သျှမ်းပြည် (တောင်ပိုင်း) ကျေးသီးမြို့နယ် အတွင်းရှိ သျှမ်းပြည်တပ်မတော် SSA ဋ္ဌာနချုပ် ဝမ့်ဟိုင်း မြောက်ဘက် တပ်စခန်းအား မြန်မာ စစ်တပ်မှ ထိုး စစ်ဆင် တိုက်ခိုက်နေရာ ယနေ့နေ့လည်ပိုင်းအထိ နှစ်ဘက်တိုက်ပွဲများ ပြင်းထန် စွာ ဖြစ်ပွားနေကြောင်း သိရသည်။
ယခုလ ၁၁ ရက်နေ့မှ စ၍ မန့်ဟိုင်းစခန်းအနီးဝန်းကျင်ရှိ နမ့်ကိုင်ဖိတ်ဒေသအတွင်း နှစ်ဘက်တိုက်ပွဲများ စတင်ခဲ့ပြီး ယခု မြန်မာစစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝမ့်ဟိုင်းစခန်းကို ဦးတည်တိုက်ခိုက်နေကြောင်း သျှမ်းတပ်အရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ဗမာတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ကျနော်တို့ ဝမ့်ဟိုင်းစခန်းကို ဖိတိုက်နေတယ်။ အခုအထိ (ယနေ့နေ့ လည်ပိုင်း) တိုက်ပွဲ ပြင်းထန်နေတုန်းပဲ ” ဟု သူက ဆိုသည်။
ယမန်နေ့ နေ့လည် ၂ နာရီကျော်ခန့်က မြန်မာစစ်လေယာဉ်တစ်စီး သျှမ်းတပ် ဋ္ဌာနချုပ်ဝမ့်ဟိုင်းစခန်းအပေါ်မှ ဗုံးကျဲခြင်း မရှိပဲ ဝဲပျံသွားကြောင်း သိရသည်။
ယခုနှစ်ဘက်တိုက်ပွဲ အတွင်း အမျိုးသမီးတွေ့ပါက မုဒိန်းကျင့်ရန်နှင့် ယောက်ကျားတွေ့ပါက သတ်ဖြတ်ပစ်ရန် မြန်မာ စစ်တပ်ကတပ်တွင်း ညွန်ကြားချက်ထုတ်ပြန်ထားကြောင်း အဆိုပါ သျှမ်းအရာရှိက ဆိုသည်။