စစ်တပ်၏ ဗိုလ်ကျမူ ရခိုင်ပြည်နယ် အစိုးရ မတားဆီးနိုင်

စစ်တပ်၏ ဗိုလ်ကျမူ ရခိုင်ပြည်နယ် အစိုးရ မတားဆီးနိုင်
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ်တွင် တပ်စွဲထားသော စစ်တပ် တပ်ရင်း များမှ ရခိုင်ပြည်သူများ အပေါ်နည်းမျိုး စုံဖြင့် ဥပဒေမဲ့ ဗိုလ်ကျ ချယ်လှယ်နေ သော်လည်း ရခိုင်ပြည်နယ် အစိုးရ အနေဖြင့် တစ်စုံတရာ ၀င်ရောက်တားဆီးနိုင်ခြင်း မရှိကြောင်း သိရသည်။

ထိုကဲ့သို့ တားဆီးနိုင်ခြင်း မရှိဘဲ ဖြစ်နေသည်ကို ကျောက်ဖြူမြို့နယ် ပန်းတောပြင် ကျေးရွာမှ လူကြီး တစ်ဦးက ယခုကဲ့သို့ ပြောသည်။

small-rowing-boat-Arakan-Burma
" ကျွန်တော်တို့ ကျောက်ဖြူမြို့ နယ် ပန်းတောပြင် ကျေးရွာ အုပ်စုမှာ ခလရ (၃၄) တပ်ရင်းမှ တပ်ကြပ်ကြီး တစ်ဦး ဖြစ်တဲ့ ဦးသိန်းဟန်က ခညင်းကျွန်း ကာရီ (ပုစွန်ကန်) အနီးရှိ ချောင်းမှာ ငါးမဖမ်းရ ဆိုပြီး အမိန့် ထုတ်ထားပါတယ်။ အဲသလို ဗိုလ်ကျပြီး ဒေသခံ ပြည်သူတွေ ချောင်းထဲကို မဆင်းရတဲ့ အတွက် စားဝတ် နေရေး အခက်အခဲ ဖြစ်နေတော့ ကျေးရွာ အုပ်ချုပ်ရေးမှူးက တဆင့် မြို့နယ် အဆင့်ထိ တိုင်ကြားပါတယ်။ ဒါပေမယ့် တပ်ကြပ်ကြီး ဦးသိန်းဟန်ရဲ့ အမိန့်ကို ဘယ်သူမှ မလွန်ဆန်ရဲဘဲ ဖြစ်နေပါတယ်" ဟု ပြောသည်။

တပ်ကြပ်ကြီး ဦးသိန်းဟန်အား ဥက္ကဌဖြစ်သော ဦးမောင်သန်းအောင်မှလည်း ထိုသို့ မပြုလုပ်ရန် ပြောကြား တောင်းပန် ထားသော်လည်း မရပဲ ချောင်းထဲ ဆင်းသူများကို ဖမ်းမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။

" တပ်ကြပ်ကြီး ဦးသိန်းဟန်က ငါးလုပ်ငန်း ဦးစီးဌာနမှာ အဲဒီ ချောင်းငယ်မှာ စစ်တပ်က လုပ်ကိုင်ဖို့ လိုင်စင် ယူထားတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ဒေသ အတွင်းက တပိုင် တနိူင် လုပ်ကိုင်စားသောက်နေကြတဲ့ တံငါသည် တွေကို ချောင်းထဲမှာ ငါးဖမ်းရင် ပိုက်နဲ့ ငါးကို သိမ်းပြီး လူတွေကိုလည်း ထောင်ချမယ်ဆို ပြောဆို ခြိမ်းခြောက် ထားပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ ချောင်းအား ပိတ်ပင်လိုက်သဖြင့် အဆိုပါ ချောင်းကို မှီခို စားသောက်နေကြရသော အနီးအနား ကျေးရွာများမှ လူပေါင်း ၈၀၀ ကျော်ခန် ့မှာ ၀မ်းရေး အတွက် အခက်ကြံုနေကြရကြောင်း သိရသည်။

၄င်းပြင် ဦးသိန်းဟန် ဆိုသူသည် ထိုချောင်းငယ် အတွင်း သွားလာမူကိုလည်း ပိတ်ပင်ထားကြောင်း သိရသည်။

ပန်းတောပြင် ကျေးရွာ အုပ်စုသည် ကျောက်ဖြူမြို့မှ ၁၂ မိုင်ကျော်ခန် ့ကွာဝေးကာ ကျောက်ဖြူမြို့၏ အရှေ့တောင်ဘက် အရပ်တွင် တည်ရှိသည်။

၎င်းပြင် ကျောက်ဖြူ ရေတပ် သင်္ဘောများမှာ မီဒီယာများက သတင်းထွက်လာ သဖြင့် ယခင်ကကဲ့သို့ ကျောက်ဖြူ အနားတွင် ရပ်နားပြီး စက်လှေနှင့် မော်တော် ဘုတ်များမှ ငွေ မကောက်ခံတော့သော်လည်း အဝေးမှ နေ၍ လှမ်းပြီး အကောက် ကောက်နေကြောင်း သိရသည်။

ထိုသို့ လူထုဆီမှ မတရားသဖြင့် ငွေများ ဆက်လက်ကောက်ယူ နေသည်ကို ဒေသ အာဏာပိုင်များ သိသော်လည်း တစုံတရာ ဟန့်တားနိုင်ခြင်း မရှိကြောင်း သိရသည်။

Most read this week