ချင်းပြည်နယ်အစိုးရသစ်တက်လာပြီးနောက်ပိုင်း မြို့တော် ဟားခါးတွင် ယခင်ကထက် လျှပ်စစ်မီး အခြေအနေ ပိုစိုးနေကြောင်းချင်းပြည်နယ် အဲန်အယ်ဒီ ဥက္ကဌ ဦးဗန်လျံကပြောသည်။
ယခုလက်ရှိ ဟားခါးမြို့တွင် လျှပ်စစ်မီးကို ၂ ရက်ခြားဖြင့် တနေ့ ၃ နာရီခန့် ပေးလျက်ရှိပြီး ၀န်ကြီးရုံးအနီး ပတ်ဝန်းကျင် တွင်နေထိုင်ကြသော မြို့ခံများ၏ လျှပ်စစ်မီးသည် မီးအားအလွန်အားနည်းပြီးဖယောင်းတိုင် မီးကဲ့သို့ဖြစ်နေသည်ဟု ဦးဗန်လျံ ကပြောသည်။
"၀န်ကြီးတွေကို အထူးလိုင်းတွေဆိုပြီး Transformer ကနေပြီးတိုက်ရိုက်ဆွဲပေးတဲ့အခါကျတော့ဝန်ကြီး ကွာတား အနီးနား မှာရှိတဲ့ အိမ်ခြေတွေကတော့ ဖယောင်းတိုင်မီးလောက်တောင်မီးမလင်းတော့ဘူးပိုပြီး လို့တောင် အရင်ထက်ကို စိုးဝါးနေ တယ်’’ဟု ဦးဗန်လျံကပြောသည်။
လျှပ်စစ်မီးပုံမှန်ရရှိခြင်းမရှိကြသော်လည်း မီတာဘေါက် ထိန်းသိမ်းခဆိုပြီး လစဉ်တစ်ထောင်စီပေးဆောင် နေကြောင်း သူ ကဆက်ပြောသည်။
‘’ မီးခကတော့သိပ်မကုန်ဘူး၊ ကျနော့်အိမ်ဆိုရင် တလ ၃၀၀ လောက်ဘဲ၊ မီတာ ထိန်းသိမ်းခက တလ ၁၀၀၀ စီပေးရတယ်၊ မီးခထက် မီတာထိန််းသိမ်းခကပိုများတာပေါ့’’ဟု ဦးဗန်လျံကပြောသည်။
၀န်ကြီးချူပ် ဦးဟုန်းငိုင်း ဦးဆောင်သည့် အစိုးရသစ်တက်လာပြီးနောက် ဟားခါးမြို့တွင်လျှပ်စစ်မီးအခြေ အနေပိုမိုကောင်း လားဖွယ်ရှိသည်ဟု မျှော်လင့်ခဲ့ကြသော်လည်းပိုစိုးသည့်အခြေအနေနဲ့ကြံုတွေ့နေကြရ သောကြောင့် ဟားခါးဒေသခံ များစိတ်ပျက်နေ ကြသည်ဟုသိရသည်။