ဦးသိန်းစိန် ဟင်္သာတသို့ သွားရောက်

ဦးသိန်းစိန် ဟင်္သာတသို့ သွားရောက်
by -
မဇ္စျိမသတင်းဌာန

ချင်းမိုင် (မဇ္ဈိမ) ။         ။ ဦးသိန်းစိန်သည် သဘာဝ ဘေးအန္တရယ် ကျရောက်သည့်ဒေသ များသို့ ဒုတိယ အကြိမ်အဖြစ် သွားရောက်ကြည့် ရှုမှုအဖြစ် ရေဘေးဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်း ဟင်္သာတမြို့သို့ ဗုဒ္ဓဟူးနေ့က ရောက်ရှိခဲ့သည်။

new-goverment-thein-seinသုံးနာရီကြာ ခရီးစဉ်အတွင်း  ရေဘေးသင့်သော ရပ်ကွက်များနှင့် ဆည်များကို သွားရောက် စစ်ဆေးခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းအတွက် စီးပွားရေး လုပ်ငန်းရှင်များမှ လှူဒါန်းသည့် ငွေသား ကျပ်သိန်း ၄၀၀ ကျော်နှင့် ဆန်၊ ဆီ၊ ဆား၊ ဆေး၊ အိမ်သုံးပစ္စည်း များကိုလည်း ခရိုင် အုပ်ချုပ်ရေးမှူးသို့ ပေးအပ်ပွဲကိုလည်း တက်ရောက်ခဲ့သည်။

ရဟတ်ယာဉ် နှစ်စီးဖြင့် နံနက် ၈ နာရီကျော်က ဟင်္သာတမြို့ သို့ ရောက်လာခဲ့သော  ဦးသိန်းစိန်၏ ခရီးစဉ် အတွင်း ဆောက်လုပ်ရေး၊ ပညာရေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၊ ပို့ဆောင် ဆက်သွယ်ရေး၊ ကျန်းမာရေး လျှပ်စစ်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးများ လည်း လိုက်ပါသွားခဲ့သည်ဟု မြို့နယ် အုပ်ချုပ်ရေးရုံး သတင်းရပ်ကွက်က ပြောသည်။

နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဆည်များ ရေများပိုလာသဖြင့် ရေဖောက်ချခဲ့ရာက ဇူလိုင် ၁၉ ရက်နေ့က စတင်ခဲ့သော ရေကြီးမှုကို ဟင်္သာတမြို့ရှိ အိမ်ထောင်စု ၄၀၀ ခန့် ခံစားခဲ့ရသည်။ အဆိုးရွားဆုံး ခံစားရသည့် ရပ်ကွက်များမှာ မြဝတီ၊ ကနောင်စု၊ တာလေးမြို့သစ်၊ သုံးပင်ကွင်းတို့ဖြစ် သည်။

သမ္မတသည် အင်္ဂါနေ့က ရေဘေးဒဏ်ခံခဲ့ရသည့် ပဲခူးမြို့သို့လည်း သွားရောက်ခဲ့သည်။