လူကြီးဧည့်ခံပွဲတွင် အမျိုးသမီးပျိုများ မခိုင်းရန် ချင်းရေးရာဝန်ကြီးမှာကြား

လူကြီးဧည့်ခံပွဲတွင် အမျိုးသမီးပျိုများ မခိုင်းရန် ချင်းရေးရာဝန်ကြီးမှာကြား
by -
ခိုနူမ်ထုန် သတင်းဌာန

စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ပူးနိုးထန်ကပ်က အစိုးရဝန်ကြီး၊ ဌာနဆိုင်ရာအကြီး အကဲများကြိုဆို ဧည့်ခံပွဲတွင် အမျိူးသမီးပျိုများအားခိုင်းစေမှု မပြုသင့်ဟု ပြောကြားသွားကြောင်း သတင်းရ ရှိသည်။

၀န်ကြီးသည် ၂၀၁၁ ခုနှစ်ဧပြီလ နောက်ဆုံးပတ်အတွင်း စစ်ကိုင်းတိုင်း ကလေးမြို့ခရီးစဉ်တွင်ဒေသခံပြည် သူလူထု ထံယခုကဲ့ သို့ပြော ကြားသွားခြင်းဖြစ်သည်။
NTK
“ကလေးမြို့ တာဟန်း လူထု ဟောပြောပွဲမှာ ၀န်ကြီးက ကျတော်တို့ ချင်းတွေဟာလူကြီး တွေဧည့် ခံရာမှာ အမျိုးသမီး ပျိူတွေ ခိုင်းလေ့ရှိတယ်၊ အဲဒါမဖြစ်သင့်ဘူး၊ နောက်ဆိုယင် ယောကျင်္ား လေးတွေ ကိုခိုင်းသင့် တယ်လို့ပြောသွားတယ်” ဟု ဒေသခံလူကြီးတဦးက ပြောသည်။

ယခုလို ပြောကြားခြင်းနှင့် ပါတ်သက်ပြီး ၀န်ကြီးက အသေးစိပ်မပြောသော်လည်း လူကြီးတွေဟာ အရက် သေစာတွေ သောက်သုံးလေ့ရှိခြင်းကြောင့်  မဖြစ်သင့်တာတွေဖြစ်သွားနိုင်ခြင်းကြောင့် ဖြစ် ကြောင်းဒေသခံ တွေက ပြောဆိုကြသည်။

“အဲဒါ အခုမှ မဟုတ်ပါဘူး၊ အစိုးရ အရာရှိတွေ လုပ်နေကျပါ၊ ၀န်ကြီးပြောတာထောက်ခံတယ်၊ ဘာသာရေးနဲ့ လည်း မဟပ်စပ်ဘူး” ဟုဖလမ်းမြို့ပေါ်ဘာသာရေးခေါင်းဆောင်တဦးက ပြော သည်။

ဤ ကိစ္စနှင့်ပတ်သက်ပြီး ပူးနိုးထက်ကပ်ကို အင်တာနက်မှတဆင့်မေးမြန်းရာ”ကျတော် ဘုရားသခင် ထံကျေးဇူး တင်စကားပြောသည့်အခါ ဒီအကြောင်းကို ထည့်ပြောတာဖြစ်တယ်။ တရားဟောတဲ့အချိန်မှာ ချင်းကောလိပ် ကျောင်းသူများလည်းပါတယ်ဆိုတော့၊ သူတို ့ကို လူကြီးတချို ့ က ဆက်ဆံပုံဆက်ဆံနည်းကို စိတ်မကောင်း ဖြစ်မိလို ့ ဒီလိုပြောတာပါ ကျတော်တို ့ ပွင့်လင်းတဲ့ ချင်း ယဉ်ကျေးမှုတွေကို ချိုးဖောက်မိမှာစိုးလို ့ပြောတာပါ” ဟုဆိုသည်။

ဤ ကိစ္စကို ၀န်ကြီးဌာနအစည်းအဝေးတွင် တင်ပြရန် စောပါသေးကြောင်းလဲ ၀န်ကြီးကဆိုသည်။

ပူးနိုးထန်ကပ်သည် စစ်တိုင်းကိုင်းဒေသကြီးမှ ချင်းရေးရာဝန်ကြီးတယောက်ဖြစ်သော်လည်းဝန်ကြီးတစ်ယောက် ၏ လုပ်ပိုင် ခွင့် နှင့် ခံစားခွင့်များခုချိန်ထိမရသေးကြောင်းပြီးခဲ့သည့်မေလနောက်ဆုံးပတ်ကလွတ်လပ်တဲ့အာရှ အသံ (RFA) တွင်ပြော ဆိုသွားခဲ့သည်။

သူသည်ဝန်ကြီးတယောက်အနေနဲ့ တိုင်းဒေသကြီး အစိုးရ အစည်းအဝေးမှာ ပါဝင်ခွင့် မရသည့်အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တမူးမြို့နယ်တွင် နေထိုင်ကြတဲ့ ချင်းတိုင်းရင်းသားတွေဆီ အစိုးရတာဝန်နဲ့ သွားရာမှာလည်း ကိုယ်စရိတ် ကိုယ်သုံးနေရသည်ဟုပြောဆိုကြောင်း RFA တွင်ဖော်ပြထားသည်။