နယ်စပ်ဖြတ်ကူးခွင့်မရသည့်အတွက် ထိုင်းမြန်မာနယ်စပ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို ့နယ် ဘုရား သုံးဆူမြို့နယ်စပ် တစ်လျှောက်ရှိ ကျေးရွာများရှိ ဒုက္ခသည် ပြည်သူများ ရိက္ခာပြတ်တောက်မှုနှင့် ရင်ဆိုင်နေ ရကြောင်း သိရှိရပါသည်။
ခါတိုင်းဆိုရင်တော့ ဒီနှစ်အတွက်ဆန်ကို မေလလောက်မှာရောက်နေပါပြီး။ ဒီနှစ်မှာတော့ အခုဇူလိုင် လ(၉)ရက်အထိကို မရောက်သေးပါဘူး။ ဒါကြောင့် ဒီဆန်ကိုဘဲအားကိုးနေရတဲ့ ပြည်သူတွေ ဆန်ပြတ်နေရ တာပေါ့။
ရိက္ခများကိုTBBC (ခေါ် ) ( Thai Burmar Border Consortium) အဖွဲ့က နှစ်စဉ် ဆန်ရိက္ခာများ ထောက်ပံ့ နေခြင်းဖြစ်ပါသည်။ ဒီကိစ္စနှင့်ပါတ်သက်ပြီး ဟလောက်ခနီ ဒုက္ခသည်စခန်းတာ ၀န်ရှိသူတဦး ပြောတာ က တော့ ရိက္ခါကတော့ စံခ ဘူရီမြို ့ကိုရောက်ရှိနေပြီး လို ့ဆိုပါတယ်။ဒါပေမဲ့ နယ်စပ်ထုတ်ခွင့် အခက်အခဲဖြစ် နေ ရလို ့ယခုလိုကြံ့ကြာ နေရတာဖြစ်တယ်လို ့ဆိုပါတယ်။ နယ်စပ်ပြည်သူများကလည်း ဒီဇူလိုင်လ ကုန်မှရိ က္ခာ မရသေးဘူးဆိုရင် နေရာပြောင်းရွေ ့ရလိမ့်မယ်လို ့ဟလောက်ခနီ ဒုက္ခသည် စခန်းကော်မီတီထံ တင်ပြ ထားတယ်လို ့သိရပါသည်။
TBBC အဖွဲ့သည် နှစ်စဉ် ဘုရားသုံးဆူမြို့နယ်ရှိ ဟလောက်ခနီ ဒုက္ခသည်စခန်းရှိ ဒုက္ခသည်တွေကို လူကြီး တစ်ဦးအတွက် ဆန်(၁၆ ကီလို/ ၁ ပုံး)နဲ ့ကလေး( ၅ နှစ်အောက်) တစ်ယောက်အတွက် ဆန် (၈ က႘လို/ ပုံး ဝက်) နှုန်းထောက်ပံ့ပေးခဲ့ပါသည်။
“ မိုးတွင်းကာလလည်းဖြစ်၊ လမ်းတွေလည်းမကောင်း၊ ထောက်ပံ့ပေးနေတဲ့ ဆန်ကလည်း အခုထိ မရ သေး တော့၊ တောင်ယာလုပ်ထားတဲ့သူတွေအတွက်ကတော့ ကောင်းတာပေါ့၊ တောင်ယာမရှိတဲ့ သူတွေအတွက် ကတော့ ပိုပြီး ဒုက္ခဖြစ်တာပေါ့ “ ဟု ဒေသခံတစ်ဦးက ဆိုပါသည်။
ဟလောက်ခနီ ဒေသမှာနေထိုင်တဲ့လူအားလုံးနီးပါးဟာ အလုပ်သမားချည်းဖြစ်လို ့ ဆန်ကို ဝယ်စုပြီး မထား နိုင်ကြပါ။ အဓိက လုပ်ကိုင်သောလုပ်ငန်းမှာ တောင်ယာခုတ်၊ သစ်ဝါးတွေကိုခုတ်ပြီး အသက်မွေးဝမ်း ကျောင်းပြုကြပါသည်။ (၂၀၁၀ ) နှစ်ကုန်ပိုင်းလောက်တွင် မွန်ပြည်သစ်ပါတီမှ သစ်တော ခုတ်ခွင့်ကိုပိတ် လိုက်သည့်အတွက် တောင်ယာလုပ်ငန်းဟာလည်း မလုပ်ကိုင်နိုင်တော့ပါ၊ ဒါကြောင့် မနှစ်ကတောင်ယာ မခုတ်နိုင်တဲ့အတွက် ဒီနှစ်မှာဆန်စပါးအခက်အခဲ ဖြစ်သွားခဲ့ပါတယ်။