ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်းက အိန္ဒိယ – မြန်မာနယ်စပ် မရာနယ်တွင် Health and Hope ကိုယ်ထူကိုယ် ထ ဆေး ခန်းဖွင့်လှစ်ခွင့်ပြုထား ကြောင်း ၄င်းအပေါ် ဒေသခံများအထူးဝမ်မြောက် ကြ ကြောင်း သိရသည်။
အဆိုပါ ဆေးခန်းကို အာမေးနီးယားနိုင်ငံမှ ဆရာဝန်ဘွဲ့ရ ချင်းလူငယ် ဒေါက်တာ ဆာဆာက ဦးဆောင်သွားမှာဖြစ် ကြောင်း ဒေါက်တာဆာဆာသည် ယခုလက်ရှိ အိန္ဒိယ- မြန်မာ နယ်စပ်တနေရာတွင် ချင်းလူငယ် ၃၀၀ နီးပါး အား အခြေခံ ကျန်းမာရေးသင်တန်း၊ ကွန်ပြူတာ အခြေခံပညာများကို ပို့ချနေကြောင်းသိရသည်။
” ၀န်ကြီးချုပ်နှင့် ၀န်ကြီးတွေက ဒေသခံ ပြည်သူလူထုအပေါ် ထားရှိတဲ့ စေတနာမေတ္တာပါ၊ ဘုရားသခင်က လူထု ဆု တောင်းသံကို နားညောင်းတယ်လို့လည်း ပြောချင်တယ်” ဟု ဒေါက်တာဆာဆာက ပြောသည်။
မရာ ဒေသခံလူကြီးတချို့ နှင့် ဒေါက်တာ ဆာဆာ ရဲ့ အဖေ ဦး အေဘီ (တရားဟောဆရာ) တို့က ဇွန်လ နောက်ဆုံး ပတ်အတွင်း ချင်း ပြည်နယ် ဟားခါးမြို့သို့သွားရောက်ကာ ပြည်နယ် ၀န်ကြီးချုပ် နှင့် သက်ဆိုင်ရာ ၀န်ကြီးများ ထံ တောင်း ဆိုခဲ့ရာမှ ယခုကဲ့ သို့ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” မတူပီမြို့နယ် မရာဒေသ လိုင်လင်းပီရွာမှာ Health and Hope ကိုယ်ထူကိုယ်ထ ဆေးခန်းကို ဖွင့်ဖို့ ၀န်ကြီး တွေက ခွင့်ပြုလိုက် တယ်၊ဒေါကတာဆာဆာကိုလည်း အမြန်ဆုံးခေါ်ယူကြဖို့လည်း ၀န်ကြီးချုပ်က ပြောတယ်၊ အင်မတန်ဝမ်း သာစရာပဲ” ဟု မရာ ဒေသခံ လူကြီးတဦးက ပြောသည်။
Health and Hope ဆေးခန်းကို ယခု ဖွင့်လှစ်မည့် လိုင်းလင်းပီရွာ နှင့်ယခုလက်ရှိနယ်စပ်တွင်ဖွင့်လှစ်နေ သည့် ဆေးခန်း ဆိုပြီး ဆက်လက်လုပ်ဆောင်သွားကြမှာဖြစ်သည်ဟု ပြောကြသည်။