စစ်ကိုင်းတိုင်း ယူအက်စ်ဒီပီပါတီက လဒ်စားမှူ တိုက်ဖျက်မည်

စစ်ကိုင်းတိုင်း ယူအက်စ်ဒီပီပါတီက လဒ်စားမှူ တိုက်ဖျက်မည်
by -
ခိုနူမ်းထုန် သတင်းဌာန

စစ်ကိုင်းတိုင်းအတွင်း ယူအက်ဒ်ဒီပီပါတီက လဒ်ပေး လဒ်ယူမှူ ပြုလုပ်နေသည့် အစိုးရဝန်ထမ်းများ၊ လွတ်တော် ကိုယ်စားလှယ်များအတွင်းလဒ်ပေးလဒ် ယူမှူ ပြုလုပ်နေသူများရှိပါက တိုင်းပါတီဌာနချုပ်သို့ သတင်းပို့ကြရန် ဇွန်လ အတွင်းပြည်သူလူထုအား အကြောင်းကြားထားကြောင်း သိရသည်။

” ကျတော်တို့ပါတီဟာ လက်ရှိအစိုးရဖွဲ့ထားတယ်ဆိုတော့ လူထု ယုံကြည်မှူရှိဖို့လိုတယ်၊ ” ဟု ကလေး မြို့မှ ကြ့ံဖွံ့ပါတီလူကြီး တဦးက ပြောသည်။

ဇွန်လအတွင်း စစ်ကိုင်းတိုင်း ကလေးမြို့မော်တော်ယာဉ် လိုင်းပါင်းစုံမှ ၀န်ထမ်း Papau နှင့် ဦး Bokyi တို့အား သက်ဆိုင်ရာက လဒ်စားမှူဖြင့် အလုပ်ဖြုတ်ထားကြောင်း ယင်းကိစ္စသည် ယူအက်စ်ဒီပီပါတီက တိုင်ကြားမှူ ကြောင့် ဖြစ်နိုင်ကြောင်း ပြောကြသည်။

” အခု ကုန်းလမ်းသယ်ယူပို့ဆောင်ရေးညွန်ကြားရေးဌာနမှ အရေးယူဖို့ သုံးဦးကျန်သေးတယ် ” ဟု ကလေးမြိ့ ပေါ် စန်းမြို့ရပ်ကွက်မှ ဒေသခံ လူကြီးတဦးက ပြောသည်။

ကြ့ံဖွ့ံပါတီမှ ယခုကဲ့သို့ လဒ်စားမှူ တိုက်ဖျက်နေခြင်းအပေါ် လူထုအနေဖြင့် ကြိုဆိုထောက်ခံကြောင်း သို့သော် အထက်အရာရှိပိုင်း၏ လုပ်ဆောင်မှူအထိ အကျိုးသက်ရောက်စေသင့်ကြောင်း ဝေဖန်ပြောဆို နေကြသည်။

” အဲဒါ အဖျားပိုင်းပါ၊ လုပ်ချင်းလုပ်ယင် အထက် အရာရှိပိုင်းကနေ ကိုယ်တွယ်သင့်တယ်” ဟု ၀န်ထမ်းတဦးက ပြောသည်။

ကြ့ံဖွံ့ အစိုးရသည် အာဏာလွဲပြောင်းရယူသည့်နောက်ပိုင်း အစိုးရ ယန္တရားလည်ပတ်ရေးထက် တိုင်းရင်း သား ဒေသများအတွင်း လူမျိုးစုလက်နက်ကိုင်များအား စစ်ဆင်ရေးပြုလုပ်နေခြင်းကို ဦးစားပေးဆောင်ရွက် နေ သည်ဟု ပြောဆိုမှူများရှိနေသည်။

” သူတို့အာဏာရယူပြီး ယခုထိ ပြည်သူအတွက် မယ်မယ်ရရလုပ်တာမရှိဘူး၊ ဒီတိုင်းရင်းသားတွေ စစ်ဆင် ရေးလုပ်နေတာက ပြည်တွင်းငြိမ်းချမ်းလာမှမဟုတ်ဘူး”  ဟု ဒေသခံ ဘာသာရေးခေါင်းဆောင်တဦးက ပြောသည်။

Most read this week