ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်း ဂျွန် ၉ ရက်နေ့က ကချင်ပြည်လွတ်လပ်ရေးတပ်မ တော် KIA နှင့် မြန်မာ အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားရာ အစိုးရတပ်မှ ဗိုလ်မှူးတစ်ဦးအပါ အဝင် စစ်သည် ၃ ဦးကျ ဆုံးကာ ၆ ဦး ဒဏ်ရာရရှိသွား ကြောင်း မပခ လက်အောက်ခံ မြန်မာစစ်တပ် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ အတည်ပြု ပြောကြားသည်။
မြန်မာစစ်တပ် ခမရ ၄၃၇ က မိုးမောက်မြို့နယ် လွယ်ယိန်းတောင် အခြေစိုက် KIA တပ်ရင်း ၁၅ အား ၎င်းနေ့နံနက် ရ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဘက်တိုက်ပွဲ စတင်ခဲ့ခြင်းဖြစ် သည်။
မြန်မာစစ်တပ်မှ ခမရ ၃၂၀ ခမရ ၄၃၈ နှင့် ခမရ ၃၄၈ တပ်များလည်းပါဝင် တိုက်ခိုက်ခဲ့ပြီး နေ့လည်ပိုင်းတွင် ခတပ်များ စခန်းမှ ဆုတ်ခွာသွားသဖြင့် သေနတ်သံရပ်စဲသွားကြောင်း စစ်တပ်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
အဆိုပါတိုက်ပွဲအတွင်း မြန်မာတပ်မှ ၂ ဦးကျဆုံးကာ ရ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒဏ်ရာရသူများ အား ဗန်းမော်ဆေးရုံသို့ သယ်ဆောင်လာရာလမ်းတစ်ဝက်တွင် တစ်ဦးထပ်မံသေဆုံးသဖြင့် ကျဆုံးသူ ၃ ဦး ရှိကြောင်း သိရသည် ။
မြန်မာစစ်တပ်က KIA ၏တပ်သားတစ်ဦး၊ အလောင်းတစ်လောင်းနှင့် သေနတ်တစ်လက်သိမ်းဆည်း ရမိကြောင်း သိရသည် ။
“၄၃၇ နဲ့ အရင်ဖြစ်တာပေါ့ နောက်မှ တခြားတပ်တွေနဲ့ ဆက်ဖြစ်တာ ကျတဲ့အထဲမှာ ၄၃၇က ဗိုလ်မှူး တစ် ယောက် တပ်ကြပ်ကြီး တစ်ယောက် ဒုတပ်ကြပ်တစ်ယောက် အားလုံး ၃ ယောက် သေတယ် ။ မနေ့က ဒဏ်ရာ ရတဲ့လူတွေ ဗန်းမော်ဆေးရုံကို သယ်လာတယ် လမ်းမှာ တစ်ယောက်ထပ်သေသွားတယ် ” ဟု ပြောသည် ။
တိုက်ပွဲမဖြစ်မီ တစ်ရက်အလို ဇွန်လ ၈ ရက်နေ့က ကေအိုင်အေမှ နယ်ကျွံသွားသော မြန်မာစစ် သည် တစ်ဦး အား ဖမ်းဆီးခဲ့ကြောင်း ထို့နောက် ကျည်ဆံများ သိမ်းဆည်းကာ လူနှင့်သေနတ်ကိုပြန်လွတ်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စ ညှိနှိုင်းရန် မြန်မာ စစ်အရာရှိနှစ်ဦး ကေအိုင်အေ စခန်းသို့ ထပ်မံလိုက်သွားရာ၎င်း အရာရှိနှစ်ဦး အား ကေအိုင် အိုက ဖမ်းဆီးထားပြီး ပြန်လည်လွတ်ပေးခြင်း မရှိသဖြင့်တိုက်ပွဲဖြစ် ပွားရကြောင်း သိရသည်။
“ဗိုလ်ကြီးအဆင့်ပေါ့ အရာရှိနှစ်ယောက်ကို ကေအိုင်အေက ဖမ်းထားတာ ဒီနေ့အထိပြန်မလွတ်ဘူးသေလား ရှင်လား မသိ ရဘူး ” ဟု ဆိုသည်။
လွန်ခဲ့သည့်လ ၁၈ ရက်နေ့က အဆိုပါဒေသအတွင်း ကေအိုင်အေနှင့် မြန်မာစစ်တပ်တို့ နှစ်ဘက် အပြန်အလှန် ပစ်ခတ် ခဲ့ရာ နှစ်ဘက်စစ်ရေးတင်းမာမှု ရေချိန်မြှင့်တက်နေခြင်း ဖြစ်သည်။
ယခုအခါ တိုက်ပွဲဖြစ်ပွားရာ နယ်မြေအတွင်းသို့ မြန်မာစစ်တပ်များ အင်အားဖြည့်တင်းနေပြီး KIO ဘက်မှ လည်း အင်အား ထပ်မံဖြည့်တင်းထားကြောင်း KIO သတင်းရပ်ကွက်မှ တဆင့်သိရ သည်။