အိန္ဒိယ-မြန်မာနယ်စပ်တွင် ခရီးသည်တင်ဂျစ်ကားမှောက် ၈ ဦးဒဏ်ရာရ

အိန္ဒိယ-မြန်မာနယ်စပ်တွင် ခရီးသည်တင်ဂျစ်ကားမှောက် ၈ ဦးဒဏ်ရာရ
by -
ခိုနူမ်ထုန် သတင်းဌာန

အိန္ဒိယ-မြန်မာနယ်စပ် တီယိုချောင်းကျေးရွာမှ ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့သို့ပြေးဆွဲ နေသော ခရီးသည်တင် ဂျစ် ကားတစီးယမန် နေ့က တိမ်းမှောက်မှုကြောင့် ခရီးသည် ၈ဦးဒဏ် ရာရရှိခဲ့ပြီး အသေအပျောက်မရှိကြောင်းသိရ သည်။

အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးဇုံ ချင်းပြည် ဖလမ်းမြို့နယ် နယ်စပ်ချောင်း မှ ခရီးသည် ၁၈ ဦးတင် ဆောင်ကာ ဟားခါးမြို့သို့ပြေးဆွဲသော ဂျစ်ကားတစီးသည် ထန်တလန်မြို့နယ်တလန်လိုးကျေးရွာ နားတွင် တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်ဟုနယ်စပ်ဒေသခံတဦးကပြောသည်။

ဒဏ်ရာရသူများကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ Farkawn ကျေးရွာဆေးရုံးတွင်ပို့ဆောင်ပြီး၄င်း တို့အထဲ မှ ၂ ယောက်မှာ အခြေအနေစိုးရိမ်ရသောကြောင့် မီဇိုရမ်ပြည်နယ်မြို့တော်အိုင်ဇောလ် သို့ပို့ဆောင်ကြသည်ဟု၄င်းက ပြောသည်။

အဆိုပါကားလမ်းသည် ဟားခါး – ထန်တလန် – တီယို ဆက်သွယ်သောကားလမ်းဖြစ်ပြီးဒေသခံ ချင်းပြည်သူများမှ ကိုယ် ထူကိုယ်ထစနစ်ဖြင့် ဖောက်လုပ်သောကားလမ်းဖြစ်သည်။

ချင်းပြည်နယ်၏ကားလမ်းများသည် ကတ္တရာများခင်းထားခြင်းမရှိဘဲ မြေနီလမ်းများဖြစ်သောကြောင့် မိုးတွင်းကာလများ၌ ကားမှောက်မှုမကြာခဏဖြစ်လေ့ရှိသည်။

Most read this week