ဒေါ်အောင်ဆန်းစုကြည် စာပေါ် NLD အမတ်ဟောင်း ဒူဝါဇော်အောင် ဝေဖန်

ဒေါ်အောင်ဆန်းစုကြည် စာပေါ် NLD အမတ်ဟောင်း ဒူဝါဇော်အောင် ဝေဖန်
by -
ကချင်သတင်းဌာန

NLD ပါတီ၏ ကချင်ပြည်နယ် ၀ိုင်းမော် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒူဝါမရန်ဇော် အောင်။အမြန်ဆုံးအပစ်အခတ်ရပ်စဲရန်ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ဗမာအစိုးရအား အဓိကထား

duwa-zau-awng
NLD ပါတီ၏ ကချင်ပြည်နယ် ၀ိုင်းမော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒူဝါ မရန်ဇော်အောင်။ အမြန်ဆုံးအပစ်အခတ်ရပ်စဲရန် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဗမာအစိုးရအား အဓိက ထားတိုက်တွန်း သင့်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ကချင်အမတ်ဟောင်း ဒူဝါမရန်ဇော်အောင် (Maran Zau Awng)မှ ဝေဖန်လိုက်သည်။

“အဖြစ်အပျက်ရဲ့ အဓိက ဗမာအစိုးရ ဟုတ်တယ်။ အစိုးရကို ပြောရမယ်။ ဌာနေ တိုင်းရင်းသားတွေကို ပြောစရာမလိုဘူး။ အစိုးရကို ပဲ နိုင်ငံရေး၊ ငြိမ်းချမ်းရေးလုပ်ပါလို့ ပြောရမယ်။ ဗမာလူမျိုးကြီးဝါဒနဲ့ ဖိနှိပ်အုပ်ချုပ်နေတာ။ ကျနော်တို့ဟာ ဗမာနဲ့အတူတူပဲ။ ဗမာပြည်ထဲမှာ ကပ်နေကြတာမဟုတ်ဘူး။”

ဇူလိုင် ၂၈ ရက် ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာတွင် လိပ်မူထားသောကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တပ်မတော် (SSA) တို့သည် သမ္မတဦးသိန်းစိန် အစိုးရနှင့် ဖြစ်နေသော လက်နက်ကိုင်ပဋိပက္ခမှာ ဗမာတိုင်းရင်းသားနှင့်အခြား တိုင်းရင်းသားများကြား တန်းတူညီမျှမှု မရှိသည့်အတွက် ဖြစ်သည်ဟု သူဆိုသည်။

“ကချင်၊ ကရင်၊ ရှမ်းအားလုံးက ကိုယ့်ဟာနဲ့ကိုယ်နေနေတာ။ ပျားအုံလိုအေးဆေးနေနေတာ။ သူကလိုက် လျှောက် တုတ်ထိုးတာကိုး။ ထိုးတဲ့အတွက်ကြောင့် မတတ်နိုင်လို့ ပြန်တို်က်ကြတာ။”

၂၀၀၈ ဖွဲ့စည်းပုံဥပဒေသည် တိုင်းရင်းသားများကြား နိုင်ငံရေးတန်းတူညီမျှမှုမရှိပဲ ဗမာတစ်မျိုးသာဆက် လက် နိုင်ငံတော်အာဏာဆုပ်ကိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ကချင်နှင့် တခြားဌာနေတိုင်းရင်းသား များ ထင်မြင်ထားပါသည်။

၂၀၀၈ အခြေခံဥပဒေတွင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး တပ်မတော်၏ကွပ်ကဲမှုအောက်တွင်ရှိ ရမည်ဟု ပြဋ္ဌါန်းကာ ကိုယ်ပိုင်ပြဋ္ဌါန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်သည့်တိုင်းရင်းသားအဖွဲ့အစည်းများ အား ဗမာစစ်တပ်က နယ်ခြားစောင့်တပ်အသွင်ပြောင်းစေသည်။

ငြင်းဆန်သည့်အဖွဲ့အစည်းများကို အကြောင်းအမျိုးမျိုးပြကာ ဗမာစစ်တပ် ထိုးစစ်ဆင်ရာမှ ကချင်၊ ကရင်၊ မွန်နှင့် ရှမ်း ပြည်နယ်များတွင် ပြည်တွင်းစစ် ပြန်ဖြစ်လာသည်။

“သူတို့(ဗမာအစိုးရ)စိတ်ကူးထားတဲ့အတိုင်း လုပ်ဖို့မဟုတ်ဘူး။ ကျနော်တို့ မနေဘူး။ ကျနော်တို့မွေးရာပါ အခွင့်အရေး ရ ရမယ်။ သူတို့ကိုလည်း မတိုက်တော့ဘူး။ ကျနော်တို့ကိုလည်း မဖိနှိပ်နဲ့။” ဟု ဒူဝါဇော်အောင် ပြောဆိုသွားပါသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဒူဝါဇော်အောင်သည် NLD ပါတီ၏ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြစ်ပြီး ယခု အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သည်။