ခိုင်မာသော အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ် KIO လိုလား

ခိုင်မာသော အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ် KIO လိုလား
by -
ကေအိုင်စီ

ဇူလိုင် ၁၂-၁၃ ဗဟိုဌာနချုပ် လိုင်ဇာလူထုအစည်း အဝေးတွင် နိုင်ငံရေးဆွေးနွေးခြင်းမပါသော အပစ်အခတ် ရပ်ဆိုင်းရေးအား KIO လက်ခံမည် မဟုတ်ကြောင်းကို KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင် ကအစည်းအဝေး တွင်းအသိအလင်း ပြောကြားခဲ့တယ်။

DSCN5644KS_Ministers_House_5

မြန်မာအစိုးရနှင့်အပစ်အခတ်ရပ်ဆိုင်းရေးအတွက် ၁၉၉၄ စာချုပ် ကဲ့သို့ မဟုတ်ဘဲ ပို၍ ခိုင်မာသောစာချုပ် ဖြစ်ရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လိုလားသည်ဟု အထွေထွေအတွင်းရေးမှူး-၂ ဆလန်ကဘား လာနန်ပြောဆိုလိုက်သည်။

“၁၉၉၄ အပစ်ရပ်တုန်းက စာချုပ်မှာ ပြည့်ပြည့်စုံစုံ ထည့်မရေးထားတဲ့အတွက် နှစ်ပေါင်း ၁၇ နှစ်လုံးလုံး ကျနော်တို့ နစ်နာဆုံးရှုံးမှုတွေ အများကြီးကြံုခဲ့ရတယ်။ မမှန်တာသိပေမဲ့ စာချုပ်ကြောင့် ကျနော်တို့ရှေ့ မှောက်မှာတင် နစ်နာဆုံးရှုံးတာတွေအများကြီးပဲ။ ပြည်သူလူထုက အထင်လွဲတာတွေများလာတယ်။” ဟု ကချင်သတင်းဌာနသို့ ပြောသည်။

ထိုစဉ်က နိုင်ငံရေးဆွေးနွေးခြင်းမရှိဘဲ အပစ်ရပ်ဆိုင်းရေးအတွက်သာ မြန်မာစစ်တပ်နှင့် KIO စာချုပ် ချုပ်ဆိုခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရ အနေဖြင့် တနိုင်ငံလုံးအပစ်အခတ်ရပ်ဆိုင်းရေးနှင့် နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရေး ကို ဦးဆောင်ရမည်ဟု ဆလန်ကဘား က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဇူလိုင် ၂၅ အိတ်ဖွင့်ပေးစာဖြင့် စစ်ဖြစ်နေကြသော ၂၀၀၈ ဖွဲ့စည်းပုံ သမ္မတ ဦးသိန်းစိန်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းရုံး (KNU)၊  မွန်ပြည်သစ်ပါတီ(NMSP)၊ ရှမ်းပြည်တပ်မတော် (SSA) သို့လိပ်မူကာ ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းကြပါရန်နှင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲကြပါရန် လေးနက်စွာ ပန်ကြားထားသည်။

KIO နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေးကိစ္စ နှစ်ဖက်ညှိနှိုင်းမှုများ ကျရှုံးသွားပြီး ၁၉၉၄ အပစ်အခတ် ရပ်ဆိုင်းရေးစာချုပ်ပျက်ပြားကာ ဇွန် (၉) ရက်မှ ပြည်တွင်းစစ် ပြန် စ လာသည်။

အသစ်တဖန် အပစ်အခတ်ရပ်ဆိုင်းရေးအတွက် ကချင်ပြည်နယ်အစိုးရ ကိုယ်စားလှယ်များ နှင့် KIO ကြား နှစ်လအတွင်း (၃) ကြိမ်တွေ့ဆုံခဲ့ပြီးနောက် စာချုပ် ချုုပ်ဆိုနိုင်ရန် နှစ်ဖက် ညှိနှိုင်းနေဆဲဖြစ်သည်။

Most read this week