NLD အဖွဲ့ဝင်လူငယ်များ အာဇာနည်နေ့အခမ်အနားကို မြို့နယ်တချို့တွင် ပြုလုပ်အောင်မြင်စွာပြီးဆုံး

NLD အဖွဲ့ဝင်လူငယ်များ အာဇာနည်နေ့အခမ်အနားကို မြို့နယ်တချို့တွင် ပြုလုပ်အောင်မြင်စွာပြီးဆုံး
by -
ခိုင်သော်က

ယနေ့ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၆၄ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရခိုင်ပြည်နယ် ကျောက်ဖြူ၊သံတွဲ၊တောင် ကုတ်၊ ရမ်းဗြဲ နှင့် စစ်တွေမြို့တွင် NLDအဖွဲ့လူငယ်များ က မြို့နယ် အသီးသီးတွင် ကျင့်ပပြုလုပ်အောင်မြင် စွာ ပြီးဆုံးခဲသည်ဟု သိရသည်။

ကျောက်ဖြုမြို့ အဖွဲဝင် လူငယ်တဦးက ကျန်တော်တို့သက်မှတ်နေရာ ကျောက်တိုင်ကွင်းမှ စုရပ်ထားပြီး နဂါး ဘုန်းတော်ကြီးကျောင်းတိုက်သို့ နံနက် ၉ နာရီတိတိမှာ ချီတက်ကြတယ်၊ ကျန်တော်တို့အဖွဲဝင် လူငယ် ကတော့ ၆၃ ယောက်ပါ၊ အဖွဲဝင်တွေ့ အားလုံး အကျင်္ီအဖြူကို ၀တ်ဆင်ပြီး အောင်ဆန်းဓါတ်ပုံ ရင်ထိုး ကိုယ်စီ ကိုလည်းတပ်ဆင်ထားပါတယ်။ ကျန်နော်တို့ချီတက်သည့် လမ်းတလျှောက် မြို့ခံ လူကြီး လူငယ် ရာနဲ့ချီ လာရောက် အာပေးနေကြတာကို တွေ့ရပါတယ်။ ကျန်နော်တို့ ၉ နာရီ ၂၅ မိနစ်လောက်မှာ နဂါး ဘုန်းတော်ကြီး ကျောင်းတိုက်သို့ ရောက်ရှိပြီး ဆရာတော်ထံ ငါးပါးသီလ ဆောက်တည်ကြတယ၊် ထို့နောက် ကျန်တော်တို့မှာပါတဲ့ ဗိုလ်ချုပ်အောင်ဆန်ဓါတ်ပုံကြီးကိုချတယ်၊ ဓါတ်ပုံရှေ့မှာ ပန်းခွေချ ဂါရာဝပြုကြတယ်၊ ဆရာတော်က မင်းတို့ပြီးရင် ကိုယ်အိမ်ကိုပြန်တော့ ပြောလို့ ကျန်တော်တို့ ဘုန်တော်ကြီးကျောင်းမှ ပြန်ထွက်ခွါလာကြတယ်လို့ပြောပြခဲ့သည်။

ကျန်တော်တို့က လုပ်သင့်လုပ်ထိုက်တာတွေ့လုပ်တာပါ၊ တိုင်ပြည် လွတ်လပ်ရေး အတွက် ကြိုးပမ်းခဲ့လို့ ကျဆုံးသွားရတဲ့ အာဇာနည် ခေါင်းဆောင်ကြီးများကို ဂါရဝပြုတာပါ၊ ကျန်တော်တို့ NLD အဖွဲ့ဝင်တွေ့ကဘဲ ပြုလုပ်သင့်တာ မဟုတ်ဘူး။ နိုင်ငံသားတိုင်းက ဂါရဝပြုနိုင်ပါတယ်။ ကျန်တော်တို့အာဇာနည်နေ့လုပ်တာကို မင်းတို့ ဒီနားမှ ာမလုပ်ရဘူး ဟိုနားမှာ မလုပ်ရဘူးလို့ဘာညာ ဟန့်တာ တားတာရှိပါတယ်။ ကျန်နော်တို့က အစီအစဉ်အရ လုပ်ဖြစ်အောင် လုပ်ပြီးသွားပါပြီလို့ရမ်းဗြဲမြို့ခံ NLD အဖွဲဝင်တဦးကပြောပြခဲသည်။

တောင်ကုတ်၊ သံတွဲ၊ စစ်တွေ့မြို့တို့တွင်လည်း NLD အဖွဲဝင်များသည် အတားအဆီးကြားထဲက  ၆၄ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြသည်ဟု သတင်းရရှိသည်။

ထို့အတူ ဘင်္ဂါလာဒေးရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွင် အာဇာနည်နေ့အခမ်းအနားကို ကျောင်းသူ ကျောင်းသား များ နှင့်အတူ ဒုက္ခသည်များ ကော်မီတီဝင်များပါ၀င်  ကျင်းပ ခဲ့ကြောင်း သိရသည်။ ၎င်းအခန်းအနားတွင် ဒုက္ခသည်များ ကော်မီတီမှ အာဇာနည်အကြောင်း ကို ကျောင်းသူ ကျောင်းသား နားလည်အောင် ပြောပြခဲ့ ကြောင်းသိရသည်။