ပိတ်လိုက်ရသည့် MSF ဆေးခန်း

ပိတ်လိုက်ရသည့် MSF ဆေးခန်း
by -
မိအိန်ပိုင်

ထိုင်းမြန်မာနယ်စပ်၊ ကရင်ပြည်နယ်ကြာအင်းဆိပ် ကြီးမြို ့နယ် ဘုရားသုံးဆူမြို့၊ ထိုင်းနိုင်ငံ ဘက်ခြမ်း ၌ဖွင့်လှစ်ထားသော MSF ခေါ်နယ်စည်းမခြား ဆရာဝန်များ အသင်းမှဖွင့်လှစ်ထားသော ဆေး ပေးခန်း သည် ဇွန်လကုန်၌ တရားဝင်ပိတ်တော့ မည်ဖြစ်ကြောင်း MSF မှတာဝန်ရှိသူတစ်ဦးထံမှ သိရှိရပါ သည်။

MSF ဆေးပေးခန်းသည် အခမဲ့ဆေးပေးခန်းတစ်ခုဖြစ်ပြီး ဘုရားသုံးဆူမြို့နှင့် ၎င်းဒေသတစ်ဝိုက်ရှိ ရွာ များမှ ပြည်သူများ အားကိုးနေရသော ဆေးခန်းတစ်ခုလည်းဖြစ်ပါသည်။ ဤဆေးခန်းမှ အဓိက ကုသ ပေးနေသောရောဂါမှာ ငှက်ဖျားရောဂါ ဖြစ်ပါသည်။

“ အရင်တုန်းကဆိုရင် ငှက်ဖျားတစ်မျိုးတည်းကိုပဲ ကုပေးပါတယ်။ ဒီနှစ်မှာမှ တီဘီ(TB) နှင့် ကိုယ်ဝန် ဆောင်မိခင်တွေကို ထပ်တိုးပြီး ကုပေးပါတယ်။ အချို့မသိတဲ့လူတွေကတော့ ရောဂါအားလုံး ကုသပေး တယ်ထင်ပြီး မျက်စိလည်လာတာလည်းရှိကြတယ်” ဟု ဆေးခန်းဝန်ထမ်းတစ်ဦးက ဆိုပါသည်။

ဤဆေးခန်းသည် ဘုရားသုံးဆူမြို ့ထိုင်းဖက်ခြမ်း၌ ဖွင့်လှစ်ထားသော်လည်း ဘုရားသုံးဆူမြို ့မြန်မာ ဖက်ခြမ်း၌ ရှိနေသည့်ဆင်းရဲသော မြန်မာပြည်သူများကို အဓိကထားရည်ရွယ်ပြီးကုသပေးနေခြင်း ဖြစ် ပါသည်။ မွေးရခက်ခဲသော ကိုယ်ဝန်ဆောင်မိခင်တွေကိုလည်း ထိုင်းနိုင်ငံ၊ စံခလပူရီမြို့ရှိ ဆေးရူံသို့ အခမဲ့ပို ့ဆောင်ပေးနေပါသည်။ ယခုတော့ ဤဆေးခန်းပိတ်တော့မည် ဖြစ်သည့်အတွက် ဘုရားသုံးဆူ မြန်မာဖက်ခြမ်း၌ ရှိနေသောဆင်းရဲသားများ၊ အလုပ်သမား လူတန်းစားများအတွက် ကျန်းမာရေးစရိတ် အခက်အခဲများ ဖြစ်လာမှာသေချာပါသည်။

“ ဘုရားသုံးဆူဒေသ တစ်လျောက်တွင် ဒီအဖွဲ့ရောက်လာပြီးနောက်ပိုင်း ငှက်ဖျားရောဂါဖြစ်ပွားမှု နည်း ပါးလာခဲ့ပါတယ်၊ MSF အဖွဲ့ ရောက်မလာခင်ကဆိုရင် မိုးရာသီမှာ အဖြစ်များတဲ့ ငှက်ဖျားရောဂါဟာ တစ်လ မှာ အယောက် (၃၀၀၀) လောက်ရှိတယ်၊ အခုနောက်ပိုင်း (၂၀၀)(၃၀၀) လောက်ပဲရှိတယ်” ဟုMSFတာဝန်ရှိသူတစ်ဦးကဆိုပါသည်။

ဘုရားသုံးဆူမြို ့မြန်မာဖက်ခြမ်းမှာ လူဦးရေ (၃)သောင်းကျော်ရှိပါသည်။ အများစုဟာဆင်းရဲကြပြီး။ ပရိဘောဂလုပ်ငန်း ၊ ထိုင်းအထည်ချုပ် စက်ရုံလုပ်ငန်း၊ ကိုအခြေခံပြီး ရပ်တည်နေကြပါသည်။ ဤဆေး ပေးခန်းကြောင့် ကျန်းမာရေးစရိတ်သက်သာရုံမက ဤဒေသ၌ဖြစ်ပွားသည့် ငှက်ဖျားရောဂါလည်း ကျ ဆင်းလာခဲ့ပါသည်။

“ ကျွန်တော်တို့ နယ်စပ်ဒေသမှာ တစ်နေ့လုပ် တစ်နေ့စားတွေများတယ်၊ ဆင်းရဲသားလည်းများတယ်၊ နယ်စပ်ဖြစ်သဖြင့် လူပေါင်းစုံ၊ ရောဂါမျိုးစုံ၊ နောက်ပြီး MSF က အခမဲ့ဆေးပေးကုသတဲ့အတွက် ကျွန် တော်တို့လို ဆင်းရဲသားတွေအတွက် MSF  က အများကြီးအထောက်အကူဖြစ် ပါတယ်။” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။ “ တစ်နေ့ကို ပုံမှန် အယောက် (၈၀) (၉၀) လောက်ရှိတယ်၊ MSFကိုဆေးလာကု ကြတယ်၊ အခုလည်း ဘာကြောင့် ပိတ်လိုက်ရလဲ၊ ဘယ်တော့ပြန်ဖွင့်မလဲ ကျွန်မကိုလာမေးနေကြတယ်” ဟုဝန်ထမ်းတစ်ဦးကဆိုပါသည်။

ထိုင်းနိုင်ငံ၏မူအရ ထိုင်းနိုင်ငံ၌မှတ်ပုံတင်ထားသည့် (NGO)အဖွဲ ့တိုင်းသည်၊ သူတို ့၏ဝန်ထမ်းအရေ အတွက်ထဲမှာအချိုးအစားနှုန်းထားတွေ သတ်မှတ်ပြီး  ထိုင်းလူမျိုးဝန်ထမ်းတွေကို ခန် ့ထားပေးရပါ သည်။ အခုပိတ်လိုက်သည့် ဆေးခန်း၌မူ ထိုင်းလူမျိုးဝန်ထမ်းတွေ ခန် ့ထားမှု မရှိသည့်အတွက် မူအရတရား မဝင်ဖြစ်နေခဲ့ပါသည်။ MSF အခက်အခဲမှာလည်း လစာနှုန်းထားသင့်တော်သည့် လက်တွေ ့ကျ သည့်ဒေသဝန်ထမ်းတွေကိုသာ ဦးစားပေးပြီးခန် ့ထားလိုပါသည်။ ဤပြသနာဖြေရှင်းပြီးမှ ဤဆေးခန်း ပြန်လည်ဖွင့်နိုင်လိမ့်မည်ဟုဆေးခန်းဝန်ထမ်းတွေကပြောပါသည်။

“ MSF ဘာကြောင့် ပိတ်လိုက်ရသလဲ ဆိုတော့ ကျွန်တော်တို့ လုပ်ပိုင်ခွင့် တောင်းထားတဲ့စာရွက်မရှိ သေးလို့ပါ၊ ထိုင်းနိုင်ငံမှာလည်း ဥပဒေရှိတယ်လေ “ ဟု MSF မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

MSF အဖွဲ့သည် နှစ်ပေါင်း(၁၅)နှစ်မနဲ ဘုရားသုံးဆူ နယ်စပ်ဒေသက မြန်မာနိုင်ငံသားတွေရဲ့ ကျန်းမာ ရေးကိုစောင့်ရှောက်လာခဲ့ပါသည်။ အခုပိတ်လိုက်တဲ့ဆေးခန်းကတော့ အများထဲကတခုဖြစ်ပြီး၂၀၀၇ ခုနှစ်၊ ဇွန်လလောက်တွင်ဖွင့်လှစ့်ခဲ့ပါသည်။ လွန်ခဲ့သည့် (၆) လလောက်မှ လုပ်ငန်းတိုးချဲ့သည့်အနေနဲ့ကိုယ်ဝန် ဆောင်မိခင်တွေကို ငှက်ဖျားကူးစက်မခံရအောင် ခြင်ထောင်များ ဝေပေးခြင်းများ ပြုလုပ်ပေးကြောင်းသိရှိ ရပါသည်။