ဇူလိုင်(၁၈)တွင် မလေးရှားနိုင်ငံ၌ အလုပ်ကိုင်နေထိုင်ခွင့် လက်မှတ်ပြုလုပ်ပေးမည်

ဇူလိုင်(၁၈)တွင် မလေးရှားနိုင်ငံ၌ အလုပ်ကိုင်နေထိုင်ခွင့် လက်မှတ်ပြုလုပ်ပေးမည်
by -
ဆူးပန်း

မလေးရှားနိုင်ငံတွင် တရားမဝင်ရောက်အလုပ် လုပ်ကိုင်နေသူများကို ပြန်လည်စီစစ်ပြီးနေထိုင်ခွင့်ပြု သည့် အစီအစဉ်အား ဇူလိုင်လ(၁၈)ရက်နေ့မှစ၍ စတင်လုပ်ဆောင်မည်ဖြစ်ကြောင်းလေးရှားအာဏာပိုင်များမှ ကြေညာခဲ့သည်ဟု မလေးရှားရောက်အလုပ် သမားများမှပြောပါသည်။

မလေးရှားနိုင်ငံတွင် တရားမဝင်ရောက်အလုပ်လုပ်ကိုင်နေသူများကို ပြန်လည်စီစစ်ပြီး နေထိုင်ခွင့်ပြုသည့် အစီအစဉ်အား ဇူလိုင်လ(၁၈)ရက်နေ့မှစ၍ စတင်လုပ်ဆောင်မည်ဖြစ်ကြောင်းလေးရှားအာဏာပိုင်များမှ ကြေညာခဲ့သည်ဟု မလေးရှား ရောက်အလုပ်သမားများမှပြောပါသည်။ ယခင်ကဇူလိုင်လ(၁၁)ရက်နေ့တွင်ပြု လုပ်ပေးမည်ဟု ကြေညာထားသော်လည်း  ယခုလိုရက်ရွှေ့လိုက်ရသည့်အကြောင်းအရင်းကိုမလေးရှား ဘားမားကန်ပိန်း တာဝန်ခံတစ်ဦးဖြစ်သူ ကိုဝင်းထွန်းညွန့်က ယခုလိုပြောပါသည်။

“လာမဲ့(၁၈)ရက်နေ့ကိုသူတို့ရွှေ့လိုက်တယ်။ အကြောင်းပြတာကတော့ ဒီလက်ဗွေယူတဲ့ အဖွဲ့တွေနဲ့ ပက်သက်ပြီးတော့ တရားဝင်ခွင့်ပြုချက်လုပ်ငန်းလုပ်ပိုင်ခွင့်ရရှိထားတဲ့အေဂျင်စီတွေကို သူတို့သင်တန်းပေးမှုတွေ ဖြန့်ဝေမှုတွေနဲ့ပက်သက်ပြီးတော့မပြီးပြတ်သေးလို့ပြောထားတယ်။”

မလေးရှားအစိုးရအနေနှင့် အခုလိုအလုပ်ကိုင်နေထိုင်ခွင့်လက်မှတ်ပြုလုပ်ပြီးလျှင် တရားမဝင်အလုပ်သမားများကို တင်းကြပ်သောအရေးယူမှုများပြုလုပ်မည့်အစီအစဉ်ရှိသည်ဟု ကိုဝင်းထွန်းညွန့်မှပြောသည်။

“အရင်ကတော့တရားမဝင်အလုပ်သမားတစ်ယောက်ကိုဖမ်းမိပြီးဆိုလို့ရှိရင် သူတို့ထောင်(၆)လ လောက်ဘဲ သူတို့ချတယ်။ ယေကျင်္ားလေးတွေတချို့တွေကြိမ်ဒဏ်ပါတယ်။ တချို့တွေကြိမ်ဒဏ်မပါဘူးပေါ့နော်။ သို့သော်ငြားလည်း အခုတရားဝင်လုပ်တဲ့ကိစ္စပြီးတဲ့နောက်ပိုင်းမှာ ထောင်ဒဏ်ကိုသူတို့(၅)နှစ်ထိ ချမယ်ဆိုပြီးတော့သူတို့ပြောတယ်။ ဒါပေမဲ့အတည်တော့မဖြစ်သေးဘူးပေါ့နော်။”

မြန်မာအလုပ်သမားတွေအနေနှင့်အလုပ်လုပ်ကိုင်နေထိုင်ခွင့်လက်မှတ်ပြုလုပ်ရာတွင် စက်ရုံအလုပ် သမားတစ်ဦး လျှင်ရင်းဂစ်သုံးထောင် စားသောက်ဆိုင်ဟိုတယ်လုပ်ငန်းအလုပ်သမားတစ်ဦးလျှင် (၃၈၀၀)မလေးရှားသက် ဆိုင်ရာ အာဏာပိုင်များကိုပေးသွင်းရပြီး မြန်မာသံရုံးအတွက်(၆၀၀)ရင်းဂစ်ပေးသွင်းရသဖြင့် စုစုပေါင်း(၄၅၀၀)ရင်းဂစ် ကုန်ကျမည် ဟု  အလုပ်သမားအေဂျင်စီတာဝန်ရှိတစ်ဦးမှပြောပါသည်။

ထိုကုန်ကျစရိတ်အပေါ် အလုပ်ရှင်သူဌေးကမှတာဝန်ယူ၍အဆင်ပြေသောသူများရှိသလို သူဌေးမှထုတ်မပေး သည့်အတွက် အဆင်မပြေသောသူများလည်းရှိသည်ဟု အလုပ်သမားတစ်ဦးမှပြောပါသည်။

မလေးရှားနိုင်ငံတွင်တရားဝင်သွားရောက်အလုပ်လုပ်ကိုင်လျှင် သက်ဆိုင်ရာမြန်မာသံရုံးကိုအခွန်ငွေများ ပေးဆောင် နေရ သည့်အတွက် တရားဝင်အလုပ်လုပ်ခွင့်လက်မှတ်လုပ်ဆောင်ရန်တချိုအလုပ်သမားများ အနေနှင့် စိတ်ဝင်စားမှုနည်း နေသည်ဟုအဆိုပါအလုပ်သမားမှပြောသည်။

မြန်မာသံရုံးအနေနှင့် မြန်မာနိုင်ငံသားအလုပ်သမားများအပေါ် တာဝန်ယူမှုအားနဲနေသည်ဟုမလေးရှားဘားမား ကန်ပိန်း တာဝန်ခံ တစ်ဦးဖြစ်သူကိုဝင်းထွန်းညွန့်မှပြောသည်။

သို့သော်လည်း ယခုလုပ်ဆောင်မည့်အလုပ်လုပ်နေထိုင်ခွင့်လက်မှတ်ကို မြန်မာသံရုံးအစီအစဉ် တစိပ်တပိုင်းပါ၀င် နေခဲ့သောကြောင့် တစ်နှစ်အတွက်သာအခွန်ဆောင်ရမှာဖြစ်ပြီး ဒဏ်ကြေးဆောင်ခြင်းစာအုပ်ထုတ်ပေးခြင်းတို့ ကို သံရုံးမှ တာဝန်ယူပြုလုပ်ပေးမည်ဟု ကိုဝင်းထွန်းညွန့်မှပြောသည်။

မလေးရှားနိုင်ငံတွင်မြန်မာနိုင်ငံသားအလုပ်သမားများ(၆)သိန်းလောက်ရှိပြီး ၄င်းအထဲတွင် ဒုက္ခသည်အဖြစ် လျှောက်ထား နေထိုင်သူ မြန်မာတိုင်းရင်းသားတစ်သိန်းလောက်ရှိသည်ဟု ဘားမားကန်ပိန်းတာဝန်ခံ ကိုဝင်းထွန်းညွန့်မှပြောသည်။

Most read this week