စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ပထမဆုံး နယ်လှည့်ခရီးစဉ်တွင်ချင်းကျေးရွာတွေကို ဦးစားပေး

စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ပထမဆုံး နယ်လှည့်ခရီးစဉ်တွင်ချင်းကျေးရွာတွေကို ဦးစားပေး
by -
ခိုနူမ်ထုန် သတင်းဌာန

စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် သာအေးသည် ပထမဆုံးအကြိမ်နယ်လှည့်ခရီးစဉ်တွင်ချင်းကျေးရွာ များကိုဦးစား ပေးခဲ့ကြောင်းဒေသခံများကပြော သည်။

၀န်ကြီးချုပ်နှင့် အဖွဲ့သည် ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်းကလေးမြို့နယ် သံဘိုကျေးရွာသို့ ရောက်ရှိ လာပြီး လူထုစုဝေးပွဲပြုလုပ်ခဲ့သည်ဟုသိရသည်။

“ တအိမ်တယောက်စီ တက်ကြတယ်၊ ၀န်ကြီးချုပ်က ကျောင်းသား ၂၀ မှာကျောင်းဆရာတဦးထားရှိပေးမည်၊ ရထားတွဲထပ်တွေထပ်လုပ်ပေးမည်လို့ပြောသွားတယ်” ဟု စုဝေးပွဲတက်ရောက်သူ ဒေသခံတဦးကပြော သည်။

ထို့နောက် မွန်းလွဲပိုင်းတစ်နာခန့်တွင် ရွာမှ ထွက်ခွါပြီးမဏိပူရ်ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော် မှု ကိုသွားရောက်စစ်ဆေးခဲ့ကြောင်း ထပ်မံသိရသည်။

ထို့အပြင် ၀န်ကြိးချုပ်သည် ကလေးမြို့နယ် ချင်းလူမျိူးအများစုနေထိုင်ကြသောမွန်လိုင်အစိုးရမူလတန်း ကျောင်း အတွက် သိန်း နှစ်ရာ လှူခဲ့ကြောင်း သတင်းရရှိသည်။

“ကျောင်းဆောက်လုပ်ခက ကျပ်ငွေ သိန်း သုံးရာငါးဆယ် ကုန်ကျမည်၊ ကျန်သည့်ကျပ်ငွေ သိန်းတရာငါ့ဆယ် ကို ဒေသခံတွေက  ကျခံဖို့ မှာထားတယ်” ဟု ဒေသခံကပြောသည်။

၀န်ကြိးချုပ် ဧည့်ခံစရိတ်အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံများအားတအိမ်တထောင်စီကောက်ခံ ကြောင်း သိရသည်။

Most read this week