တိုက်ပွဲကြောင့် ထွက်ပြေးတိမ်ရှောင်သူများ လာမည့်နှစ်အတွက် လယ်ယာပြန်လုပ်ကိုင်ကြ

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်ရှောင်သူများ လာမည့်နှစ်အတွက် လယ်ယာပြန်လုပ်ကိုင်ကြ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာစစ် တပ်တို့ တိုက်ပွဲ ဖြစ်ပွားနေသည့်ကြား တခြားသို့ ထွက်ပြေး တိမ်းရှောင်ကြသည့် ၀မ့်ဟိုင်း ဒေသခံ များ လာမည့်နှစ်အတွက် ရွာပြန်ကာ လယ်ယာ  လုပ်ကိုင်နေကြရ ကြောင်း သိရသည်။

“လယ်ယာတွေမလုပ်ရရင် နောက်နှစ်သူတို့အတွက်စားစရာမရှိတော့ဘူး။ စွန့်စားပြီးပြန်လာလုပ်ရတယ်။ အားလုံး တော့ဟုတ်ဘူး။ လယ်ပြန်လုပ်သူ  အယောက်တရာလောက်တော့ရှိတယ်” ဟု  ဗဟိုပါတီဝင် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလက ပြောသည်။

နေ့ခင်းပိုင်းတွင် အမျိုးသားများသာမက အမျိုးသမီးများပါ ရွာပြန်လယ်ယာ လုပ်ကြပြီး ညပိုင်းတွင် တောတွင်း သို့ ပြန်သွားအိပ်ကြသည်ဟုဆို၏။

“ သူတို့အတွက် အန္တရာယ်လဲများတယ်၊ ဒီနှစ်မ်ိုးလဲများတယ်။ လယ်ယာမဖြစ်ထွန်းဘူး။ ဒါပေမယ့်  မျှော်လင့် ချက်ကြီးစွာနဲ့ အပင်ပန်းခံပြီး နောင်နှစ်အတွက်ပြန််လုပ်နေကြရတယ်” ဟု ဗိုလ်မှူးစိုင်းလကပြောသည်။

သီတင်းနှစ်ပတ်ကြာ သျှမ်းပြည်တပ်မတော် နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက်  မြန်မာ စစ်တပ်မှ ထိခိုက်ဒဏ်ရာရမှုများပြားသဖြင့် ယခုအချိန်တွင် တိုက်ပွဲ ငြိမ်နေလျက်ရှိပြီး စစ်အင်အားများ ထပ်မံဖြည့်တင်း အသင့်ပြင်နေသည်ဟု ဗိုလ်မှူးစိုင်းလက ပြောသည်။

တိုက်ပွဲများ ခေတ္တ ရပ်နားထားသော်လည်း ယနေ့အချိန်ထိ ဒေသခံများမှာ တောတောင်ထဲထွက်ပြေးတိမ်း ရှောင် နေ ကြရပြီး စားနပ်ရိက္ခာအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေနေရပါသည်။