တာ့ဆန်းရေကာတာ ဆောက်လုပ်ရေး စီမံကိန်းမှ တရုတ်အင်္ဂျင်နီယာ ၃ ဦးနှင့် ဘာသာပြန်တစ်ဦး ပျောက်ဆုံး နေမှုသည် တရုတ်-မြန်မာဆက်ဆံ ရေးကို ထိခိုက်နိုင်မည် မဟုတ်ကြောင်း မြန်မာ့ စစ်ရေးနိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇော ကပြောပါသည်။
“တရုတ်က မြန်မာပြည်ကနေ လိုချင်တာ များတယ်။ မြန်မာကနေ သွယ်ယူမဲ့ ဂက်စ်ပိုက်လိုင်း၊ ရေနံပိုက်လိုင်း တို့က တရုတ်ပြည်အတွက် အင်မတန် အရေးကြီးတယ်။ အဲဒီ တရုတ် ၄ ယောက် ကိစ္စနဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားနိုင်တဲ့ အလားအလာ မရှိဘူး” ဟု သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။
ထို့အပြင် တရုတ်က မြန်မာပြည် အနောက်ဘက်ခြမ်း တရုတ်ရေတပ် လှုပ်ရှားနိုင်ရန်၊ ရေနံတင်သင်္ဘော လုံခြုံရေးအ တွက် မြန်မာပိုင် ဘင်္ဂလားပင်လယ်အော်၌ blue water navy တည်ဆောက်နိုင်အောင်အိန္ဒိယ သမုဒ္ဒရာ၌ အခြေချနိုင် ရန် ကြိုးပမ်းနေသည့်အတွက် မြန်မာပြည်နှင့် ဆက်ဆံရေးကိုဖြတ်တောက် မည် မဟုတ်ကြောင်း ၎င်းကဆက်ပြောပါ သည်။
တရုတ် ၄ ဦး ပျောက်ဆုံးနေမှုသည် အင်မတန် ပြဿနာများပြီး ရှုပ်ထွေးကြောင်း ဦးအောင်ကျော်ဇော က ဤကဲ့သို့ ဆက်ပြောပါသည်။
“ဒေသရဲ့ အခြေအနေက အလွန်ရှုပ်ထွေးတယ်။ လက်နက်ကိုင်အဖွဲ့လဲ များတယ်။ တာ့ဆန်းရေကာတာ ဆောက်လုပ် တာ လိုလားတဲ့သူများတဲ့ project မဟုတ်ဘူး။ ရန်သူများတဲ့ project ဖြစ်တယ်။ ဒေသခံလူထု အများကြီး ကန့်ကွက် တယ်။ ဒေသခံ ပြည်သူ့စစ်၊ သကဆဖတွေဘဲ လုပ်သလား ခန့်မှန်းလို့တော့ မရဘူး”
တာ့ဆန်းရေကာတာ ဆောက်လုပ်သည့် သံလွင်မြစ်တဝိုက်တွင် အစိုးရလက်အောက်ခံ ပြည်သူ့စစ် ၃-၄ ဖွဲ့၊ ပြည်သူ့ စစ် အသွင်ပြောင်း SSA မြောက်ပိုင်း (တပ်မဟာ ရ) နှင့် SSA တောင်ပိုင်း၏ တပ်မဟာ ရ၂၇ လက်အောက်ခံတပ် တို့ လည်း လှုပ်ရှားသည်ဟု ဦးအောင်ကျော်ဇော က ပြောပါသည်။
“စဝ်ပန်ဖှရဲ့ SSA မြောက်ပိုင်းကော ဗိုလ်ချုပ်ယွက်စစ်ရဲ့ SSA တောင်ပိုင်းကော ပါဝင်ပတ်သက်မှု မရှိဘူးလို့ မေးမြန်းသိရှိ လို့ ရတာပေါ့ဗျာ။ တရုတ်တွေက သူတို့ဖြေရှင်းလို့ မရတော့မှ ဘေဂျင်းကို လှမ်းပြော၊ ဘေဂျင်းက နေပြည်တော်ကို ပြောမှ အောက်ခြေတိုင်းမှူး၊ ဗျူဟာမှူးတို့ သိရတာဆိုတော့ အစိုးရလဲ မပါဘူးလို့ ယူဆနိုင်တယ်။ ဘယ်သူ့ရဲ့ လက်ချက် ဆိုတာ ခန့်မှန်းလို့ မရဘူး” ဟု ဦးအောင်ကျော်ဇော က ပြောပါသည်။
ထိုတရုတ်အဂျင်္င်နီယာ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ စဝ်ယွတ်စစ် ဦးဆောင်သော သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)ထံသို့ တရုတ်ကုမ္ပဏီက ပျောက်ဆုံးနေသူများအား ကူညီရှာဖွေပေးရန် ဆက်သွယ်လာကြောင်း၊ SSA က ကူညီရှာဖွေစဉ် မြန်မာစစ်တပ်နှင့် ထိတိုက်တွေ့ပြီး တိုက်ပွဲဖြစ်လျှင် ထို အဂျင်္င်နီယာများအား အန္တရာယ်ဖြစ်မည် စိုးသောကြောင့် မြန်မာစစ်တပ်အား စစ်ကြောင်းလှည့်ခြင်း မပြုဖို့ အကြောင်းကြားထားရန် RCSS/SSA က တရုတ် ကုမ္ပဏီထံ ပြောဆိုထားကြောင်း သိရပါသည်။
ဘာသာပြန်တစ်ဦး အပါအဝင် တရုတ်အဂျင်္င်နီယာ ၃ ဦးသည် မေလ ၉ ရက်နေ့ စက်လှေတစီးနှင့် သံလွင် မြစ်ညာသို့ ဆန်တက်သွားစဉ် ယနေ့အထိ ပျောက်ဆုံးနေခြင်းဖြစ်သည်။
အရှေ့တောင်အာရှ၌ အကြီးဆုံး တာ့ဆန်းရေကာတာ ဆောက်လုပ်ရေး စီမံကိန်းကို သျှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့ နယ် တာ့ဆာလားရွာအထက် တန့်ပါလောင်း၌ တရုတ်မှ Three Gorges Group Corporation နှင့် ထိုင်းမှ (EGAT) Electricity Generation Authority of Thailand ကုမ္ပဏီတို့ပူးပေါင်းဆောက် လုပ်ရန် ပြင်ဆင်လျက်ရှိသည်။