ရေးမြို့ ရေကြီး ကျောင်းစျေးများ ပိတ်

ရေးမြို့ ရေကြီး ကျောင်းစျေးများ ပိတ်
by -
ကွန်းချမ်း

ချင်းမိုင် (မဇ္ဈိမ) ။      ။ မွန်ပြည်နယ် ရေးမြို့တွင် သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မွန်ပြည်သစ်ပါတီ ဌာနချုပ်ရှိရာ ရေးချောင်းဖျား ဒေသမှ ချောင်းရေများ လှိမ့်ဆင်းလာခြင်းကြောင့် မြို့ပေါ် ၃ ရပ်ကွက် ရေမြုပ်ခဲ့ပြီး စာသင်ကျောင်း ၄ ကျောင်းနှင့် စျေး ၂ စျေး ပိတ်ထားရသည်။

ဇူလိုင်လ ၃ဝ ရက်နေ့မှ စတင်ကာ ရွာသွန်းသည့် မိုးကြောင့် အောင်မင်္ဂလာ၊ အောင်သုခ၊ အောင်မေတ္တာ (အောင်သုံးအောင်) ရပ်ကွက်များရှိ အထက်တန်းကျောင်း တကျောင်း၊ မူလတန်း ၃ ကျောင်း၊အောင်သီတာ စျေးနှင့် ရန်ကြီးအောင် ရပ်ကွက်ရှိ မြသီတာစျေးတို့ကို ဇူလိုင်လ ၃၁ ရက်နေ့မှ စပြီး အင်္ဂါနေ့ထိပိတ်ထားခဲ့ရ သည်။

အခြားရပ်ကွက်များ ဖြစ်သည့် သီရိနန္ဒာနှင့် ရန်ကြီးအောင်ရပ်ကွက် အချို့တွင်လည်း ရေများ နစ်မြုပ်ခဲ့ကာ ရေနစ်မြုပ်သည့် အိမ်ခြေပေါင်း ၂၀၀၀ ခန့် ရှိမည်ဟု ရန်ကြီးအောင်ရပ်ကွက်သူ တဦးက ခန့်မှန်းသည်။

အခြားရပ်ကွက်များမှ ရေနစ်မြုပ်ရာ ရပ်ကွက်များသို့ လှေဖြင့် ထမင်းထုပ်ကို လိုက်လံ ဝေငှပေးနေသည်ဟုလည်း သူမက ပြောသည်။

ရေကြီးမှုကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုအချို့မှာ ရေဘေးလွတ်သည့် အခြားရပ်ကွက်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွှေ့ကြပြီး အချို့မှာ နေအိမ် အပေါ်ထပ်တွင် ဆက်လက် နေထိုင်လျက် ရှိသည်။

ရေတဖြေးဖြေး တက်စဉ် စျေးသည်များက ကုန်ပစ္စည်းများကို အချိန်မီ ပြောင်းရွှေ့နိုင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာ ရှိကြောင်း မြသီတာစျေးမှ စျေးသည်တဦးက ပြောသည်။

ဇူလိုင်လ ၃၁ ရက် တိုင်းထွာချက်အရ မွန်ပြည်နယ် ရေးမြို့၌ မိုးရေချိန် ၁၂ ဒဿမ ၆၀ လက်မရွာသွန်းခဲ့သည် ဟု နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒဌာနက ထုတ်ပြန်ခဲ့သည်။ဖြစ်သည်ဟု သူက ပြောသည်။

ယခင်က အနှိပ်ခန်းပေါင်း ၃၀၀၀ နှင့် ၃၅၀၀ အကြား ဖွင့်လှစ်ခဲ့သည့် ရန်ကုန်မြို့ပေါ်တွင် မေလ၂၇ ရက်နေ့က အနှိပ်ခန်းများ ပိတ်သိမ်းရန် ရန်ကုန်တိုင်း အုပ်ချုပ်ရေး အာဏာပိုင်များက ညွှန်ကြားခဲ့ပြီး ကာရာအိုကေဆိုင်များ ပါ ပိတ်သိမ်း စေခဲ့သည်။

တလမပြည့်မီမှာပင် အနှိပ်ခန်းအချို့ ပြန်လည် ခိုးဖွင့်လာကြသော်လည်း အလုပ်လက်မဲ့ဖြစ်သူများက နယ်စပ်မြို့ များဘက်သို့ သွားရောက်၍ ရွှေ့ပြောင်း လုပ်ကိုင်ကြသည်ဟု ပြည်တွင်းထုတ် ဂျာနယ်များတွင် ဖော်ပြသည်။

Most read this week