ယာဉ်ထိန်းရဲ လာဘ်စားမှု ဝန်ကြီးချုပ်ထံ အမတ်တိုင်

ယာဉ်ထိန်းရဲ လာဘ်စားမှု ဝန်ကြီးချုပ်ထံ အမတ်တိုင်
by -
မဇ္စျိမသတင်းဌာန

ရန်ကုန် (မဇ္ဈိမ) ။       ။ ရွှေပြည်သာမြို့နယ်ရှိ ယာဉ်ထိန်းရဲများ လာဘ်စားသည်ကိုရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်ကြားထားကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ပြည်သူ့ လွှတ်တော်အမတ် ဦးတင်မောင်ဦးက ပြောသည်။

အစိုးရသစ်၏ အဓိက လုပ်ငန်းတရပ်ဖြစ်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး လုပ်ငန်းစဉ်ကို ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်သည့် အနေဖြင့် တိုင်ကြားရသည်ဟု သူက ဆိုသည်။ သို့သော် ရွှေပြည်သာ သာမက အခြားမြို့နယ်များပါ ထိုသို့လာဘ်စားမှုများ ရှိနေပြီး၊ ခရီးသည်တင် ယာဉ်များ၊ အလုပ်သွား အလုပ်ပြန်များက နေ့စဉ် တွေ့မြင်နေရသည်ဟုလည်း ပြောသည်။

လာဘ်ပေးလာဘ်ယူကို ရေတို စီမံကိန်းအနေနှင့် ချက်ချင်းဖြေရှင်းရန် မလွယ်သဖြင့် ရေရှည်ကိုင်တွယ် ဖြေရှင်းရမည် ဖြစ်ကာ၊ အဓိက လာဘ်ပေးလာဘ်ယူများ ဖြစ်ပွားနေသည့် နေရာများတွင် လေ့လာရမည့် အပြင် လစာဝင်ငွေနှင့် ကိုက်ညီမျှတသော ကုန်စျေးနှုန်းလည်း ရှိရန်လိုအပ်သည်ဟု သူက ပြောဆိုသည်။

Most read this week