ချင်းမိုင် (မဇ္စျိမ) ။ ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည် ထောင်စုဝန်ကြီးနှင့် ဦးအောင်ကြည်တို့၏ တနလာင်္ နေ့ ရန်ကုန်မြို့တွင် တွေ့ဆုံ ဆွေးနွေးမှုကိုကြိုဆို ကြောင်း ပြောကြားလိုက်သည်။
ဆွေးနွေးမှုနှင့် ပတ်သက်၍ မစ္စတာဘန်ကီမွန်းက ပြောကြားရာ၌ နှစ်ဘက်စလုံး အနေနှင့် ဆွေးနွေးမှုအပေါ် ကျေနပ်ကြောင်း ပြောခဲ့ကြပြီး ထပ်မံ ပူးပေါင်း ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြသည့် အတွက် မြန်မာနိုင်ငံ သားများ အတွက် အကျိုးရှိစေလိမ့်မည်ဟုလည်း ဆိုသည်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဖြစ်သူ ဦးအောင်ကြည်သည် မိနစ် ရ၀ ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသည် ထိရောက်၍ အပြုသဘော ဆောင်သည်ဟု နှစ်ဘက်စလုံးမှ ပြောခဲ့ကြသည်။
ကြေညာချက်ထဲ၌ မစ္စတာ ဘန်ကီမွန်းက နှစ်ဘက်စလုံးအနေဖြင့် စစ်မှန်သည့် တွေ့ဆုံ ဆွေးနွေးမှုများကို အခြေခံကာ အပြန်အလှန် နားလည်မှု တည်ဆောက်ရန် ရည်ရွယ်၍ ယခုကဲ့သို့ အားထုတ်မှုများကို ဆက်လက် ဆောင်ရွက်ကြလိမ့်မည်ဟု မျှော်လင့်ထားကြောင်းလည်း ဖော်ပြထားသည်။
မစ္စတာဘန်ကီမွန်းက မြန်မာအစိုးရကို နိုင်ငံအဝှမ်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော်ကိုလည်း ပြန်လည် လွှတ်ပေးရန် တောင်းဆို တိုက်တွန်း ခဲ့သေးသည်။
မြန်မာနိုင်ငံတွင် အချို့နိုင်ငံရေး အကျဉ်းသားများမှာ ထောင်ဒဏ် နှစ် ၁၀၀ ကျော်အထိ ကျခံနေကြရသည်။