မြန်မာဆန် ဘင်္ဂလာမှ ၀ယ်ယူရန် ကမ်းလှမ်း

မြန်မာဆန် ဘင်္ဂလာမှ ၀ယ်ယူရန် ကမ်းလှမ်း
by -
မောင်အေး

မြန်မာနိုင်ငံမှ ဆန်ဝယ်ယူရန် ဘင်္ဂလာဒေချ့် တာဝန်ရှိ သူများက ကမ်းလှမ်းလိုက်ကြောင်း သတင်း ရရှိသည်။

Rice-photo-by-MMTimesမြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလာ သံအမတ်နှင့် စီးပွားရေးဆိုင်ရာ ဘင်္ဂလာ အဆင့်မြင့် အရာရှိများက မြန်မာနိုင်ငံ ဆန်၊စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူများနှင့် ယခုလ ပထမ ပတ်က တွေ့ဆုံ ဆွေးနွေးပြီး မြန်မာဘက်မှ ဆန်ဝယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့်် စက်မှုလက်မှု အသင်းချုပ်တွင် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဓိက ပြုတ်ဆန်ခေါ် ပေါင်းဆန်များကို မြန်မာ ဧရာဝတီတိုင်းမှ ၀ယ်ယူမည် ဖြစ်ပြီး ပုသိမ် ဆိပ်ကမ်းမှ တဆင့် ဘင်္ဂလာသို့ ရောင်းချ တင်ပို့ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E . Mr.anup kumar chakama နှင့် စီးပွား ရေးသံမှူး MD.Abdull ahalhasan chowghury တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခုလ ၂၁ ရက်နေ့ကလည်း နေပြည်တော် ရတနာသိင်္ဃဟိုတယ််တွင် မြန်မာနိုင်ငံ စီပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဒုုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် Commerce secretary HE.Mr. Md Ghulam Hussan နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလာသံအမတ် Major general. anup kumar chaka ma တို့တွေ့ဆုံပြီးနှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဘင်္ဂလာဒေချ့် နိုင်ငံသည် မြန်မာမှ ဆန်များကို တက်ကနက် နယ်စပ်ကုန်သွယ်ရေးဂိတ်မှ တဆင့် နှစ်စဉ် ၀ယ်ယူတင်သွင်းနေရာ ၂၀၀၈ ခု သြဂတ်(စ်)မှ အောက်တိုဘာလထိ (၃) လ အတွင်း မြန်မာဆန် တန်ချိန်ပေါင်း ၂၁၀၀၀ ကို ၀ယ်ယူခဲ့သည်။

၂၀၀၉ ခုနှစ်ကလည်း မြန်မာဆန်ကို ဒုတိယအများဆုံး ဘင်္ဂလာနိုင်ငံမှ ၀ယ်ယူခဲ့ပြီး အဆိုပါနှစ် ဇန်နဝါရီလနှင့် မေလအတွင်း ဆန်တန်ချိန် ရ၀၀၀၀ ကျော် ၀ယ်ယူခဲ့ကြောင်း သိရသည်။

Most read this week