ကရင့်အာဇာနည်နေ့အတွင်း နယ်စပ်လုံခြံုရေး သတိထားရန် ကရခ ညွှန်ကြား

ကရင့်အာဇာနည်နေ့အတွင်း နယ်စပ်လုံခြံုရေး သတိထားရန် ကရခ ညွှန်ကြား
by -
စောသိန်းမြင့်

သြဂုတ်လ ၁၂ရက်နေ့၊ ကရင်အမျိုးသား အာဇာနည်နေ့တွင် နယ်စပ်ဒေသရှိတပ်စခန်း များအား ကေအဲန်ယူတပ်ဖွဲ့မှ အ လစ်ငိုက် ၀င်ရောက်တိုက်ခိုက်လာနိုင်သဖြင့် သတိ ထားကြရန် ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ်(ကရခ)က ယခုလ ၂ရက်နေ့တွင် ညွှန်ကြား လိုက်သည်ဟု စစ်ဖက်ဆိုင်ရာသတင်းများအရ သိရသည်။

Karen_Martyrတနင်္သာရီတိုင်းရှိ နယ်စပ်အထောက် အကူပြုတပ်စခန်းများကို ယခုလ သြဂုတ်လ ၂ရက်နေ့မှစ၍ ၂၄နာရီလုံး တပ်နေရာ အသင့်ယူ ခြင်း၊ တဝက်အိပ် တဝက်နိုးစနစ် ကျင့်သုံးခြင်းနှင့် ဆက်သွယ်မှုလုံးဝ မပြတ်တောက် စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ လက် အောက်ခံ တပ်ဖွဲ့ဝင်များအား စနစ်တကျ နေရာယူဆောင်ရွက်သွား ကြရန် ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ထိုဒေသရှိ စစ်တပ်နှင့်နီးစပ်သူတဦးက “နယ်စပ်မှာရှိတဲ့ တပ်စခန်းအားလုံးကို ညွှန်ကြားတာပါ။ ဒါကလည်း ဒီနှစ်မှစပြီး ညွှန်ကြား တာ မဟုတ်ပါဘူး။ ဒီ ကရင့်အာဇာနည်နေ့ကျရောက်တဲ့ ခါတိုင်းနှစ်တွေလည်း ညွှန်ကြားတာပဲ။”ဟု ကေအိုင်စီကို ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေက “သူတို့လူ တွေ မကြာခဏ တိုက်ခိုက်ခံရတဲ့အပေါ်မှာ ဒီလိုမျိုး နေ့ကြီးရက်ကြီး ရောက်လာရင် ထပ်ပြီး တိုက်ခိုက်ခံရမှာစိုးရိမ်လို့ သူတို့တပ် တွေ အမြဲတမ်း သတိ၀ိရိယရှိဖို့ Alert (သတိပေး)တဲ့သဘောပါ ဘဲ။ ဒါပေမယ့်လို့ ကျနော်တို့ ကေအဲန်ယူအနေနဲ့က ဒါမျိုး နေ့ကြီး ရက်ကြီးတွေမှာ တခါမှ တိုက်ပွဲဆင်နွှဲတာ မရှိခဲ့ပါဘူး။”ဟု ပြောသည်။

Saw_Ba_Oo_Gyiကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၊ ဗိုလ်ချုပ်စ ိုင်းကေနှင့် တပ်မှူး တပ်သားအချို့သည် ကရင်ပြည် နယ် ကော့ကရိတ်မြို့ နယ်၊ ထို့ကော်ကိုး ကျေးရွာ (ယခု ဗိုလ်ချုပ်ထင်မောင် ဦးစီးသည့်ကရင်ငြိမ်းချမ်းရေး ကောင်စီ အခြေစိုက်)တွင် မဆလတပ်များ၏ ၀ုိင်းဝန်းတိုက်ခိုက်မှုကို ခုခံရင်း ကျဆုံးသွားခဲ့သည့် ၁၉၅၀ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့ကို ကရင့်အမျိုးသား အာဇာနည်နေ့အဖြစ် သတ်မှတ်လာခဲ့ကြသည်။

ယခုနှစ် သြဂုတ်လ ၁၂ရက်နေ့သည် ၆၁နှစ်မြောက် ကရင့်အာဇာနည်နေ့ဖြစ်ပြီး ထိုနေ့တွင် ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေများ တွင် ကျင်းပရန်ရှိသလို ပြည်ပရောက် ကရင်လူမျိုးများကလည်း ၎င်းတို့ရောက်ရှိ သည့်နိုင်ငံများ၌ ကျင်းပရန် စီစဉ်လေ့ရှိသည်ဟု သိရသည်။

Most read this week