အမည်မသိအဖွဲ့တစ်ခုမှ ၀င်ရောက်ပစ်ခတ် ဗုံးဖေါက်ခွဲမှုကြောင့် ခလေးငယ် တစ်ဦးသေဆုံး (၃) ဦးဒဏ်ရာရ

အမည်မသိအဖွဲ့တစ်ခုမှ ၀င်ရောက်ပစ်ခတ် ဗုံးဖေါက်ခွဲမှုကြောင့် ခလေးငယ် တစ်ဦးသေဆုံး (၃) ဦးဒဏ်ရာရ
by -
ဆူးပန်း

ထိုင်းမြန်မာနယ်စပ်ဘုရားသုံးဆူမြို့အတွင်း စရဖရုံးနှင့် မြို့လည်ဓမ္မရုံကို ဇွန်လ (၅) ရက်နေ့(၄) နာရီ အချိန်တွင်အမည်မသိလက်နက်ကိုင် တစ်ဖွဲ့တစ်ခုမှ လက်နက်ငယ် ဗုံးများနှင့်ဝင် ရောက်ပစ်ဖေါက်ခဲ့သည်ဟု ဒေသခံများမှပြောပါ သည်။

ထိုင်းမြန်မာနယ်စပ်ဘုရားသုံးဆူမြို့အတွင်း စရဖရုံးနှင့် မြို့လည်ဓမ္မရုံကို ဇွန်လ(၅)ရက်နေ့(၄)နာရီ အချိန်တွင် အမည်မသိလက်နက်ကိုင်တစ်ဖွဲ့တစ်ခုမှ လက်နက်ငယ် ဗုံးများနှင့်ဝင်ရောက်ပစ်ဖေါက်ခဲ့သည်ဟု ဒေသခံများမှပြောပါသည်။  ယခုလိုဝင်ရောက်ပစ်ဖေါက်ခဲ့သည့်အတွက် ထိခိုက်မှုများပြားနေသည်ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးမှ ယခုလိုပြောပါသည်။

“ခလေးငယ်မိန်းခလေးတစ်ယောက်သေသွားတယ်။ (၁၀)နှစ်အရွယ်ဘဲရှိသေးတယ်။ သူကမဲကသာရွာ ကနေ အလှလာပြင်တယ်။ ရှင်းရှင်းအလှပြင်ဆိုင်မှာ။ သူဆိုင်ကယ်ထွက်ငှါးတဲ့အချိန်မှာ ဟိုကလဲ ခြောက်လှန့် ပြီးပစ်လိုက်တာ မျက်နှာမှာထိသွားတယ်။ ဆေးရုံပို့တယ်ဆုံးသွားတယ်။ နောက်တော့စရဖက ဆရာကြီး ကျော်ကျော်အောင်က မိုင်းထိတယ်။ လက်ပြတ်သွားတယ်။ တစ်ကိုယ်လုံးဒဏ်ရာ အပြင်းအထန်ရသွားတယ်။ မွန်ပြည်သစ်ပါတီကဂိတ်မှူးနိုင်ဆံရှည်လေ အဲဒီမှာ ရှိနေရင်းကလက်နက်ငယ်ရှပ်ထိသွားတယ်။ သူက ကြံတောရွာက ဂိတ်မှူးလေ။ နောက်တစ်ယောက်က ဆိုင်ကယ်သမား ဆေးရုံရောက်နေတယ်။”

လက်နက်ကြီးထိမှန်ခဲ့သော စရဖတပ်ကြပ်ကျော်ကျော်အောင်မှာ ဒဏ်ရာပြင်းထန်သောကြောင့်ညနေပိုင်းတွင်
သေဆုံးသွားသည်ဟု ၄င်းနှင့်နီးစပ်သူတစ်ဦးမှပြောသည်။ ၀င်ရောက်ပစ်ခတ်သည့်အဖွဲ့သည်မျက်နှာဖုံးစွပ် နှင့်ဝင်ရောက် ပစ်ခတ် သွားသည်ဟု ဘုရားသုံးဆူမြို့ခံ တစ်ဦးက ပြောပါသည်။

“ပထမစစဝင်ချင်းက သူတို့သေနတ်ကလေးနဲ့အရင်ပစ်တယ်။ အဲဒီမှာရှိတဲ့သူတွေပြေး ပြေးတဲ့အချိန် မှာမိုင်းထဲ့ သွားတယ်။ စရဖရုံးမှာတစ်လုံး မြို့လည်ဓမ္မာရုံမှာတစ်လုံး။ ဗုံးနဲ့ခွဲသွားတယ်။သေနတ်နဲ့လဲ ပစ်တယ်။ ဗုံးနဲ့လဲခွဲသွားတယ်။ ကျွန်တော်ခုနကသူအော်တဲ့အသံကြားတော့ ကရင်အသံဘဲ။ အရပ်ဝတ်နဲ့။ မျက်နှာကို ခေါင်းစွပ်စွတ် ထားတယ်။”

ဘုရားသုံးဆူမြို့တွင်းကို ၀င်ရောက်ပစ်ခတ်ခဲ့သည့်အဖွဲ့တွေသည် မြို့လယ်ဓမ္မာရုံတွင် ဗုံးတွေထောင်ထားခဲ့ပြီး ကားတစ်စီးကိုအတင်းချောဆွဲယူကာ တောင်ဝိုင်းဘက်ကိုပြန်လည်ထွက်ခွါသွားသည်ဟုမျက်မြင်ဒေသခံ တစ်ဦး က ပြော ပါသည်။

မြို့တွင်းကိုဝင်ရောက်ပစ်ခတ်သည့်အဖွဲ့က မြို့အပြင်ဘက်ကိုထွက်ခွါသွားသည့်အချိန်အထိ နယ်မြေခံ စစ်တပ် ကနေလိုက်လံတားဆီးမှုမရှိကြောင်း ဘုရားသုံးဆူမြို့ခံများမှပြောသည်။ဗုံးဖေါက်ခွဲခံရသည့်နေရာ များကို မြို့ခံရပ်မိ ရပ်ဖတွေနဲ့ သံဃာတော်တွေကသာရှင်းလင်းနေပြီး ထိခိုက်ဒဏ်ရာရသည့်သူများကို မြို့နယ် ဆေးရုံသို့ပို့ပေးခဲ့သည်ဟု မြို့ခံတစ်ဦးမှပြောပါသည်။

ပြီးခဲ့သည့် (၂၀၁၀) ခုနှစ် သြဂုတ်လ(၂၅)ရက်မှာ ဘုရားသုံးဆူမြို့ပေါ်တွင် ပိုင်ရှင်မဲ့ဗုံးတစ်လုံးကိုမြန်မာ စစ်တပ်ကနေ ရှာဖွေသိမ်းဆည်းနေစဉ်အတွင်းပေါက်ကွဲခဲ့ပြိးစစ်တပ်အရာရှိနှစ်ဦးအပါအဝင်ဒီကေဘီအေ အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။  သြဂုတ်လ(၁၄)ရက်နေ့တွင်လည်းဘုရားသုံးဆူမြို့အထွက် နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပါွးခဲ့သော်လည်း တစ်ဦးတစ်ယောက်မှထိခိုက်မှုမရှိခဲ့ဟု ဒေသခံတွေက ပြောပါ သည်။

ဘုရားသုံးဆူဒေသတွင် ဗုံးဖေါက်ခွဲမှုများမကြာခနဆိုသလိုဖြစ်ပွါးနေသော်လည်း လက်သည်တရားခံကိုမူ ဖေါ်ထုတ် ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပေ။

ဘုရားသုံးဆူဒေသတွင် လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်သည့် ကေအာန်ယူခေါ်ကရင်အမျိုးသားအစည်းအရုံး၊ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိုလက်မခံသည့် ဒီကေဘီအေတပ်ဖွဲ့၊ မွန်ပြည်သစ်ပါတီ စစ်တပ်တို့ လှုပ်ရှားနေသည့် ဒေသတစ်ခုဖြစ်ပါသည်။

Most read this week