စစ်ကြောင့် KIO မှ ကျောင်းများ စတင်ပိတ်

စစ်ကြောင့် KIO မှ ကျောင်းများ စတင်ပိတ်
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးလွတ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ ပညာသင်ကျောင်း အချို့ အား ဇွန် ၁၄၊ ယနေ့မနက်မှ စတင် ပိတ်ပင် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဗဟို ဌာနချုပ်ဖြစ်သည့် လိုင်ဇာမြို့ရှိ ပညာရေးကျောင်း  အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ သာသနာကျောင်းတို့အား ခေတ္တပိတ်ပင်ရန် KIO ပညာရေးဌာနမှ ကြေငြာလိုက်သည်။ ယင်းကျောင်း (၃)ကျောင်းတွင် ကျောင်းသား စုစုပေါင်း (၁) ထောင်နီးပါးခန့်ရှိကြောင်း သိရသည်။

“အထက်တန်းကျောင်းက ဒီမနက်ကတည်းက ပိတ်ထားလိုက်ပြီ။ သာသနာကျောင်းကိုတော့ ဆက်ဖွင့်ထား တယ်။ ဒါမယ့် ပညာရေးဌာနက လာပြီး ပိတ်ပေးဖို့ တောင်းဆိုတာကြောင့် ကျတော်တို့ နေ့လည်ကမှ ပိတ် လိုက်တာပါ။” ဟု သာသနာကျောင်းမှ ဆရာတစ်ဦးပြောသည်။
laiza_kio_capital
ထို့အတူ KIA တပ်မဟာ (၃) တည်ရှိရာ မိုင်ဂျာယန်မြို့ရှိ ကျောင်းများအားလည်း ယနေ့မနက်မှ ပိတ်ပင် လိုက်ပြီ ဖြစ်သည်။ ကျောင်းသား (၇၂၈)ဦး ရှိသည့် အထက်တန်းကျောင်းအား ရက်အကန့်အသတ်မရှိ ပိတ်ပင်ရန် ယမန်နေ့ည နေပိုင်းမှာ ကြေငြာလိုက်ခြင်း ဖြစ်သည်။ မူကြိုကျောင်းနှင့် စိုက်ပျိုးရေးလက်တွေ့ ဆင်းသည့် ကျောင်းများလည်း ပိတ်ထားခြင်းဖြစ်သည်။ မိုင်ဂျာယန်မြို့ရှိ အင်္ဂလိပ် ပညာရပ်ပိုင်းသင်ကြား နေသည့် IEP (Intensive English Program) ကိုမူ တရားဝင် ပိတ်ပင်ရန်အမိန့်မထွက်ရှိ သေးသဖြင့် ဆက်လက်ဖွင့်ထားဆဲ ဖြစ်ကြောင်း မိုင်ဂျာယန်ရှိ ကျောင်းဆရာတစ်ဦး ဆိုသည်။

“IEP ကျောင်းကမပိတ်သေးဘူး။ ကျောင်းသားတွေလည်းရှိနေသေးတယ်။ ကျောင်းပိတ်ရင်လည်းလမ်း ခရီးက အခြေအနေ မကောင်းတော့ ပြန်ရဲကြမှာ မဟုတ်ဘူး။”

လိုင်ဇာ သာသနာ ကျောင်းဆရာကမူ ကျောင်းသားများအတွက် ပညာရေး ထိခိုက်မည်ကို စိုးရိမ်သဖြင့်လိုင်ဇာ တစ်ဖက်ကမ်း တရုတ်ပြည်ဘက်တွင် ကျောင်းပြန်ဖွင့်မည်ဟု ဆိုသည်။

“ကျောင်းက ပြန်မဖွင့်ခိုင်းရင်လည်း ကျတော်တို့က ခဏစောင့်မယ်။ အခြေအနေ ထူးမလာဘူးဆိုရင်ပြန်ဖွင့် မယ်။ ဒါမှ မဟုတ် ကျတော်တို့ သာသနာကျောင်းကို တရုတ်ဘက် ပြန်ဖွင့်မယ်။ ကျောင်းသားတွေအတွက် အဲ့တစ်လမ်းပဲ ရှိတော့တယ်။”

အဆိုပါ ကျောင်းများအား မည်ရွှေ့မည်မျှ ပိတ်ထားမည်ကို မသိသေးသော်လည်း စစ်ရေးအခြေအနေ မတည်ငြိမ် သ၍ ဆက်လက် ပိတ်ထားမည်ဟု သိရသည်။

Most read this week