တာပိန်ရေကာတာသို့ ဆက်သွယ်ပေးသော အဓိကတံတား KIA ဖျက်ဆီး

တာပိန်ရေကာတာသို့ ဆက်သွယ်ပေးသော အဓိကတံတား KIA ဖျက်ဆီး
by -
ကချင်သတင်းဌာန

မြန်မာစစ်တပ်နှင့် KIA တပ်ရင်း ၁၅ ကြားစစ်ဖြစ် ပွားနေသည့် အင်မောက်မြို့နယ် တာခေါခ (တာပိန်မြစ်) ရေကာတာ ၂ခုရှိရာသို့ အဓိက ဆက်သွယ်ပေးသော နမ်ဖတ်ခချောင်း တံံတား အား ဇွန် ၁၃၊ ယမန်နေ့ တနင်္လာ ညက KIA ဗုံးခွဲဖျက်ဆီးလိုက်သည်။

ဤ တံတားသည် အင်မောက် (မိုးမောက်)နှင့် မြို့သစ် ကြားတွင် ရှိပါတယ်။

nam-hpak-hka-bridge
“တောင်ကျချောင်းဖြစ်တဲ့အတွက် ခုချိန် မှာ ရေတအားကြီးနေတယ်။ ခြေကျင်ဖြတ်လို့မရဘူး။ ၀ါးဖောင်နဲ့ လည်းဖြတ်လို့မရဘူး။ တာပိန်မြစ်ရေအားလျှှပ်စစ်ဆောက်တုန်းက ကုမ္ပဏီတွေလုပ်ထားတဲ့တံတားကားဖြတ် လို့ရတဲ့တံတား ယာယီတံတားမျိုးဖြစ်တယ်” ဟု လိုင်ဇာမှ KIOအရပ်ဘက်အုပ်ချုပ်ရေးအရာရှိ တစ်ဦးကချင် သတင်းဌာနသို့ အတည်ပြုပြောသည်။

တံတားကျိုးပြတ်သွားကြောင့် အစိုးရတပ်များ၏ သယ်ယူပို့ဆောင်ရေး ခက်ခဲနေကြောင်း သိရသည်။

Most read this week