ချင်းပြည်နယ်တွင်အခြေစိုက်နေကြသော နအဖ စစ်သား များက ဒေသခံရွာသားများအား အတင်း အဓမ္မပေါ် တာထမ်းခိုင်းမှုဆက်လက်ပြုလုပ်နေသေး ကြောင်းစုံစမ်းသိရှိရသည်။
ချင်းပြည်နယ်အထက်ပိုင်း ထန်တလန်မြို့နယ် လုံလဲရ်တပ်စခန်းအခြေစိုက် ခလရ (၂၆၉)စစ်သားများသည် နယ်လှည့်ခရီး ထွက်ရာ တွင် ၄င်းတို့၏အသုံးဆောင်ပစ္စည်းများသယ်ဆောင်ရန်ရွာသားများအားအသုံးပြု လျက်ရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။
ပြီးခဲ့သည့်မေလနောက်ဆုံးပတ်က ဖလမ်းမြို့နယ် Thip cang ကျေးရွာမှရွာသား ၄ ဦးကို ပေါ်တာထမ်းရန် ခေါ်ဆောင် သွားခဲ့ကြောင်းသိရသည်။
‘’ စစ်သားတွေက နယ်လှည့်ပြီး သူတို့တပ်စခန်းအခြေစိုက်တဲ့ လုံလဲရ်ကျေးရွာကိုအပြန်မှာ Thip cang က ရွားသား ၄ ယောက်ကို ပေါ်တာထမ်းဖို့ခေါ်သွားတယ်၊ သူတို့က ထန်တလန်မြို့နယ် Thingbualကျေးရွာ အထိ သယ်ပေးပြီးပြန်လှည့်လာကြတယ်၊ Thingbual ရွာသားတွေက လုံလဲရ်ရွာအထိ ပြန်ပြီးသယ်ပေး ကြတယ်’’ ဟုဒေသခံတဦးကပြောသည်။
ပေါ်တာထမ်းသူများ၏ပြောပြချက်အရ ၄င်းတို့ထမ်းခဲ့သော ပစ္စည်းမှာအလွန်လေးသောကြောင့် ကျည်ဆံ ထောင့်များဖြစ်နိုင်ကြောင်း ပြန်လည်ပြောပြကြသည်ဟု သူကဆက်ပြောသည်။
ယခုလက်ရှိ ချင်းပြည်နယ်တွင် ယခင်နှစ်များကဲ့သို့အစုလိုက်အပြံုလိုက်ပေါ်တာထမ်းခိုင်းခြင်းများမရှိ သော်လည်း ရွာသား နှစ်ဦးမှသုံးဦးကို လမ်းပြအဖြစ်ဟုဆိုကာခေါ်ဆောင်မှုများတော့ရှိနေသေးကြောင်း ဒေသခံများကပြောသည်။
သို့သော်လည်း အမေရိကန်အခြေစိုက် Physicians for Human Rights (PHR) အဖွဲ့၏ ၂ဝ၁၁ ဇန်နဝါရီထုတ် လူ့အခွင့် အရေးအစီရင်ခံ စာတွင် ချင်းပြည်နယ်အတွင်း ချင်းလူထု ၉၀ ရာခိုနှုန်းခိုင်းကျော်ခန့်ဟာအမျိူးမျိူး သော လူ့အခွင့်အရေး ချိူးဖောက်မှုများ ခံနေရကြသည်ဟုဖော်ပြထားသည်။
မေလ ၁၈ ရက်နေ့ကလည်း ရန်ကုန်ရှိ ILO ဌာနကိုယ်စားလှယ် စတိဗ်မာရှယ်လ်နှင့်အတူမြန်မာနိုင်ငံအလုပ် သမားဦးစီး ဌါန ညွန်ကြားရေးမှူးချူပ် တို့ သည် တရက်ကြာခရီးစဉ်အဖြင့် ဟားခါးမြို့သို့ရောက်ရှိလာကာ ပြည်နယ်ဝန်ကြီးချူပ် အစည်းအဝေးခန်းမဆောင်တွင် ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်များ အားအဓမ္မလုပ် အားပေး ခိုင်းစေမှုဆိုင်ရာနှင့် ပတ်သက်ပြီး ပညာပေးဆွေးနွေးခဲ့ကြောင်း ဟားခါးမြို့ခံတဦးကပြောသည်။