပါပြီ။

နိုင်ငံသားက အမည်ခံပေးပြီး နိုင်ငံခြားသားက ဒီမှာ လာလုပ်နေတဲ့ စက်မှုလုပ်ငန်းတွေလည်းပေါ်ထွက် လာတာတွေ့ရတဲ့အတွက် သင့်တော်တဲ့ ခေတ်မီတဲ့ ဥပဒေတွေ တကယ် လိုအပ်နေပါတယ်။

ဦးသိန်းညွန့်ကတော့ ဒီအရေးကိစ္စတွေကို လာမယ့် လွှတ်တော် အစည်းအဝေးတွေ ကျရင် တင်ပြသွားမယ်လို့ ဆိုပါတယ်။

စာအိတ်ကလေးတွေကို ခပ်တင်းတင်း ဆုတ်ကိုင်ပြီး နောက် အလုပ်သစ်တခုကို ရှာဖို့ အားမွေးနေကြရပေမယ့် ဆက်လျှောက်ရမယ့် လမ်းကတော့ မှုန်ဝါးနေဆဲပဲ။

Most read this week