မြန်မာစစ်တပ် တပ်ရုပ်သိမ်းသော်လည်း ရှမ်းပြည်နယ်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွါး

မြန်မာစစ်တပ် တပ်ရုပ်သိမ်းသော်လည်း ရှမ်းပြည်နယ်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွါး
by -
ဆူူးပန်း

မြန်မာစစ်တပ်အနေနှင့်ရှမ်းပြည်တိုးတက်ရေးပါတီ ၀မ့်ဟိုင်းဌာနချုပ်မှ သြဂုတ်လ (၁) ရက်နေ့က ဒုတိယအသုတ်အဖြစ်တပ်အင်အားထပ်မံရုပ်သိမ်း လိုက်ပြန်သည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်များမှ ပြောပါ သည်။

မြန်မာစစ်တပ်အနေနှင့် ရှမ်းပြည်တိုးတက်ရေးပါတီဝမ့်ဟိုင်းဌာနချုပ်မှ သြဂုတ်လ(၁)ရက်နေ့က ဒုတိယ အသုတ်အဖြစ်တပ်အင်အားထပ်မံရုပ်သိမ်းလိုက်ပြန်သည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီခေါင်းဆောင်များမှ ပြောပါ သည်။ တပ်အင်အားရုပ်သိမ်းသွားသော်လည်း ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဆက်လက်ဖြစ် ပွါးနေသေး သည်ဟုလည်း ရှမ်းပြည်နယ်ဒေသခံတချို့မှပြောပါသည်။

သြဂုတ်လ(၂)ရက်နေ့ညနေ(၅)နာရီအချိန်တွင် ကျောက်မဲမြို့နယ်ဘက်မှ မြန်မာစစ်တပ်စခမ်းတစ်ခုကို ရှမ်းပြည်တပ်မတော်မှ ၀င်ရောက်တိုက်ခိုက်ခဲ့သဖြင့် မြန်မာစစ်တပ်ဘက်မှထိခိုက်မှုများပြားခဲ့သည်ဟု ကျောက်မဲ မြို့ခံတစ်ဦးကယခုလိုပြောပါသည်။

ရင်ကွဲတောင်စခမ်းပေါ့နော် စခမ်းသာရွာနားမှာ။ ကျောက်မဲကနေမန္တလေးဘက်ဆင်းတဲ့ (၁၅) မိုင်ကွာတယ်။ SSAမြောက်ပိုင်းတပ်ကနေ မနေ့ညတုန်းကသွားတိုက်တယ်စခမ်းကို။ (၄၅)မိနစ်လောက်ပစ်ခတ်မှုတွေ ဖြစ်တယ်။တော်တော် တော်တော်ပြင်းတယ်ဆိုတာ ဒီဗမာဘက်ကတော်တော်သေတယ်။ အရာရှိတွေရော အကြပ်တပ်သားတွေရော။ ဘယ်လောက်သေတယ်ဆိုတာ အတိအကျတော့မသိဘူး။တပ်စခမ်းထဲမှာ ဆိုတော့ သိဖို့မလွယ်ဘူးလေ။

ရင်ကွဲတောင်မြန်မာတပ်စခမ်းကို ရှမ်းပြည်တိုးတက်ရေးပါတီဘက်ကနေ တိုက်ခိုက်ခဲ့သည်ဟု မြို့ခံများမှ ပြောဆိုနေသော်လည်း ဆက်သွယ်ရေးအခက်အခဲကြောင့် သီးခြားအတည်ပြုချက်မပေးနိုင်သေးဟု SSAမြောက် ပိုင်း ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးစိုင်းလှမှပြောသည်။

ရှမ်းပြည်တိုးတက်ရေးပါတီဝမ့်ဟိုင်းဌာနချုပ်မှသြဂုတ်လ(၁)ရက်နေ့တွင် မြန်မာစစ်တပ်မှ ဒုတိယအသုတ် အဖြစ ်တပ်အင်အားထပ်မံရုပ်သိမ်းလိုက်ပြီးဆိုသော်လည်း ၀မ့်ဟိုင်းဌာနချုပ်အတွင်းဘက်ကျသည့်နေရာ များတွင် စစ်တပ်များဆက်လက်ရှိနေဆဲဟု ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှမှပြောသည်။

အင်အား(၂၀၀)လောက်ပြန်ဆုတ်သွားတယ်။ အခုကျန်တာတော့ (၄၀၀)၀န်းကျင်လောက်ဘဲကျန်တော့မယ်။ ဆုတ်သွားတဲ့နှစ်ဖွဲ့တော့အဲဒီကျေးသီးဘက်ဝင်သွားတယ်။ ကျွန်တော်တို့အရင်တိုက်ပွဲစဖြစ်တဲ့နေရာ နမ်းပုတ် စခန်းကပေါ့။  ကျွန်တော်တို့အတွင်းပိုင်းနဲနဲကျတဲ့ဝမ့်မိန်တလျှောက်ပေါ့ ၀မ့်ဟိုင်းဌာနချုပ်နဲ့(၅မိုင်အကွာ လောက်မှာ မြန်မာတပ်တွေရှိနေသေးတယ်။အဲဒီအရှေ့ဘက်ခြမ်း လမ်းခွဲနေရာဘက်လဲရှိသေးတယ်။

မြန်မာစစ်တပ်အနေနှင့် ရှမ်းပြည်တိုးတက်ရေးပါတီဝမ့်ဟိုင်းဌာနချုပ်ကိုသိမ်းပိုက်ဖို့ထိုးစစ်ဆင်နေရာကနေ ပြီးခဲ့သည့်ဇူလိုင်(၂၉)ရက်နေ့တွင် တပ်ရင်း(၇)ရင်းဆုတ်ခွါခဲ့ပြီး အခုအခါဒုတိယအကြိမ်မြောက် တပ်ရုပ်သိမ်း သွားခြင်းဖြစ်သည်။

မြန်မာစစ်တပ်မှ ၀မ်းဟိုင်းဌာနချုပ်ဒေသကတပ်ရုပ်နေ သိမ်းသွားသောကြောင့်ဒေသခံတချို့လယ်ယာ လုပ်ငန်းကိုပြန်လည်လုပ်ဆောင်လာခဲ့သော်လည်း စာသင်ကျောင်းများကို လုံခြံုရေးအခြေအနေအရ  မဖွင့်လှစ်နိုင်သေးကြောင်း ဗိုလ်မှူးစိုင်းလှမှပြောပါသည်။

Most read this week