မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား မှအမှတ် (၁) ရဲစခန်းနှင့် မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ် ရေး ရုံး တွင် ယမန်နေ့ ဇွန် ၂၁ ရက် ည ၁၁ ကျော်ချိန် ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့သည်။
မြို့ခံတစ်ဦးက “ငါတို့ဆိုင်နားမှာပဲ ၃ အိမ်ပဲခြားတယ် ငါတို့အိမ်က ပုလင်းတွေတောင်ကျကွဲတယ်” ဟု ပြောသည်။
“လဝက ကတော့ဟုတ်တယ် သွားကြည့်ပြီ အမိုးတွေပွင့်ပြီ မှန်တွေကွဲကုန်ပြီးတံခါးတွေလည်းပျက် သွားတယ်” ဟု လဝက (လူဝင်မှုကြီးကြပ်ရေး)ရုံး ဗုံးပေါက်ကွဲမှုကို သွားရောက်ကြည့်ရှုခဲ့သူ နယ်ခံတစ်ဦးပြောသည်။
သို့သော် ယင်းပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မ ရှိ ကြောင်း သိရသည်။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က ၎င်းတို့် ဖေါက်ခွဲခြင်းဖြစ်သည်ဟု ကချင်သတင်းဌာနသို့ပြောသည်။
KIA မှ ပြည်တွင်းစစ်ဖြစ်ပေါ်လာနိုင်သည်ဟု မြန်မာအစိုးရအား ဇွန် ၁၃ ရက် က ရာဇသံပေးပြီးနောက် ၎င်းတို့တပ်ဖွဲ့ဝင်များအား အစိုးရနှင့်ပတ်သက်သောနေရာဌာနများကို ဖျက်ဆီးရန် ခွင့်ပြုထားသည်ဟု ဆိုသည်။