မြန်မာစစ်တပ် အတွက် ရိက္ခာနှင့် မြင်းကုန်းနှီးများ သင်္ဘောဖြင့်ပို့နေ

မြန်မာစစ်တပ် အတွက် ရိက္ခာနှင့် မြင်းကုန်းနှီးများ သင်္ဘောဖြင့်ပို့နေ
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် အတွင်း ကေအိုင်အေနှင့် မြန်မာ စစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားနေချိန်တွင် မြန်မာ စစ်တပ် စားသုံးရန် ရိက္ခာ နှင့် ထောက်ပံ့ရေးပစ္စည်း သယ်ရာတွင် အသုံးပြုသည့် မြင်း ၊လားကုန်းနှီးများ တင်ဆောင် လာသည့် သင်္ဘောတစ်စီး ဗန်းမော်ဆိပ် ကမ်းသို့ယမန်နေ့ကဆိုက်ကပ်လာကြောင်းသိရသည်။

အဆိုပါ သင်္ဘောပေါ် တွင် မြန်မာစစ်သည် အယောက် ၅၀ ခန့်လည်း လိုက်ပါလာကြောင်း ခိုင်လုံသည့် တရုတ်နယ်စပ် စစ်ဘက်သတင်းရပ်ကွက်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
Mandalay-BanMaw
“မနေ့က ဗန်းမော်ကို ဆိုက်တဲ့သင်္ဘောပေါ်မှာ လားကုန်းနှီးနဲ့ ရိက္ခာတွေပါလာတယ် လားကုန်းနှီးက စစ်ကားတစ်စီးစာ အပြည့်တင်သွားတယ် ဆန်အိတ်နဲ့ရိက္ခာတွေလည်း စစ်ကားတွေနဲ့လာသယ်တယ် စစ်သားကတော့ သိပ်မများဘူး  ၅၀ လောက်ပါတယ် ” ဟု ကချင်ပြည်နယ်တွင်း စစ်ပွဲအခြေအနေ စောင့်ကြည့်နေသူ တစ်ဦးက ဆိုသည်။

ဗန်းမော်မြို့၌ မြန်မာစစ်တပ်၏ အမှတ် ၉၃၃ ဝန်တင်တပ်ရင်း အခြေစိုက်ထားပြီး ၎င်းဝန်တင်တပ်ရင်းမှ မြင်း ၊ လား များဖြင့် တောင်ပေါ်ဒေသရှိ စစ်အခြေစိုက်စခန်းများသို့ လက်နက်ရိက္ခာများ ပို့ဆောင်နိုင်ကြောင်း သိရသည်။

ယခင်ကလည်း မန်မာစစ်တပ်များ သင်္ဘောဖြင့်ပို့ဆောင်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးမြန်မာ စစ်တပ်မှ ကေအိုင် အေအပေါ် ထိုးစစ်ဆင်မည့် အသွင်ဆောင်နေရာ ဒေသတွင်းစစ်ပွဲပြင်းထန် လာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်းသိရသည်။

ကချင်ပြည်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေနှင့် မြန်မာစစ်တပ်တို့နှစ်ဘက်တိုက်ပွဲများယမန်နေ့ အထိဆက်တိုက် ဖြစ်ပွားနေကြောင်း သိရသည်။