မြန်မာအစိုးရဘက်မှကာလအတန်ကြာပိတ်ထား ခဲ့သောမဲဆောက် မြဝတီချစ်ကြည်ရေးတံတားကို ဖွင့်ပေးမည် ဆိုပါကထိုင်းဘက်မှကန့်သတ်ထား သည့်ထိုင်းကုန်ပစ္စည်းများကိုကင်းလွတ်ခွင့်ပေး
မြန်မာအစိုးရဘက်မှ ကာလအတန်ကြာပိတ်ထားခဲ့သောမဲဆောက် မြဝတီချစ်ကြည်ရေးတံတားကို ဖွင့်ပေးမည် ဆိုပါက ထိုင်းဘက်မှကန့်သတ်ထားသည့်ထိုင်းကုန်ပစ္စည်းများကို ကင်းလွတ်ခွင့်ပေးမည်ဟု ထိုင်းနိုင်ငံတာပ်ခရိုင် ကုန်သည် ကြီးများအသင်းဥက္ကဌဟောင်းဖြစ်သူ နိုင်ဆူချတ်တင်္ရီရတ်ပတ္တနာက သတင်းမီဒီယာများကိုပြောဆိုခဲ့သည်ဟု မဲဆောက်မြို့ နေမြန်မာကုန်သည်တစ်ဦးမှပြောပါသည်။
ထိုင်းဘက်မှကန့်သတ်ထားသောတာကုန်များမှာ အချိုမှုန့်၊အချိုရည်၊မုန့်မျိုးစုံ၊ အဖျော်ယာမကာ ခေါက်ဆွဲထုတ် အသီးအနှံအစိုများအပါအဝင် ကုန်ပစ္စည်း(၁၅)မျိုးရှိသည်ဟု မြဝတီမြို့နေကုန်သည် တစ်ဦးမှ ပြောပါသည်။
ထိုင်းဘက်မှကန့်သတ်ထားသည့်ကုန်ပစ္စည်းများကိုကင်းလွတ်ခွင့်ပေးမည်ဟုတာပ်ခရိုင်ကုန်သည်ကြီး များအသင်း ဥက္ကဌဟောင်းဖြစ်သူ နိုင်ဆူချတ်တင်္ရီရတ်ပတ္တနာက ဇူလိုင်(၅ရက်နေ့တွင်ပြောဆိုခဲ့သော် လည်း မြန်မာကုန်သည်များ အနေနှင့် အဆိုပါပစ္စည်းများကိုအောက်လမ်းနည်းဖြင့်လွယ်လင့်တကူဝယ် ယူရ နေသည်ဟု အလယ်အလတ်တန်းကုန်သည် တစ်ဦးမှယခုလိုပြောပါသည်။
“ထိုင်းဘက်ကတော့ကန့်သတ်ထားတယ်လို့ပြောတာပေါ့။ ဒါပေမဲ့လက်တွေ့မှာမဲဆောက်ဘက် ကမ်းကနေ ပစ္စည်းတွေဝယ်လှေနဲ့ကူးတယ်။ဂိတ်တွေမှာနာလည်မှုနဲ့ငွေပေးပြီးကြိုက်သလောက် တင်းသွင်း လို့ရနေတယ်။”
မြန်မာဘက်မှကုန်သွယ်ရေးပိတ်ပင်ထားသည်ဆိုသော်လည်းတချို့အပစ်ရပ်အဖွဲ့ လက်နက်ချအဖွဲ့ များအနေနှင့် အဖွဲ့အစည်းရန်ပုံငွေအတွက် ကုန်စည်များကို နားလည်မှုဖြင့်တင်သွင်းခွင့်ပြုထားသည်ဟု မြဝတီကားသမားများမှပြောသည်။ တချို့အသေးစားကုန်သည်များကလည်းတစ်ပိုင်တစ်နိုင်ကုန်ပစ္စည်း များကိုတင်သွင်းနေသည်ဟုလည်းဆိုသည်။
ပြည်တွင်းပြည်ပသွင်းကုန်ထုတ်ကုန်လုပ်ကိုင်နေသော ကုန်သည်ကြီးတစ်ယောက်ကမူ အကယ်၍ ချစ်ကြည်ရေး တံတားကိုဖွင့်ပြီး ကုန်သွယ်ရေးလမ်းကြောင်းပွင့်သွားလျှင် ပို၍အကျိုးရှိမည်ဟုဆိုသည်။
“ကုန်သည်ကြီးတွေကလည်း ထိုင်းဖက်ကဖြစ်စေချင်တဲ့ ချစ်ကြည်ရေးတံတားကို မြန်မာအစိုးရကဖွင့်ပေး ရင် သူတို ့ကန် ့သတ်ကုန်တွေဟာ တရားဝင်ဖြစ်လာမယ်။ ကျွန်တော်တို ့အနေနဲ့အရင်ကထက်အခက် အခဲမရှိ ဘဲနဲ ့ပစ္စည်းတင်သွင်းနိုင်မယ်။ အရင်ကထက်အလုပ်ပိုသွက်လာပြီး တွင်ကျယ်မယ်။ကုန်သည် တွေ အတွက်ကတော့ တရားဝင်လမ်းကြောင်းကနေပစ္စည်းတွေတင် အခွန်ဆောင်ရတော့နိုင်ငံဝင်ငွေပို ရမယ်။ တရားမဝင်စရိတ်တွေလဲ သက်သာလာမယ်။ တရားဝင် တင်သွင်းခွင့်မရှိဘူးဆိုရင် ရဲတို့၊ အကောက်ခွန်တို့၊ စစ်တပ်ဂိတ်ကြီး ဂိတ်ငယ် အသီးသီးတွေမှာ ငွေပေးပြီးတင်းသွင်းရတော့ပိုပြီးခက်ခဲ တယ်လေ။ အဖမ်းအဆီးတွေလည်းရှိတယ်၊ တန်းဖိုး ကျပ်သိန်း တစ်ထောင်ရှိတဲ့ ကုန်ပစ္စည်းကိုကျပ်သိန်း (၃၀)လောက် ပေးနေရတယ်။”
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြဝတီ နယ်စပ်ကုန်သွယ်ရေး၏ ကုန်သွယ်မှုပမာဏမှာ (၂၀၀၉) ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၇၂၄)သန်းရှိပြီး (၂၀၀၈) ခုနှစ်ထက်စာရင်(၂၇)ရာခိုင်းနှုန်းတိုးတက်ခဲ့သည်ဟု ဇူလိုင်လ (၃)ရက်နေ ့ထုတ် (Eleven Media Group Online) တွင်ဖေါ်ပြထားသည်။