အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်မဂ္ဂလေယား ပြည်နယ်တွင် ယခုလ ၁၈ရက်နေ့ကမြန်မာနိုင်ငံ သား ၃ ဦးထံမှ အေကေ ၅၆ အမျိုးအစား သေနတ် ၈ လက်ဖမ်းဆီးရမိသည်ဟုသိရသည်။
ဇွန်လ ၁၈ ရက် (စနေနေ့) ည ၉ နာရီခန့်တွင် မဂ္ဂလေးယားပြည်နယ်၏မြို့တော်ရှီးလောင်းမြို့မှ ကီလိုမီတာ ၁၅ ခန့်ကွာ ဝေးသော Ri Bhoi မြို့နယ် LadUmroi ဒေသတွင် ဒေသခံရဲတွေက မြန်မာနိုင်ငံသား(ချင်းလူမျိုး ၃ ဦး) ထံမှအေကေ ၅၆အမျိုးအစား ၈ လက်နှင့် ကျည်ဘောက် ၈ခုဖမ်း ဆီးရမိခဲ့ကြောင်းဒေသထုတ် IANS သတင်းစာ တွင် ဖော်ပြထားသည်။
အဖမ်းခံရသူများမှာ Lalchawisanga zahau(45)၊ CL Hlira (47) နှင့်Lallawmzuala (34) တို့ဖြစ်ကြပြီး အိန္ဒိယ-မြန်မာ နယ်စပ်အမှတ်(၂)နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာ တီယိုကျေးရွာမှတဆင့် ဂျစ်ကားဖြင့် သယ်ဆောင် လာကြ ခြင်းဖြစ်သည်ဟု သိရသည်။
၄င်းတို့သည် အဆိုပါ လက်နက်တွေကို အိန္ဒိယ အရှေ့မြောက်ရှိ အာသံလက်နက်ကိုင် ULFA (United Liberation Front of Asam) ထံသို့ရောင်းချ ရန်ဖြစ်နိုင်ကြောင်း သတင်းစာတွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံမှလက်နက်မှောင်ခိုများနှင့် အိန္ဒိယအရှေ့မြောက်လက်နက်ကိုင်အဖွဲ့များသည်လက်နက် အရောင်းအဝယ် လုပ် ရာတွင်ရှီးလောင်းမြို့ကို အဓိက အသုံးပြုနေကြကြောင်း အိန္ဒိယထောက်လှမ်းရေး တွေကယုံကြည်ကြသည်ဟု ရေးသား ထားသည်။
ဇွန်လ ၁၉ ရက်နေ့ထုတ် the telegraph အပါအဝင် အိန္ဒိယသတင်းစာများတွင်အိန္ဒိယထောက်လှမ်း ရေးအဖွဲ့ National Investigation Agency (NIA) က လက်နက်မှောင်ခိုရောင်းဝယ်မှုတွင်ချင်းအမျိုး သားတပ်မတော်မှဗိုလ်ကြီးဟောင်း Tialkulhthang ပါ၀င်မှုရှိနေကြောင်း ပြောဆိုချက်နှင့် ပါတ်သက်ပြီး Tialkulhthang သည်လွန်ခဲ့သည့် ၁၉၉၃ ခုနှစ်က တည်းကချင်းအမျိုးသားတပ်မတော် ဆိုင်ရာစည်းမျဉ်း စည်းကမ်း ဖောက်ဖျက်မှုကြောင့် အဖွဲ့အစည်းမှထုတ်ပယ်ပြီးဖြစ် ကြောင်းချင်းအမျိုး သား တပ်ဦးထံမှ သိရသည်။
“ချင်းအမျိုးသားတပ်မတော်ဟာ အိန္ဒိယအစိုးရပေါ်လစီနဲ့ငြိစွန်းတာတွေမလုပ်ဘူး၊ Tialkulh thang လုပ်ရပ်တွေကို တစုံ တရာမသိဘူး ” ဟုချင်းအမျိုးသားတပ်ဦးမှ လူကြီးတဦးက ပြောသည်။