မကြာခင်ပြောင်းရွှေ့ရတော့မည်ဟုသတင်းထွက်နေသော ကျိုင်းတုံမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေမောင်းက ဒေသခံ များအား သစ်ပင်မခုတ်ရ တားမြစ်ထားပြီး ၎င်း၏ အိပ်ကပ်ဝင်ငွေအတွက် မီးသွေးဖုတ် ရောင်း၍ သဘာဝပါတ်ဝန်းကျင် ဖျက်ဆီးနေကြောင်း သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ သတင်းရပ်ကွက်က ဆိုပါသည်။
“ သူမပြောင်းခင်အချိန်လေးမှာ ခရက ဥက္ကဌက သူ့ကိုမီးသွေးဖုတ်ရောင်းခွင့်ပေးတာလို့ပြော တယ်။သူသိမ်းယူ ထားတဲ့ ကျိုင်းတုံမြို့တောင်ဖက်က လွယ်ပန်ကွဲ ဒေသခံတွေရဲ့လယ်ယာ ဧက ၁၀၀ ကျော်ဖက်မှာ မီးသွေး ဖုတ်ရုံကြီး ထောင်ပြီး သူ့သား မက်ကို ကိုင်ခိုင်းတယ်။ ရွာသားတွေကိုကျတော့သစ်မခုတ်ဖို့သူကတားထား တယ်။ သူကျတော့ ခုတ်ပြီး မီးသွေးဖုတ် ရောင်းတယ်” ဟု ကျိုင်းတုံ ယန်းလောရွာက ရပ်မိရပ်ဖတဦးကပြော သည်။
တထမ်းတလေသာ ထင်းခုတ်လာသော ဒေသခံများကိုမူ ရုံးသို့ခေါ်ယူကြိမ်းမောင်းခြင်း၊ ဒဏ်ငွေချ ခြင်းပေး မည်ဟု ပြောဆိုခဲ့ကြောင်း၊ အလားတူ လမ်းဘေးရှိ သစ်ပင်ကြီးများတွင်မူ ‘ သစ်ပင်မခုတ်ရ။ ထောင်ဒဏ် ၃ နှစ်’ ဟုလည်းရေးထားကြောင်း ကာလိ- တာချီလိတ် ကုန်ကူးနေသူတဦးကလည်းဤကဲ့သို့ပြောသည်။
“တချို့ဆိုင်းဘုတ်တွေမှာ‘သစ်ပင်မခုတ်ရ’ ရဲ့နောက်မှာ ‘ခွေးနှင့်စစ်သားမပါ’ ဆိုပြီးလှောင်ပြောင် ရေးထားသေး တယ်။ စစ်သားတွေ အာဏာပိုင်တွေ ခုတ်ရင်တော့ ဘယ်သူမှ သူတို့ကိုအရေးမယူနိုင်ဘူး”
မတ်လကလည်း ဝန်ထမ်းအိမ်ရာဆောက်ရန်အတွက် အထက်မှ ကျပ်သိန်း ၁၅၀ ချပေးရာ ဦးရွှေမောင်းက လိုအပ် သည့် ဆောက်လုပ်ရေးပစ္စည်းများကို အရောင်းဆိုင်များ ရွာသားများထံမှ ဆင့်ဆိုကာ အဆိုပါငွေများ မသုံးဘဲ ၎င်း၏အိပ်ကပ်ထဲရောက်သွားကြောင်း အကြောင်းသိသူအုပ်ချုပ်ရေးရုံးဝန်ထမ်းတဦးကလည်း ပြောသည်။
“ အထက်က ကွန်ကရစ်တိုင်၊ အုတ် ၊ အင်္ဂတေတွေနဲ့ အခိုင်အမာဆောက်ခိုင်းတာ။ သူက လိုအပ်တဲ့ သံတွေ သွပ်တွေ ဘိလပ်မြေတွေကို ဆောက်လုပ်ရေးပစ္စည်းရောင်းတဲ့ဆိုင်တွေကို အလကား ပဲတင်းနဲ့ဆင့်ဆိုတယ်။ အုတ်တွေ သဲတွေ သစ်တွေကိုတော့ ရပ်ရွာ ဥက္ကဌတွေကို ဆင့်ဆိုတာ။ အဲ့ပိုက်ဆံတွေ တပြားမှ မသုံးရဘူး။ သူ့အတွက်ချည်းဘဲ ဖြစ်ကုန်တာပေါ့” ဟုလည်း ဆိုပါသည်။
အဆိုပါ သိမ်းယူထားသော လွယ်ပန်ကွဲဖက်က ခြံမြေများတွင်မူ ဦးရွှေမောင်းက လဖက်များ စိုက်ထားကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေမောင်းမှာ အသက် ၅၀ ဝန်းကျင်ရှိပြီး ကျိုင်းတုံမြို့သို့ပြောင်းရွှေ့လာသည်မှာ ၅ နှစ် ခန့်ရှိပြီဖြစ်ကြောင်း၊ မကြာခင်ပြောင်းရွှေ့ရတော့မည်ဖြစ်ပြီး ရေအားလျှပ်စစ်အတွက် ဒေသခံများကုမ္မဏီ များ ထံမှ ကောက်ခံထားသောငွေ ကျပ် သိန်း ရ၀၀ မှာလည်း ၎င်းလက်ထဲရှိနေသည်ဟု လူထုက ယုံကြည် ကြောင်း၊ သို့သော် ယနေ့တိုင် အဆိုပါငွေများအား အခြားသောကော်မ တီဝင် များထံ လွှဲပြောင်း အပ်နှံခြင်း ရှင်းလင်းပြသခြင်းမရှိသေး ကြောင်း ရုံးဝန်ထမ်းတဦးပြောပြချက်အရ သိရသည်။