သျှမ်းပြည်တောင်ပိုင်း လွိုင်လင-တောင်ကြီးကား လမ်း ပေါ် SSA လွယ်တိုင်းလျဲန်းနှင့် ပင်လုံ ရဲတပ်ဖွဲ့တို့အ ကြား တိုက်ခိုက်မှုကြောင့် စခန်းမှူး အပါအဝင် ၆ ဦး သေဆုံးကြောင်း သိရှိရပါသည်။
ဂျွန်လ ၉ ရက် နံနက် ရ:ဝဝ နာရီကျော် လွိုင်လင်အနောက်ဘက် ရ မိုင်ခန့်အကွာ တောင်နောဝ်ရွာအလွန်၌ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။
“မူးယစ်မှုနဲ့ တရားခံကို တောင်လေးလုံးဘက် သွားပို့တဲ့ ပင်လုံရဲစခန်းမှူး အောင်မင်း နဲ့ သူ့ရဲ့တပည့် ၂ ယောက် သေတယ်။ တရားခံ ၂ ယောက်နဲ့ ချောဆွဲလာတဲ့ ဗင်ကားဆရာ ဦးသိန်းနိုင်လဲ သေတယ်။ သျှမ်းသူပုန်ဖက်က ၂ ယောက်သေတယ်”
ဒေသခံများ ပြောကြားချက်အရ SSA က ယာဉ်များကို ဆက်ကြေးကောက်ခံနေစဉ် စခန်းမှူး လိုက်ပါလာ သည့် ဗင်ကားရောက်လာပြီး ဆက်ကြေးကောက်နေသော သျှမ်းတပ်သား ၂ ဦးအား ရဲတပ်ဖွဲ့က စတင် ပစ်ခတ်သဖြင့် တိုက်ခိုက်မှု ဖြစ်ပွားရခြင်းဖြစ်သည်ဟုဆို၏။
အတည်မပြုနိုင်သေးသည့် သတင်းများအရ သျှမ်းပြည်တပ်မတော် SSA ၏ ဆက်ကြေးကောက်သူ ၂ ဦးကို တောင်ကြီးဘက်သို့ လွဲပြောင်းစဉ် သတင်းကြိုရသဖြင့် SSA ဖက်မှ ချုံခိုတိုက်ခိုက်ပြီး ၎င်းတို့လူနှစ်ဦးအား ပြန်လည်ကယ်ယူသွားကြောင်း၊ ထိုသို့လမ်းဝက်၌ ဖြတ်တိုက်ကယ်ထုတ်မှုတွင် ရဲစခန်းမှူးနှင့်အဖွဲ့ ၃ ဦး သေဆုံးပြီး ၎င်းတို့လက်နက်အားလုံး သိမ်းဆည်းသွားကြောင်း ဆိုသည်။
သျှမ်းပြည်တပ်မတော် SSA လွယ်တိုင်းလျဲန်းဖက်မှ အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အတည်ပြု ပြော ကြားခြင်း မရှိသေးပေ။