ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် တလအတွင်း တောအရက် ပုလင်းပေါင်း ၂၀၀၀၀ ခန့် ရောင်း ထွက်ကြောင်း သိရသည်။
အရက်ချက်လုပ်သူများသည် အရက်လုပ်ခွင့်လိုင်စင်ပိုင်ရှင်ထံ အခွန်ဆောင်ပြီးအရက်ချက်ကို အကောင်း စား၊ အလတ်စား အညံ့စား ဆိုပြီး သုံးမျိုးဖြင့် ချက်လုပ်ကြ ကြောင်း ဖလမ်းမြို့ပေါ်တွင် တရားဝင်တော အရက်ဆိုင် နှစ်ဆိုင်ရှိကြောင်း သိရသည်။
” အကောင်းစားကို တလုံး ၁၅၀၀ ကျပ်၊ အလတ်စား ၁၀၀၀ ကျပ်၊ အည့ံစားက တလုံး ၈၀၀ နဲ့ ပြန်ရောင်းရတယ် ” ဟု အရက်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။
ကျပ်ငွေ တသောင်းငါးထောင်တန် ဆန်အညံ့စား တအိတ်တွင် အရက်အကောင်းစား အလုံး ၂၀ ထွက်ရှိနိုင်ပြီး ၄င်းအရက်ကို အလတ်စား၊ အည့ံစား ဆိုပြီး ရေရောကာ ပြန်ရောင်းကြကြောင်း၊ ဆန်တအိတ်မှာ အနည်းဆုံး တဆကျော်ကျော် အမြတ်ထွက်ကြောင်း ဆက်ပြောသည်။
” တောအရက်တွေကို အဓိက လူငယ်ပိုင်းက သောက်သုံးကြတယ်၊ နယ်ကလည်း လာဝယ်ကြတယ်၊ ကလေး မြို့ကနေ တက်လာတဲ့ တချို့ ကား သမားများတွေက ဖောက်သယ် ယူပြီး ဟားခါးမြို့ကို ပြန်သယ်ကြ တယ်” ဟု ပြောသည်။
ချင်းပြည်နယ်ရှိ ဘာသာရေး၊ လူငယ်၊ အမျိုးသမီး အသင်းအဖွဲ့များသည် မိမိဒေသအတွင်း အရက်သေစာကို တိုက် ဖျက်နေကြသည်။