တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ လုပ်ကိုင်ခွင့် မရသေးဟုဆို

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ လုပ်ကိုင်ခွင့် မရသေးဟုဆို
by -
သဲသဲ

နယူးဒေလီ (မဇ္ဈိမ) ။      ။ အစိုးရသစ် သက်တမ်း ရက်ပေါင်း ၁၂ဝ တိုင်သွားပြီ ဖြစ်သော်လည်းတိုင်း ဒေသကြီးနှင့်ပြည်နယ် အစိုးရများ၏ လုပ်ပိုင်ခွင့် မရရှိသေးဘဲ ဗဟိုကသာ ထိန်းချုပ်ထားဆဲ ဖြစ် ကြောင်း နိုင်ငံရေး ပါတီများကပြောသည်။

senate1“ ပြည်နယ်တွေကို ၃ လကျော်ရင် လုပ်ပိုင်ခွင့် အပြည့်ပေးမယ် ဆိုပြီး  အခုက ၆ လပြည့်မှတဲ့။ အခုထိ ပြည်ထောင်စု အစိုးရက (ညွန်ကြားချက် မပေးမခြင်း) ဘာမှ မလုပ်ရဘူးလို့ ပြောတယ်။” ဟု ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား ပါတီ တခုက ပြောသည်။

အစိုးရသစ် သက်တမ်း ရက်ပေါင်း ၁၂ဝ တိုင်သွားသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ လုပ်ပိုင်ခွင့် မရရှိသေးဘဲ ဗဟိုကသာ ထိန်းချုပ်ထားဆဲဟု ပါတီများက ပြောု

ပြည်နယ်တွင်း ဝင်ရောက် လုပ်ကိုင်လိုသော စီးပွားရေးလု ပ်ငန်းများအတွက် ဗဟိုအစိုးရ၏ ခွင့်ပြုချက် ရယူရန်လိုသလို အခွန်ကောက်ခံမှုကိုလည်း တိုင်းဒေသကြီးများနှင့် ပြည်နယ်များ ကိုခွင့်ပြု ထားမှု မရှိပြန်ပေ။

ချင်းပြည်နယ်တွင် တိကျ ရှင်းလင်းသော ဘဏ္ဍာရေးနှင့် အခွန်ကောက်ခံယူခွင့် အတွက် လုပ်ပိုင်ခွင့်မရှိခြင်း က နစ်နာမှု ဖြစ်ရကြောင်း ချင်းပါတီများကလည်း ပြောသည်။

“ ထုတ်လုပ်ရေးက စစ်ကိုင်းတိုင်းက လာလုပ်တယ်။ အလားတူ ဂန့်ဂေါနယ်မှာ မကွေးတိုင်း သစ်ထုတ်လုပ်ကနေ ထုတ်သွားတယ်။ သူတို့ ဘယ်လိုပုံစံနဲ့ ထုတ်သလဲ မသိဘူး။ ဒီသစ်တွေ ပိုင်တာက ချင်းပြည်နယ်။ ဒါတွေ ထုတ်လုပ်မယ်ဆိုရင် ချင်းပြည်နယ်ကပဲ အခွန်ရသင့်တာပေါ့” ဟု ချင်းအမျိုးသားပါတီ ဥက္ကဌဦးဇိုဇမ်း က ဥပမာ တခုပြကာ ပြည်နယ် ဘဏ္ဍာရေး ကိစ္စတွင် ကြံုတွေ့နေရပုံကို ရှင်းပြသည်။

ချင်းပြည်နယ် နယ်နမိတ်တွင်းရှိ သစ်တောကြိုးဝိုင်းများတွင် နယ်ချင်း ကပ်လျက်ရှိသော စစ်ကိုင်း၊မကွေး နှင့် ရခိုင်ပြည်နယ်များ အခြေစိုက် သစ်တောဝန်ကြီးဌာန လုပ်ငန်းခွဲများက သစ်ထုတ်ယူနေခြင်းအပေါ် ရည်ညွှန်း သွားခဲ့သည်။

“ ကျနော်တို့ဒေသက ဘာမှမထွက်တော့ အဲဒီ သစ်ထုတ်လုပ်ရေးက ထွက်တဲ့ ထွက်ကုန်လေးတွေက ရတဲ့ အခွန်အခကနေ ရတဲ့ငွေနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ဖို့မှာ အရမ်းအရေးပါတယ်” ဟု ချင်းတိုးတက်ရေးပါတီမှ
မတူပီမြို့နယ် အမျိုးသားလွှတ်တော် ဦးပေါ်လျှံ ကလည်း ပြောသည်။

ချင်းပြည်နယ် သစ်တောဝန်ကြီးမှာ ချင်းတိုးတက်ရေး ပါတီမှ ဦးကျော်ငြိမ်း ဖြစ်သော်လည်း သစ်တော ဝန်ကြီး၏ လုပ်ပိုင်ခွင့်ကို တိတိကျကျ မသိရသေးကြောင်းနှင့် အစိုးရသက်တမ်း ၆ လပြည့်သည်တိုင်အခွန် ကိစ္စနှင့် ပြည်နယ် အုပ်ချုပ်ရေးအာဏာ အပြည့်အဝ မရပါက လွှတ်တော်အတွင်း တင်ပြသွားမည်ဟု ချင်းပါတီ များက ပြင်ဆင်လျက် ရှိသည်။

အခြေခံ ဥပဒေတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များသည် ဗဟိုအစိုးရ၏ ထောက်ပံ့မှုအပြင် ဒေသတွင်း အခွန်ကောက်ခံ၍ ဘဏ္ဍာငွေ ရှာဖွေခွင့်၊ ရေးဆွဲခွင့် ရှိသည်။ အခွန် ၁၉  မျိုး ကောက်ခံခွင့် ရှိကာသစ်တော ကဏ္ဍတွင် ကျွန်းနှင့် သစ်မာမှလွဲ၍ မည်သည့် ထွက်ကုန်မဆို ကောက်ယူခွင့် ပြုထားသည်။

တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ဘတ်ဂျတ်လိုငွေ ပြနေသည့် အတွက် ဗဟိုအစိုးရသာဆောင် ရွက်နေရခြင်း ဖြစ်သည်ဟု နေပြည်တော် သမ္မတရုံးတွင် ပြုလုပ်သော ဘဏ္ဍာရေး ကော်မရှင်အစည်းအဝေး တွင် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ပြောဆိုချက်ကို ကိုးကား၍ ဇွန် ၂၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ပါရှိသည်။

ဗဟိုနှင့် တိုင်းဒေသ၊ ပြည်နယ်အစိုးရများ အကြား အသုံးစားရိတ်နှင့် အုပ်ချုပ်မှု အာဏာခွဲဝေမှုမှာထင်သာ မြင်သာ ရှိရန်ကို နိုင်ငံရေးပါတီများက လိုလားနေကြသည်။

“ ပြည်ထောင်စု အစိုးရ အဖွဲ့နဲ့ တိုင်းနဲ့ ပြည်နယ် အစိုးရ အဖွဲ့တွေကြားမှာ ဘတ်ဂျတ်ကိစ္စကို ဘယ်လိုဖြေရှင်း မလဲဆိုတာ ကျနော်တို့ သေချာ ဂဃနဏ မသိရသေးဘူးဗျ။ ဒီထက်ပိုပြီး ထင်သာ မြင်သာ ရှိအောင် ခွဲဝေ ကျင့်သုံးမှုတွေ ရှိအောင် (လွှတ်တော်တွင်း) တင်သွင်းဖို့ စဉ်းစားထားပါတယ်” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဦးခင်မောင်ဆွေက ပြောသည်။

တိုင်းပြည် ဘဏ္ဍာရေး ဘတ်ဂျတ်ကို ဘဏ္ဍာရေး ကော်မရှင်ကသာ ရေးဆွဲရမည် ဆိုသော်လည်း ၂ဝ၁၁ ခုနှစ် ဘတ်ဂျတ်မှာ ယခင် စစ်အစိုးရက ကြိုတင် ရေးဆွဲခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်နေ့တွင် ပြဌာန်းပေးခဲ့သည်။

Most read this week